သံဃာအပါး(၃၀၀၀၀)ဆြမ္းေလာင္းပြဲကို (ဂရင္းနစ္)ကမာၻ႔စံခ်ိန္၀င္ေအာင္ ျပဳလုပ္သြားမယ္

မႏၲေလး၊ ႏို၀င္ဘာ ၁၉-၂၀၁၉
ဟိန္းကို(VOM)
Video News

မႏၲေလးၿမိဳ႕မွာ က်င္းပျပဳလုပ္မယ့္ ျမန္မာ-ထိုင္းခ်စ္ၾကည္ေရး သံဃာအပါး(၃၀၀၀၀)ဆြမ္းဆန္စိမ္းေလာင္းလႉပူေဇာ္ပြဲကို (ဂရင္းနစ္)ကမာၻ႔စံခ်ိန္၀င္ေအာင္ ျပဳလုပ္သြားမယ္လို႔ ဒီကေန႔ေန႔လည္ပိုင္းက ပြဲေတာ္က်င္းပေရးေကာ္မတီက သတင္းမီဒီယာမ်ားနဲ႔ ေတြ႕ဆုံမႈမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ထိုင္းႏိုင္ငံက ပညာရွင္ေတြလာေရာက္ၿပီး ပြဲေတာ္ျဖစ္ေျမာက္ေရးေကာ္မတီနဲ႔ ပူးေပါင္းကာ သံဃာအပါး(၃၀၀၀၀)ဆြမ္းေလာင္းလႉမႈ ပုံရိပ္ေတြကို ကမာၻ႔အႏွံ႔အျပားကသိရွိၿပီး (ဂရင္းနစ္)ကမာၻ႔စံခ်ိန္၀င္ေအာင္လုပ္ေဆာင္သြားမယ္လို႔သိရပါတယ္။

သံဃာအပါး(၃၀၀၀၀)ဆြမ္းဆန္စိမ္းေလာင္းလႉပူေဇာ္ပြဲ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ဦးေဆာင္ျပဳလုပ္တာျဖစ္ၿပီး ဒီဇင္ဘာ ၈ရက္ေန႔ နံနက္၆နာရီတိတိမွာ မႏၲေလးၿမိဳ႕ ၊ ခ်မ္းျမသာစည္၊ေလယာဥ္ကြင္း(အေဟာင္း)မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။

မႏၲေလးၿမိဳ႕က သံဃာေတာ္ေတြအပါအ၀င္ ထိုင္းႏိုင္ငံကႂကြလာမယ့္ သံဃာေတာ္ေတြကိုပါ ဆြမ္းဆန္စိမ္းေလာင္းလႉၾကရမွာျဖစ္ၿပီး ျမန္မာႏိုင္ငံအႏွံ႔က အလႉရွင္မ်ားကလည္း ဆြမ္းဆန္စိမ္းအျပင္ သံဃာအသုံးအေဆာင္ပစၥည္းမ်ား တာရွည္ခံစားေသာက္ကုန္ေတြကို ပါ၀င္လႉဒါန္းသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #မႏၲေလး #သံဃာအပါး(၃၀၀၀၀) #ဂရင္းနစ္

Unicode

သံဃာအပါး(၃၀၀၀၀)ဆွမ်းလောင်းပွဲကို (ဂရင်းနစ်)ကမ္ဘာ့စံချိန်ဝင်အောင် ပြုလုပ်သွားမယ်

မန္တလေး၊ နိုဝင်ဘာ ၁၉-၂၀၁၉
ဟိန်းကို(VOM)
Video News

မန္တလေးမြို့မှာ ကျင်းပပြုလုပ်မယ့် မြန်မာ-ထိုင်းချစ်ကြည်ရေး သံဃာအပါး(၃၀၀၀၀)ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို (ဂရင်းနစ်)ကမ္ဘာ့စံချိန်ဝင်အောင် ပြုလုပ်သွားမယ်လို့ ဒီကနေ့နေ့လည်ပိုင်းက ပွဲတော်ကျင်းပရေးကော်မတီက သတင်းမီဒီယာများနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ပညာရှင်တွေလာရောက်ပြီး ပွဲတော်ဖြစ်မြောက်ရေးကော်မတီနဲ့ ပူးပေါင်းကာ သံဃာအပါး(၃၀၀၀၀)ဆွမ်းလောင်းလှူမှု ပုံရိပ်တွေကို ကမ္ဘာ့အနှံ့အပြားကသိရှိပြီး (ဂရင်းနစ်)ကမ္ဘာ့စံချိန်ဝင်အောင်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

သံဃာအပါး(၃၀၀၀၀)ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ဒီဇင်ဘာ ၈ရက်နေ့ နံနက်၆နာရီတိတိမှာ မန္တလေးမြို့ ၊ ချမ်းမြသာစည်၊လေယာဉ်ကွင်း(အဟောင်း)မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

မန္တလေးမြို့က သံဃာတော်တွေအပါအဝင် ထိုင်းနိုင်ငံကကြွလာမယ့် သံဃာတော်တွေကိုပါ ဆွမ်းဆန်စိမ်းလောင်းလှူကြရမှာဖြစ်ပြီး မြန်မာနိုင်ငံအနှံ့က အလှူရှင်များကလည်း ဆွမ်းဆန်စိမ်းအပြင် သံဃာအသုံးအဆောင်ပစ္စည်းများ တာရှည်ခံစားသောက်ကုန်တွေကို ပါဝင်လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #မန္တလေး #သံဃာအပါး(၃၀၀၀၀) #ဂရင်းနစ်

Related posts

Leave a Comment

VOM News

FREE
VIEW