ျပည္ၿမိဳ႕မွာ အထူးေစာင့္ေရွာက္မႈလိုအပ္တဲ့(ေအာ္တစ္ဇင္)သင္တန္းေက်ာင္း ေရရွည္ရပ္တည္ႏိုင္ဖို႔ အစိုးရအကူအညီလိုအပ္

ျပည္၊ ႏို၀င္ဘာ ၁၉ -၂၀၁၉
ဂ်န္ကိုးလ္(VOM)

ပဲခူးတိုင္းေဒသႀကီး ျပည္ၿမိဳ႕မွာ အထူးေစာင့္ေရွာက္မႈလိုအပ္ေနေသာ ကေလးေတြအတြက္ဖြင့္ထားတဲ့ (ေအာ္တစ္ဇင္)သင္တန္းေက်ာင္းဟာ ေျမေနရာနဲ႔ အေဆာက္အဦးမရွိဘဲ ရန္ပုံေငြနည္းပါးမႈေတြေၾကာင့္ ေရရွည္ရပ္တည္ဖို႔ ခက္ခဲေနၿပီး အစိုးရရဲ႕အကူအညီလိုအပ္တယ္လို႔ ေက်ာင္းတာ၀န္ရွိသူေတြထံကေန သိရပါတယ္။

အဲဒီေက်ာင္းမွာ ျပည္ၿမိဳ႕နဲ႔အနီးတစ္ဝိုက္က ေအာ္တစ္ဇင္ကေလးငယ္ေတြရဲ႕ ဘဝေတြကို ျမႇင့္တင္ေပးႏိုင္ၿပီး မိဘအေပၚ အမွီအခိုနည္းကာ မိမိပတ္ဝန္းက်င္မွာ ရပ္တည္လာႏိုင္ဘို႔ ရည္႐ြယ္ကာ ဖြင့္လွစ္ခဲ့တဲ့ေက်ာင္းျဖစ္ပါတယ္။သင္တန္းေက်ာင္းမွာ အခုဆိုရင္တစ္ႏွစ္စြန္းစြန္းကာလအတြင္း ကေလးေတြရဲ႕ အရည္အေသြး ဖြံ႕ၿဖိဳးတိုးတက္လာေသာ္လည္း ေရရွည္ဆက္လက္ရပ္တည္ရန္ မလြယ္ေတာ့ဘူးလို႔သိရပါတယ္။

“ႏိုင္ငံေတာ္အစိုးရဘက္က က်ေနာ္တို႔ကို ကူညီတာဆိုလို႔ ေဖာင္ေဒးရွင္းဖြဲ႕ခြင့္ဆိုတာေလးတစ္ခုပဲလို႔ ေျပာရမလိုဘဲ က်ေနာ္တို႔စရိတ္ေတြနဲ႔ပဲ သြားေနၾကရတာ လူကယ္ျပန္ကလည္း သတင္းအခ်က္အလက္ ေလာက္ပဲ ပံ့ပိုးႏိုင္တဲ့အေနအထားမွာရွိပါတယ္ က်ေနာ္တို႔ကို ျဖစ္ႏိုင္ရင္ေတာ့ ေျမေနရာသီးသန္႔ေလး အေဆာက္အဦးေလး သီးသန္႔ေလးေပးမယ္ဆိုရင္ ဆက္လက္ၿပီး ရွင္သန္ႏိုင္မွာပါ အခုေတာ့ လုံးပါးပါးလာပါၿပီ”လို႔ ေက်ာင္းတာဝန္ခံ ေခတၱရာေျမေဖာင္ေဒးရွင္းရဲ႕ အတြင္းေရးမႉး ဦးေသာင္းေအးကေျပာျပပါတယ္

ဒီသင္တန္းေက်ာင္းမွာ ကေလး မိဘမ်ားရဲ႕အလႉထည့္ဝင္ေငြ ဂီတပြဲလုပ္ကာ ရွာထားတဲ့ရန္ပုံေငြနဲ႔ new life foundation၊ ေခတၱရာ ေျမေဖာင္ေဒးရွင္း တို႔က စုေပါင္းကာ ေျမေနရာ ငွားရမ္းဖြင့္လွစ္ေနရျခင္း ျဖစ္တယ္လို႔သိရပါတယ္။

“ဒီေက်ာင္းေလးစဖြင့္တာ တစ္ႏွစ္ျပည့္ခဲ့ၿပီး၊ ကေလးေတြရဲ႕ တိုးတက္မႈက အရမ္းတိုးတက္လာတဲ့ဟာက အရမ္းေကာင္းတယ္ သာမန္ကေလးေတြနဲ႔ေတာ့တိုးတက္မႈ႕မတူဘူးေပါ့၊ က်ေနာ့္ကေလးဆိုရင္ အရင္က ထမင္းကိုယ့္ဟာကိုယ္ မစားတတ္ဘူး၊ အခုထမင္းကိုယ့္ဟာကိုယ္စားတတ္လာတယ္။ ပန္ကန္ေဆး တတ္လာတယ္။ ကိုယ္တိုင္လုပ္ေဆာင္ရမွာေတြ သိလာတယ္ ေက်ာင္းမွာ သူငယ္ခ်င္းေတြနဲ႔ ပိုေပ်ာ္လာတယ္ သင္ယူမႈေတြ အားေကာင္းလာတယ္ဒါေၾကာင့္ ဒီေက်ာင္းေလးဟာ အထူးေစာင့္ေရွာက္မႈလိုအပ္တဲ့ ကေလးေတြအတြက္ မရွိမျဖစ္ လိုအပ္တဲ့ေက်ာင္းေလးျဖစ္တယ္”ဟု ကေလးမိဘတစ္ဦးျဖစ္သူ ဦးျမင့္ထြန္းေအာင္က ေျပာပါတယ္

အထူးေစာင့္ေရွာက္မႈလိုအပ္တဲ့ ေအာ္တစ္ဇင္ကေလးငယ္ေတြကို ေလ့က်င့္သင္ၾကားေရးေက်ာင္းအတြက္ new life foundation၊ ေခတၱရာ ေျမေဖာင္ေဒးရွင္း တို႔ကပူးေပါင္းကာ ၂၀၁၈ ခုႏွစ္ကစတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး ျပည္ေဒသတစ္ဝိုက္က ေအာ္တစ္ဇင္ကေလးငယ္ ၃၀ ခန္႔ကို ေလက်င့္သင္ၾကားေပးေနတယ္လို႔သိရပါတယ္။

#voiceofmyanmar #ျပည္ #ေအာ္တစ္ဇင္ကေလး

Unicode

ပြည်မြို့မှာ အထူးစောင့်ရှောက်မှုလိုအပ်တဲ့(အော်တစ်ဇင်)သင်တန်းကျောင်း ရေရှည်ရပ်တည်နိုင်ဖို့ အစိုးရအကူအညီလိုအပ်

ပြည်၊ နိုဝင်ဘာ ၁၉ -၂၀၁၉
ဂျန်ကိုးလ်(VOM)

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ အထူးစောင့်ရှောက်မှုလိုအပ်နေသော ကလေးတွေအတွက်ဖွင့်ထားတဲ့ (အော်တစ်ဇင်)သင်တန်းကျောင်းဟာ မြေနေရာနဲ့ အဆောက်အဦးမရှိဘဲ ရန်ပုံငွေနည်းပါးမှုတွေကြောင့် ရေရှည်ရပ်တည်ဖို့ ခက်ခဲနေပြီး အစိုးရရဲ့အကူအညီလိုအပ်တယ်လို့ ကျောင်းတာဝန်ရှိသူတွေထံကနေ သိရပါတယ်။

အဲဒီကျောင်းမှာ ပြည်မြို့နဲ့အနီးတစ်ဝိုက်က အော်တစ်ဇင်ကလေးငယ်တွေရဲ့ ဘဝတွေကို မြှင့်တင်ပေးနိုင်ပြီး မိဘအပေါ် အမှီအခိုနည်းကာ မိမိပတ်ဝန်းကျင်မှာ ရပ်တည်လာနိုင်ဘို့ ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့တဲ့ကျောင်းဖြစ်ပါတယ်။သင်တန်းကျောင်းမှာ အခုဆိုရင်တစ်နှစ်စွန်းစွန်းကာလအတွင်း ကလေးတွေရဲ့ အရည်အသွေး ဖွံ့ဖြိုးတိုးတက်လာသော်လည်း ရေရှည်ဆက်လက်ရပ်တည်ရန် မလွယ်တော့ဘူးလို့သိရပါတယ်။

“နိုင်ငံတော်အစိုးရဘက်က ကျနော်တို့ကို ကူညီတာဆိုလို့ ဖောင်ဒေးရှင်းဖွဲ့ခွင့်ဆိုတာလေးတစ်ခုပဲလို့ ပြောရမလိုဘဲ ကျနော်တို့စရိတ်တွေနဲ့ပဲ သွားနေကြရတာ လူကယ်ပြန်ကလည်း သတင်းအချက်အလက် လောက်ပဲ ပံ့ပိုးနိုင်တဲ့အနေအထားမှာရှိပါတယ် ကျနော်တို့ကို ဖြစ်နိုင်ရင်တော့ မြေနေရာသီးသန့်လေး အဆောက်အဦးလေး သီးသန့်လေးပေးမယ်ဆိုရင် ဆက်လက်ပြီး ရှင်သန်နိုင်မှာပါ အခုတော့ လုံးပါးပါးလာပါပြီ”လို့ ကျောင်းတာဝန်ခံ ခေတ္တရာမြေဖောင်ဒေးရှင်းရဲ့ အတွင်းရေးမှူး ဦးသောင်းအေးကပြောပြပါတယ်

ဒီသင်တန်းကျောင်းမှာ ကလေး မိဘများရဲ့အလှူထည့်ဝင်ငွေ ဂီတပွဲလုပ်ကာ ရှာထားတဲ့ရန်ပုံငွေနဲ့ new life foundation၊ ခေတ္တရာ မြေဖောင်ဒေးရှင်း တို့က စုပေါင်းကာ မြေနေရာ ငှားရမ်းဖွင့်လှစ်နေရခြင်း ဖြစ်တယ်လို့သိရပါတယ်။

“ဒီကျောင်းလေးစဖွင့်တာ တစ်နှစ်ပြည့်ခဲ့ပြီး၊ ကလေးတွေရဲ့ တိုးတက်မှုက အရမ်းတိုးတက်လာတဲ့ဟာက အရမ်းကောင်းတယ် သာမန်ကလေးတွေနဲ့တော့တိုးတက်မှု့မတူဘူးပေါ့၊ ကျနော့်ကလေးဆိုရင် အရင်က ထမင်းကိုယ့်ဟာကိုယ် မစားတတ်ဘူး၊ အခုထမင်းကိုယ့်ဟာကိုယ်စားတတ်လာတယ်။ ပန်ကန်ဆေး တတ်လာတယ်။ ကိုယ်တိုင်လုပ်ဆောင်ရမှာတွေ သိလာတယ် ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ပိုပျော်လာတယ် သင်ယူမှုတွေ အားကောင်းလာတယ်ဒါကြောင့် ဒီကျောင်းလေးဟာ အထူးစောင့်ရှောက်မှုလိုအပ်တဲ့ ကလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ကျောင်းလေးဖြစ်တယ်”ဟု ကလေးမိဘတစ်ဦးဖြစ်သူ ဦးမြင့်ထွန်းအောင်က ပြောပါတယ်

အထူးစောင့်ရှောက်မှုလိုအပ်တဲ့ အော်တစ်ဇင်ကလေးငယ်တွေကို လေ့ကျင့်သင်ကြားရေးကျောင်းအတွက် new life foundation၊ ခေတ္တရာ မြေဖောင်ဒေးရှင်း တို့ကပူးပေါင်းကာ ၂၀၁၈ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်ဒေသတစ်ဝိုက်က အော်တစ်ဇင်ကလေးငယ် ၃၀ ခန့်ကို လေကျင့်သင်ကြားပေးနေတယ်လို့သိရပါတယ်။

#voiceofmyanmar #ပြည် #အော်တစ်ဇင်ကလေး

Related posts

Leave a Comment

VOM News

FREE
VIEW