က်ီးလန႔္စာ စားေနရသလိုျဖစ္ေနတဲ့ ပလက္ဝၿမိဳ႕

ေအာင္ထူးႏိုင္(VOM)

ခ်င္းျပည္နယ္
ခ်င္းျပည္နယ္ဟာ အေနာက္ဘက္မွာ အိႏၵိယႏိုင္ငံ၊ အေနာက္ေတာက္ဘက္မွာ ဘဂၤလားေဒ့ရ္ႏိုင္ငံ၊ ေတာင္ဘက္မွာ ရခိုင္ျပည္နယ္၊ အေရွ႕ဘက္မွာ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းေဒသႀကီးမ်ား၊ ေျမာက္ပိုင္းမွာ စစ္ကိုင္းတိုင္းေဒသႀကီးတို႔ဝန္းရံထားတဲ့ ျပည္နယ္တစ္ခု ျဖစ္ပါတယ္။

စုစုေပါင္း ဧရိယာအက်ယ္အဝန္းက ၃၆၀၁၈.၉ စတုရန္းကီလိုမီတာ ရွိပါတယ္။ အရင္က ဟားခါးခ႐ိုင္၊ ဖလမ္းခ႐ိုင္နဲ႔ မင္းတပ္ခ႐ိုင္တို႔သာ ရွိခဲ့ေပမယ့္ ၂၀၁၇ ခုႏွစ္မွာ မတူပီခ႐ိုင္ကို တိုးခ်ဲ႕ဖြဲ႕စည္းခဲ့တာမို႔ ခ႐ိုင္ေလးခု ရွိေနပါၿပီ။

ၿမိဳ႕နယ္ (၉) ခုရွိၿပီး၊ ၿမိဳ႕ (၁၈) ၿမိဳ႕၊ ရပ္ကြက္ (၆၆) ရပ္ကြက္၊ ေက်း႐ြာအုပ္စု (၄၆၄) အုပ္စုနဲ႔ ႐ြာေပါင္း(၁၃၄၇) ႐ြာရွိပါတယ္။ လူဦးေရကေတာ့ ၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ (၄၇၈၈၀၁)ဦး ေနထိုင္ပါတယ္။ ဒါကေတာ့ ခ်င္းျပည္နယ္နဲ႔ဆိုင္တဲ့ အခ်က္အလက္တခ်ိဳ႕ပါ။

ပလက္ဝၿမိဳ႕နယ္
ကြၽန္ေတာ္ေတြးေနတာက ခ်င္းျပည္နယ္အေၾကာင္းေတာ့ မဟုတ္ပါဘူး။ခ်င္းျပည္နယ္ထဲက ပလက္ဝၿမိဳ႕နယ္အေၾကာင္းပါ။ ဒါေၾကာင့္မို႔ ပလက္ဝၿမိဳ႕နယ္အေၾကာင္းကိုပဲ ေရးပါ့မယ္။ ပလက္ဝၿမိဳ႕နယ္ဟာ ကုလားတန္ျမစ္ရဲ႕ အေရွ႕ဘက္ျမစ္လက္တက္ ပလက္ေခ်ာင္းဝမွာတည္ရွိတာမို႔ ပလက္ဝလို႔ အဆင့္ဆင့္ေျပာင္းလဲေခၚေဝၚခဲ့တယ္လို႔ မွတ္တမ္းေတြက ေျပာဆိုထားတာျဖစ္ပါတယ္။

အရင္က မင္းတပ္ခ႐ိုင္မွာ မင္းတပ္ၿမိဳ႕နယ္၊ ကန္ပက္လက္ၿမိဳ႕နယ္၊ မတူပီၿမိဳ႕နယ္၊ ပလက္ဝၿမိဳ႕နယ္တို႔နဲ႔ ဖြဲ႕စည္းထားတာပါ။ ပထမအႀကိမ္ လႊတ္ေတာ္သက္တမ္းအတြင္း ပလက္ဝၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္က ပလက္ဝၿမိဳ႕နယ္ကို ခ႐ိုင္အဆင့္ တိုးျမႇင့္ဖို႔ အစီအစဥ္ရွိ မရွိ ေမးျမန္းခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ျပည္ေထာင္စုလႊတ္ေတာ္က ျပည္နယ္အစိုးရကို သေဘာထားေတာင္းခံပါတယ္။ ဒါေပမဲ့ ျပည္နယ္လႊတ္ေတာ္မွာ ပလက္ဝကို ခ႐ိုင္အဆင့္ျမႇင့္ဖို႔ သင့္၊ မသင့္ မေဆြးေႏြးဘဲ မတူပီနဲ႔ ပလက္ဝၿမိဳ႕နယ္ေတြအနက္ ဘယ္ၿမိဳ႕နယ္ကို ခ႐ိုင္အဆင့္ျမႇင့္မလဲဆိုတာ မဲခြဲဆုံးျဖတ္ရာမွာေတာ့ မတူပီက ၁၁ မဲ၊ ပလက္ဝက ၉ မဲပဲ ရရွိခဲ့ပါတယ္။

ဒါေၾကာင့္ ႏိုင္ငံေတာ္သမၼတ႐ုံးက ၂၀၁၇ ခုႏွစ္ ဇြန္လမွာ မင္းတပ္ခ႐ိုင္ကို မူလ ၄ ၿမိဳ႕နယ္မွ မင္းတပ္ၿမိဳ႕နယ္နဲ႔ ကန္ပက္လက္ၿမိဳ႕နယ္တို႔ ပါဝင္တဲ့ မင္းတပ္ခ႐ိုင္ကို ဖြဲ႕စည္းဖို႔နဲ႔ မတူပီၿမိဳ႕နယ္နဲ႔ ပလက္ဝၿမိဳ႕နယ္တို႔ ပါဝင္တဲ့ မတူပီခ႐ိုင္ကို ေျပာင္းလဲဖြဲ႕စည္းတာကို မွတ္တမ္းတင္ဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ထံ အေၾကာင္းၾကားခဲ့ပါတယ္။ ဒါေၾကာင့္ ပလက္ဝၿမိဳ႕နယ္ဟာ မင္းတပ္ခ႐ိုင္ကေန မတူပီခ႐ိုင္ကို ေရာက္ရွိသြားပါေတာ့တယ္။

ပလက္ဝၿမိဳ႕နယ္ဟာ အေရွ႕ဘက္မွာ ကန္ပက္လက္ၿမိဳ႕နယ္နဲ႔ မတူပီၿမိဳ႕နယ္၊ ေတာင္ဘက္မွာ ရခိုင္ျပည္နယ္ရွိ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေျမာက္ဦးၿမိဳ႕နယ္နဲ႔ မင္းျပားၿမိဳ႕နယ္၊ အေနာက္ဘက္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ ဘန္ဒါဘန္ခ႐ိုင္နဲ႔ ရခိုင္ျပည္နယ္ရွိ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေျမာက္ဘက္မွာ အိႏၵိယႏိုင္ငံရွိ မီဇိုရမ္ျပည္နယ္မ်ားတည္ရွိေနပါတယ္။

ပလက္ဝၿမိဳ႕နယ္အတြင္းမွာ ေတာင္ကုန္းေတြ ေပါမ်ားၿပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္အားျဖင့္ ပွ်မ္းမွ် ေပ၂၄၀ အထက္မွာ တည္ရွိတယ္။ တစ္ၿမိဳ႕နယ္လုံးမွာ ျပန႔္က်ဲစြာ တည္ရွိေနတဲ့ ေတာင္ကုန္း၊ ေတာင္စြယ္ေတြက မတ္ေစာက္ၿပီး ေအာက္ေျခမွာ ေျမျပန႔္လြင္ျပင္ငယ္ေတြ တည္ရွိပါတယ္။ ျမစ္ေခ်ာင္းေတြေပါမ်ားတဲ့အျပင္ ကုလားတန္ျမစ္နဲ႔ ေလးၿမိဳ႕ျမစ္ေတြက ထင္ရွားစြာ တည္ရိွေနတာျဖစ္ပါတယ္။

ပလက္ဝၿမိဳ႕နယ္မွာ ေနထိုင္ၾကတဲ့ တိုင္းရင္းသားလူမ်ိဳးစုေတြထဲမွာ ခ်င္းလူမ်ိဳးေတြကေတာ့ အမ်ားဆုံးေနထိုင္ၾကပါတယ္။ ဒါ့အျပင္ ရခိုင္၊ ဗမာ၊ မြန္၊ ရွမ္း၊ ကခ်င္နဲ႔ ကရင္လူမ်ိဳးေတြလည္း ေနထိုင္ၾကတယ္လို႔ သိရတယ္။ ခရစ္ယာန္ဘာသာကို အမ်ားဆုံးကိုးကြယ္ၾကၿပီး ဗုဒၶဘာသာ၊ ဟိႏၵဴ၊ အစၥလာမ္နဲ႔ အျခားကိုးကြယ္သူေတြလည္း ရွိပါေသးတယ္။ ကိုးကြယ္မႈေတြ မတူညီၾကေပမယ့္ ေအးခ်မ္းစြာ အတူတကြယွဥ္တြဲေနထိုင္ၾကပါတယ္။

ပလက္ဝၿမိဳ႕နယ္ဟာ ခ်င္းျပည္နယ္အတြင္းမွာေတာ့ စီးပြားေရးတိုးတက္မႈေႏွးေကြးတဲ့ ၿမိဳ႕နယ္ျဖစ္တယ္လို႔ သိရတယ္။ စိုက္ပ်ိဳးေရးလုပ္ငန္းကို အဓိကထား လုပ္ကိုင္ၾကၿပီး အဓိကထြက္ကုန္ေတြက ႏွမ္း၊ ေျမပဲ၊ ဂမုန္းနဲ႔ ခ်င္း(ဂ်င္း)တို႔ျဖစ္ၿပီး ရခိုင္ျပည္နယ္မွတစ္ဆင့္ မႏၲေလးကို အမ်ားဆုံးတင္ပို႔ေရာင္းခ်ၾကပါတယ္။ ဒါကေတာ့ ပလက္ဝၿမိဳ႕နယ္နဲ႔ ဆိုင္တဲ့အေၾကာင္းအရာတခ်ိဳ႕ပါ။

ဆက္လက္ၿပီး လက္ရွိပလက္ဝၿမိဳ႕နယ္ရဲ႕ လက္ရွိအေျခအေနေတြကိုလည္း တင္ျပပါဦးမယ္။ ပလက္ဝနဲ႔ AAတို႔ဟာ လက္ရွိအခ်ိန္မွာေတာ့ ပလက္ဝၿမိဳ႕နယ္မွာ ရခိုင့္လက္နက္ကိုင္အဖြဲ႕(AA)ဝင္ေရာက္လာမႈေၾကာင့္ က်ီးလန႔္စာစားေနရသလို ျဖစ္ေနပါၿပီ။ AA အဖြဲ႕ဟာ ပလက္ဝၿမိဳ႕နယ္ထဲက ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတခ်ိဳ႕ကို ဖမ္းဆီးေခၚေဆာင္တာေတြ ရွိသလို၊ ရဲတပ္ဖြဲ႕ဝင္ေတြကိုလည္း မၾကာခဏ ဖမ္းဆီးေခၚေဆာင္တာေတြ လုပ္ေနပါတယ္။ ဒါ့ျပင္ ျပည္သူေတြကိုလည္း ဖမ္းဆီးတာမ်ိဳးရွိသလို ျပည္သူက ေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ကိုလည္း ဖမ္းဆီးတာမ်ိဳးေတြအထိ လုပ္လာပါတယ္။

အခုဆိုရင္ ျပည္သူက ေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို AA အဖြဲ႕က ဖမ္းဆီးထိန္းသိမ္းထားတာ ႏွစ္ပတ္ ေက်ာ္လြန္ခဲ့ပါၿပီ။ တကယ္ေတာ့ ဦးေဝွ႔တင္းလို လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္ကို AA အဖြဲ႕အေနနဲ႔ ဖမ္းဆီးေခၚေဆာင္စရာ အေၾကာင္းမရွိပါဘူး။ AA အဖြဲ႕က ဦးေဝွ႔တင္းကို ဘာသာေရး၊ လူမ်ိဳးေရးေသြးခြဲတယ္ဆိုၿပီး ကနဦးစြပ္စြဲခဲ့ပါတယ္။

ဦးေဝွ႔တင္းဟာ အဲဒီလိုလူမ်ိဳးမဟုတ္ဘူးဆိုတာကို ႏိုဝင္ဘာ ၅ ရက္ေန႔မွာ ခူမီးလူငယ္မ်ားအသင္း (Khumi Youth Association) က ထုတ္ျပန္ခ်က္ထုတ္ၿပီး ရွင္းလင္းခဲ့ပါတယ္။ ဒါ့အျပင္ ဗဟိုခ်င္းလူငယ္အဖြဲ႕အစည္း (Central Chin Youth Organization) ကလည္း ႏိုဝင္ဘာ ၆ ရက္ေန႔မွာ ထပ္မံထုတ္ျပန္ခ်က္ထုတ္ၿပီး AA ရဲ႕ အေၾကာင္းျပခ်က္ေတြဟာ မျဖစ္ႏိုင္ဘူးဆိုတာ ရွင္းလင္းခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့ ပလက္ဝၿမိဳ႕နယ္အတြင္းမွာရွိတဲ့ အင္အားႀကီး ခရစ္ယာန္ဘာသာေရး အဖြဲ႕အစည္းေတြျဖစ္တဲ့ ပလက္ဝခရစ္ယာန္အသင္းေတာ္မ်ားေကာင္စီနဲ႔ ပလက္ဝ ဧဝံေဂလိအသင္းေတာ္မ်ားမဟာမိတ္အဖြဲ႕ခ်ဳပ္တို႔က သေဘာထားထုတ္ျပန္ၿပီး ရွင္းလင္းပါတယ္။ ဒီအဖြဲ႕ေတြရဲ႕ ရွင္းလင္းခ်က္မွာေတာ့ ဦးေဝွ႔တင္းဟာ ဗုဒၶဘာသာဝင္ျဖစ္ေပမယ့္ ခရစ္ယာန္ဘာသာဝင္ေတြကို ခြဲျခား ဆက္ဆံတာမ်ိဳး လုံးဝမရွိဘူးလို႔ ေျပာဆိုထားပါတယ္။

ေနာက္ဆုံးေတာ့ ဦးေဝွ႔တင္းကို ဖမ္းဆီးထိန္းသိမ္းထားရတာဟာ ခ်င္းျဖစ္လို႔ မဟုတ္ဘူး၊ (NLD)အဲန္အယ္လ္ဒီျဖစ္လို႔ မဟုတ္ဘူး၊ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္လို႔ မဟုတ္ဘူး၊ သူ႔ရဲ႕လုပ္ရပ္ေၾကာင့္သာျဖစ္တယ္ဆိုၿပီး ႏိုဝင္ဘာ ၁၅ ရက္ေန႔မွာ AA အဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ခ်င္းေဝါလ္မီဒီယာရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုထားပါတယ္။

AA အဖြဲ႕က ဖမ္းဆီးရတာနဲ႔ပတ္သက္လို႔ အေၾကာင္းျပတာကေတာ့ ဦးေဝွ႔တင္းဟာ တပ္မေတာ္အတြက္ အလုပ္လုပ္ေပးေနတယ္ဆိုတဲ့အခ်က္ပါပဲ။ ဦးေဝွ႔တင္းဟာ က်န္းက်န္းမာမာ ရွိပါတယ္လို႔ AA အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ခ်င္းေဝါလ္မီဒီယာရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုထားကာ အဲဒီသတင္းစကားတစ္ခုကလြဲလို႔ ဦးေဝွ႔တင္းနဲ႔ပတ္သက္ၿပီး က်န္တာ မသိရေသးပါဘူး။

အခုဆိုရင္ AA အဖြဲ႕ရဲ႕ လႈပ္ရွားမႈေတြဟာ ပလက္ဝၿမိဳ႕အနားထိ နီးကပ္လာပါၿပီ။ ပလက္ဝၿမိဳ႕ကိုလည္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးပိုင္းက ညမထြက္ရအမိန႔္ ၁၄၄ ကို ထုတ္ျပန္ထားပါၿပီ။ ေအးခ်မ္းေနတဲ့ပလက္ဝကို ဘယ္သူေတြ ကူညီႏိုင္မွာလဲ။ ဘယ္သူေတြ ကယ္တင္ၾကမွာလဲ။ ပလက္ဝၿမိဳ႕ေလး ဘယ္ေတာ့ ျပန္လည္ေအးခ်မ္းမွာလဲဆိုတာ ေတြးရင္းေဆာင္းပါးကို အဆုံးသတ္ပါရေစ။ ပလက္ဝၿမိဳ႕ အျမန္ဆုံးေအးခ်မ္းပါေစ။

#voiceofmyanmar #ပလက္ဝ #ေဆာင္းပါး

Unicode

ကျီးလန့်စာ စားနေရသလိုဖြစ်နေတဲ့ ပလက်ဝမြို့

အောင်ထူးနိုင်(VOM)

ချင်းပြည်နယ်
ချင်းပြည်နယ်ဟာ အနောက်ဘက်မှာ အိန္ဒိယနိုင်ငံ၊ အနောက်တောက်ဘက်မှာ ဘင်္ဂလားဒေ့ရ်နိုင်ငံ၊ တောင်ဘက်မှာ ရခိုင်ပြည်နယ်၊ အရှေ့ဘက်မှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကြီးများ၊ မြောက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးတို့ဝန်းရံထားတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။

စုစုပေါင်း ဧရိယာအကျယ်အဝန်းက ၃၆၀၁၈.၉ စတုရန်းကီလိုမီတာ ရှိပါတယ်။ အရင်က ဟားခါးခရိုင်၊ ဖလမ်းခရိုင်နဲ့ မင်းတပ်ခရိုင်တို့သာ ရှိခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ မတူပီခရိုင်ကို တိုးချဲ့ဖွဲ့စည်းခဲ့တာမို့ ခရိုင်လေးခု ရှိနေပါပြီ။

မြို့နယ် (၉) ခုရှိပြီး၊ မြို့ (၁၈) မြို့၊ ရပ်ကွက် (၆၆) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၆၄) အုပ်စုနဲ့ ရွာပေါင်း(၁၃၄၇) ရွာရှိပါတယ်။ လူဦးရေကတော့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ (၄၇၈၈၀၁)ဦး နေထိုင်ပါတယ်။ ဒါကတော့ ချင်းပြည်နယ်နဲ့ဆိုင်တဲ့ အချက်အလက်တချို့ပါ။

ပလက်ဝမြို့နယ်
ကျွန်တော်တွေးနေတာက ချင်းပြည်နယ်အကြောင်းတော့ မဟုတ်ပါဘူး။ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်အကြောင်းပါ။ ဒါကြောင့်မို့ ပလက်ဝမြို့နယ်အကြောင်းကိုပဲ ရေးပါ့မယ်။ ပလက်ဝမြို့နယ်ဟာ ကုလားတန်မြစ်ရဲ့ အရှေ့ဘက်မြစ်လက်တက် ပလက်ချောင်းဝမှာတည်ရှိတာမို့ ပလက်ဝလို့ အဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်လို့ မှတ်တမ်းတွေက ပြောဆိုထားတာဖြစ်ပါတယ်။

အရင်က မင်းတပ်ခရိုင်မှာ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်တို့နဲ့ ဖွဲ့စည်းထားတာပါ။ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပလက်ဝမြို့နယ်ကို ခရိုင်အဆင့် တိုးမြှင့်ဖို့ အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်က ပြည်နယ်အစိုးရကို သဘောထားတောင်းခံပါတယ်။ ဒါပေမဲ့ ပြည်နယ်လွှတ်တော်မှာ ပလက်ဝကို ခရိုင်အဆင့်မြှင့်ဖို့ သင့်၊ မသင့် မဆွေးနွေးဘဲ မတူပီနဲ့ ပလက်ဝမြို့နယ်တွေအနက် ဘယ်မြို့နယ်ကို ခရိုင်အဆင့်မြှင့်မလဲဆိုတာ မဲခွဲဆုံးဖြတ်ရာမှာတော့ မတူပီက ၁၁ မဲ၊ ပလက်ဝက ၉ မဲပဲ ရရှိခဲ့ပါတယ်။

ဒါကြောင့် နိုင်ငံတော်သမ္မတရုံးက ၂၀၁၇ ခုနှစ် ဇွန်လမှာ မင်းတပ်ခရိုင်ကို မူလ ၄ မြို့နယ်မှ မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တို့ ပါဝင်တဲ့ မင်းတပ်ခရိုင်ကို ဖွဲ့စည်းဖို့နဲ့ မတူပီမြို့နယ်နဲ့ ပလက်ဝမြို့နယ်တို့ ပါဝင်တဲ့ မတူပီခရိုင်ကို ပြောင်းလဲဖွဲ့စည်းတာကို မှတ်တမ်းတင်ဖို့ ပြည်ထောင်စုလွှတ်တော်ထံ အကြောင်းကြားခဲ့ပါတယ်။ ဒါကြောင့် ပလက်ဝမြို့နယ်ဟာ မင်းတပ်ခရိုင်ကနေ မတူပီခရိုင်ကို ရောက်ရှိသွားပါတော့တယ်။

ပလက်ဝမြို့နယ်ဟာ အရှေ့ဘက်မှာ ကန်ပက်လက်မြို့နယ်နဲ့ မတူပီမြို့နယ်၊ တောင်ဘက်မှာ ရခိုင်ပြည်နယ်ရှိ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်၊ အနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘန်ဒါဘန်ခရိုင်နဲ့ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်မြို့နယ်၊ မြောက်ဘက်မှာ အိန္ဒိယနိုင်ငံရှိ မီဇိုရမ်ပြည်နယ်များတည်ရှိနေပါတယ်။

ပလက်ဝမြို့နယ်အတွင်းမှာ တောင်ကုန်းတွေ ပေါများပြီး ပင်လယ်ရေမျက်နှာပြင်အထက်အားဖြင့် ပျှမ်းမျှ ပေ၂၄၀ အထက်မှာ တည်ရှိတယ်။ တစ်မြို့နယ်လုံးမှာ ပြန့်ကျဲစွာ တည်ရှိနေတဲ့ တောင်ကုန်း၊ တောင်စွယ်တွေက မတ်စောက်ပြီး အောက်ခြေမှာ မြေပြန့်လွင်ပြင်ငယ်တွေ တည်ရှိပါတယ်။ မြစ်ချောင်းတွေပေါများတဲ့အပြင် ကုလားတန်မြစ်နဲ့ လေးမြို့မြစ်တွေက ထင်ရှားစွာ တည်ရှိနေတာဖြစ်ပါတယ်။

ပလက်ဝမြို့နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေထဲမှာ ချင်းလူမျိုးတွေကတော့ အများဆုံးနေထိုင်ကြပါတယ်။ ဒါ့အပြင် ရခိုင်၊ ဗမာ၊ မွန်၊ ရှမ်း၊ ကချင်နဲ့ ကရင်လူမျိုးတွေလည်း နေထိုင်ကြတယ်လို့ သိရတယ်။ ခရစ်ယာန်ဘာသာကို အများဆုံးကိုးကွယ်ကြပြီး ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ်နဲ့ အခြားကိုးကွယ်သူတွေလည်း ရှိပါသေးတယ်။ ကိုးကွယ်မှုတွေ မတူညီကြပေမယ့် အေးချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ကြပါတယ်။

ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်အတွင်းမှာတော့ စီးပွားရေးတိုးတက်မှုနှေးကွေးတဲ့ မြို့နယ်ဖြစ်တယ်လို့ သိရတယ်။ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး အဓိကထွက်ကုန်တွေက နှမ်း၊ မြေပဲ၊ ဂမုန်းနဲ့ ချင်း(ဂျင်း)တို့ဖြစ်ပြီး ရခိုင်ပြည်နယ်မှတစ်ဆင့် မန္တလေးကို အများဆုံးတင်ပို့ရောင်းချကြပါတယ်။ ဒါကတော့ ပလက်ဝမြို့နယ်နဲ့ ဆိုင်တဲ့အကြောင်းအရာတချို့ပါ။

ဆက်လက်ပြီး လက်ရှိပလက်ဝမြို့နယ်ရဲ့ လက်ရှိအခြေအနေတွေကိုလည်း တင်ပြပါဦးမယ်။ ပလက်ဝနဲ့ AAတို့ဟာ လက်ရှိအချိန်မှာတော့ ပလက်ဝမြို့နယ်မှာ ရခိုင့်လက်နက်ကိုင်အဖွဲ့(AA)ဝင်ရောက်လာမှုကြောင့် ကျီးလန့်စာစားနေရသလို ဖြစ်နေပါပြီ။ AA အဖွဲ့ဟာ ပလက်ဝမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ကို ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိသလို၊ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း မကြာခဏ ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်နေပါတယ်။ ဒါ့ပြင် ပြည်သူတွေကိုလည်း ဖမ်းဆီးတာမျိုးရှိသလို ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကိုလည်း ဖမ်းဆီးတာမျိုးတွေအထိ လုပ်လာပါတယ်။

အခုဆိုရင် ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတာ နှစ်ပတ် ကျော်လွန်ခဲ့ပါပြီ။ တကယ်တော့ ဦးဝှေ့တင်းလို လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို AA အဖွဲ့အနေနဲ့ ဖမ်းဆီးခေါ်ဆောင်စရာ အကြောင်းမရှိပါဘူး။ AA အဖွဲ့က ဦးဝှေ့တင်းကို ဘာသာရေး၊ လူမျိုးရေးသွေးခွဲတယ်ဆိုပြီး ကနဦးစွပ်စွဲခဲ့ပါတယ်။

ဦးဝှေ့တင်းဟာ အဲဒီလိုလူမျိုးမဟုတ်ဘူးဆိုတာကို နိုဝင်ဘာ ၅ ရက်နေ့မှာ ခူမီးလူငယ်များအသင်း (Khumi Youth Association) က ထုတ်ပြန်ချက်ထုတ်ပြီး ရှင်းလင်းခဲ့ပါတယ်။ ဒါ့အပြင် ဗဟိုချင်းလူငယ်အဖွဲ့အစည်း (Central Chin Youth Organization) ကလည်း နိုဝင်ဘာ ၆ ရက်နေ့မှာ ထပ်မံထုတ်ပြန်ချက်ထုတ်ပြီး AA ရဲ့ အကြောင်းပြချက်တွေဟာ မဖြစ်နိုင်ဘူးဆိုတာ ရှင်းလင်းခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့ အင်အားကြီး ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းတွေဖြစ်တဲ့ ပလက်ဝခရစ်ယာန်အသင်းတော်များကောင်စီနဲ့ ပလက်ဝ ဧဝံဂေလိအသင်းတော်များမဟာမိတ်အဖွဲ့ချုပ်တို့က သဘောထားထုတ်ပြန်ပြီး ရှင်းလင်းပါတယ်။ ဒီအဖွဲ့တွေရဲ့ ရှင်းလင်းချက်မှာတော့ ဦးဝှေ့တင်းဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် ခရစ်ယာန်ဘာသာဝင်တွေကို ခွဲခြား ဆက်ဆံတာမျိုး လုံးဝမရှိဘူးလို့ ပြောဆိုထားပါတယ်။

နောက်ဆုံးတော့ ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားရတာဟာ ချင်းဖြစ်လို့ မဟုတ်ဘူး၊ (NLD)အဲန်အယ်လ်ဒီဖြစ်လို့ မဟုတ်ဘူး၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ မဟုတ်ဘူး၊ သူ့ရဲ့လုပ်ရပ်ကြောင့်သာဖြစ်တယ်ဆိုပြီး နိုဝင်ဘာ ၁၅ ရက်နေ့မှာ AA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ချင်းဝေါလ်မီဒီယာရဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

AA အဖွဲ့က ဖမ်းဆီးရတာနဲ့ပတ်သက်လို့ အကြောင်းပြတာကတော့ ဦးဝှေ့တင်းဟာ တပ်မတော်အတွက် အလုပ်လုပ်ပေးနေတယ်ဆိုတဲ့အချက်ပါပဲ။ ဦးဝှေ့တင်းဟာ ကျန်းကျန်းမာမာ ရှိပါတယ်လို့ AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ချင်းဝေါလ်မီဒီယာရဲ့ အင်တာဗျူးမှာ ဖြေဆိုထားကာ အဲဒီသတင်းစကားတစ်ခုကလွဲလို့ ဦးဝှေ့တင်းနဲ့ပတ်သက်ပြီး ကျန်တာ မသိရသေးပါဘူး။

အခုဆိုရင် AA အဖွဲ့ရဲ့ လှုပ်ရှားမှုတွေဟာ ပလက်ဝမြို့အနားထိ နီးကပ်လာပါပြီ။ ပလက်ဝမြို့ကိုလည်း မြို့နယ်အုပ်ချုပ်ရေးပိုင်းက ညမထွက်ရအမိန့် ၁၄၄ ကို ထုတ်ပြန်ထားပါပြီ။ အေးချမ်းနေတဲ့ပလက်ဝကို ဘယ်သူတွေ ကူညီနိုင်မှာလဲ။ ဘယ်သူတွေ ကယ်တင်ကြမှာလဲ။ ပလက်ဝမြို့လေး ဘယ်တော့ ပြန်လည်အေးချမ်းမှာလဲဆိုတာ တွေးရင်းဆောင်းပါးကို အဆုံးသတ်ပါရစေ။ ပလက်ဝမြို့ အမြန်ဆုံးအေးချမ်းပါစေ။

#voiceofmyanmar #ပလက်ဝ #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW