RCSS နဲ႔ အစိုရကိုယ္စားလွယ္တို႔ ေတြ႕ဆုံပြဲ ရလဒ္ေကာင္းထြက္ေပၚ

ခ်င္းမိုင္၊ ႏိုဝင္ဘာ ၁၉၊ ၂၀၁၉
မင္းရန္ႏိုင္(VOM)

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS) ကိုယ္စားလွယ္အဖြဲ႕နဲ႔ အစိုးရကိုယ္စားလွယ္အဖြဲ႕တို႔ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ ႏိုဝင္ဘာ ၁၉ ရက္ေန႔(ဒီေန႔)မွာ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ရလဒ္ေကာင္းထြက္ေပၚခဲ့တယ္လို႔ သိရပါတယ္။

“ဒီေန႔အစည္းအေဝးကေတာ့ ကြၽန္ေတာ္တို႔ ေကာင္းမြန္တဲ့ရလဒ္ကို ရရွိခဲ့ပါတယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ပတ္သက္တဲ့ကိစၥေလးေတြကို ကြၽန္ေတာ္တို႔ ေဆြးေႏြးႏိုင္ခဲ့တယ္။ Bilateral အေနနဲ႔ အစိုးရနဲ႔ တပ္မေတာ္ၾကားထဲမွာရွိေနတဲ့ တခ်ိဳ႕ကိစၥရပ္ေလးေတြကို ကြၽန္ေတာ္တို႔က ပြင့္ပြင့္လင္းလင္း ေဆြးေႏြးႏိုင္ခဲ့တယ္၊ အေျဖရွာႏိုင္ခဲ့တယ္” လို႔ RCSS အတြင္းေရးမႉး ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာပါတယ္။

ဒါအျပင္ RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္ဆစ္ရဲ႕ ခရီးစဥ္တစ္ဆို႔မႈနဲ႔ပတ္သက္ၿပီးေတာ့လည္း အစိုးရကိုယ္စားလွယ္ဘက္က နားလည္မႈလြဲေခ်ာ္ခဲ့တာေတြကို ျပန္လည္ရွင္းျပခဲ့တယ္လို႔ ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာပါတယ္။

ေနာင္အခါမွာ EAOs ေခါင္းေဆာင္ေတြဘက္က ခရီးစဥ္ေတြနဲ႔ပတ္သက္ၿပီး ႏွစ္ဘက္စလုံး ႀကိဳတင္ညႇိႏႈိင္းမႈေတြနဲ႔ ေသခ်ာျပင္ဆင္မႈေတြ ျပဳလုပ္သြားမယ္ဆိုတဲ့အေၾကာင္းအရာေတြလည္း ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

ဒီေတြ႕ဆုံပြဲကို RCSS ဘက္မွ ဗိုလ္ခ်ဳပ္စဝ္ေပါင္ေခး ဦးေဆာင္တဲ့ ကိုယ္စားလွယ္ ၄ ဦးတက္‌ေရာက္ခဲ့ၿပီး အစိုးရဘက္မွ ေဒါက္တာ တင္မ်ိဳးဝင္းဦး‌ေဆာင္တဲ့ ကိုယ္စားလွယ္ ၆ ဦးနဲ႔ တပ္မေတာ္ကိုယ္စားလွယ္ ၂ ဦးတို႔ တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။

#voiceofmyanmar #ခ်င္းမိုင္ #RCSS #အစိုးရကိုယ္စားလွယ္ေတြ႔

Unicode

RCSS နဲ့ အစိုရကိုယ်စားလှယ်တို့ တွေ့ဆုံပွဲ ရလဒ်ကောင်းထွက်ပေါ်

ချင်းမိုင်၊ နိုဝင်ဘာ ၁၉၊ ၂၀၁၉
မင်းရန်နိုင်(VOM)

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၁၉ ရက်နေ့(ဒီနေ့)မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရလဒ်ကောင်းထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့အစည်းအဝေးကတော့ ကျွန်တော်တို့ ကောင်းမွန်တဲ့ရလဒ်ကို ရရှိခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ကိစ္စလေးတွေကို ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့တယ်။ Bilateral အနေနဲ့ အစိုးရနဲ့ တပ်မတော်ကြားထဲမှာရှိနေတဲ့ တချို့ကိစ္စရပ်လေးတွေကို ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်၊ အဖြေရှာနိုင်ခဲ့တယ်” လို့ RCSS အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

ဒါအပြင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်ရဲ့ ခရီးစဉ်တစ်ဆို့မှုနဲ့ပတ်သက်ပြီးတော့လည်း အစိုးရကိုယ်စားလှယ်ဘက်က နားလည်မှုလွဲချော်ခဲ့တာတွေကို ပြန်လည်ရှင်းပြခဲ့တယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

နောင်အခါမှာ EAOs ခေါင်းဆောင်တွေဘက်က ခရီးစဉ်တွေနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံး ကြိုတင်ညှိနှိုင်းမှုတွေနဲ့ သေချာပြင်ဆင်မှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့အကြောင်းအရာတွေလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲကို RCSS ဘက်မှ ဗိုလ်ချုပ်စဝ်ပေါင်ခေး ဦးဆောင်တဲ့ ကိုယ်စားလှယ် ၄ ဦးတက်‌ရောက်ခဲ့ပြီး အစိုးရဘက်မှ ဒေါက်တာ တင်မျိုးဝင်းဦး‌ဆောင်တဲ့ ကိုယ်စားလှယ် ၆ ဦးနဲ့ တပ်မတော်ကိုယ်စားလှယ် ၂ ဦးတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #ချင်းမိုင် #RCSS #အစိုးရကိုယ်စားလှယ်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW