
ဟိန်းကို(VOM)





Unicode

ဗကသအဖွဲ့၀င်ဟောင်း ကိုရဲရင့်ကျော်ကို ရုံးထုတ်ရမာန်ယူ

မန္တလေး၊ နို၀င်ဘာ ၂၀-၂၀၁၉
ဟိန်းကို(VOM)

ဗကသအဖွဲ့၀င်ဟောင်း ကိုရဲရင့်ကျော်ကို ၂၀၁၈ခုနှစ်က ကျုံဘေးတွင် ထိုးစစ်ဂပ်တန့်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ရာ သက်ဆိုင်ရာကိုအကြောင်းကြားခြင်းမရှိဘဲ ပြုလုပ်ခဲ့တဲ့အတွက် ပုဒ်မ-၁၉နဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

ယင်းအမှုကနေ ကိုရဲရင့်ကျော်က ထွက်ပြေးတိမ်းရှောင်နေတယ်လို့ဆိုကာ ရဲတပ်ဖွဲ့က နို၀င်ဘာ၁၉ရက်နေ့ ညနေပိုင်းမှာ မဟာအောင်မြေမြို့နယ်က လက်ဖက်ရည်ဆိုင်မှာ ဖမ်းစီခဲ့တာပါ။

ဖမ်းစီရမိခဲ့ပြီး ဒီကနေ့နေ့လည်ပိုင်းမှာ အောင်မြေသာစံမြို့နယ်တရားရုံးကနေ ရုံးထုတ်ရမာန်ယူခဲ့ပြီး နောက်တစ်ပတ် နို၀င်ဘာ၂၇ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #မန္တလေး #ဗကသ #ကိုရဲရင့်ကျော်

Related posts

Leave a Comment

VOM News

FREE
VIEW