Read More
လယ်ကွင်းထဲမှာ ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစမိန်းကလေးငယ်တစ်ဦး စွန့်ပစ်ခံရ
ပဲခူး ၊ နိုဝင်ဘာလ ၂၀-၂၀၁၉ လမင်း (VOM) ပဲခူးမြို့ ၊ မဇင်းရပ်ကွက် ၊ ကြေးနီလမ်းက မီးရထားသံလမ်းဟောင်းဘေးမှာရှိတဲ့လယ်ကွက်တစ်ကွက်ထဲမှာ နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ချက်ကြိုးတန်းလန်းနဲ့မွေးကင်းစ မိန်းကလေးငယ်တစ်ဦးကိုအဝတ်စ‌တွေနဲ့ပတ်ပြီး လာရောက်စွန့်ပစ်ထားတာဖြစ်တယ်လို့ သိရပါတယ် ။ “ကျွန်မတို့ ဒီလယ်ကွက်နားမှာ ကလေးငိုသံလိုလိုကြားတယ် သရဲ‌ခြောက်တယ်ဘာညာနဲ့ကောလဟာလတွေကတော့ နေ့လည် ၁၂ နာရီထဲကပဲ အခုဒီညနေရောက်တော့မှ အကြောင်းကြားလာလို့ ကျွန်မတို့သွားရှာတဲ့အခါမှ ကလေးကိုလုံချည်တွေ အဝတ်တွေနဲ့ထုပ်ပြီး စွန့်ပစ်သွားတာ။ ကလေးက မိန်းကလေး” လို့ မဇင်းရပ်ကွက် ၊ ကြာနီကန်လမ်းက ရာအိမ်မှူးဒေါ်သဲသဲကပြောပါတယ် ။ ဒီကလေးငယ်ကို ဘယ်သူက လာရောက်စွန့်ပစ်ထားတာကို ယခုထိမသိရသေးဘဲ သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့လည်း သိရပါတယ် ။ ကလေးငယ်ဟာ အသက်မသေသေးသော်လည်း စွန့်ပစ်ရာမှာ အသုံးပြူထားတဲ့ အဝတ်စတွေကြောင့်မွန်းကြပ်တာတွေ ဖြစ်နေပြီုး ရာသီဥတုအ‌ခြေအနေအပြင် မွေးစကတည်း စွန့်ပစ်ထားတဲ့ အတွက်…
Read More
တရားရုံးကိုဖိနပ်နဲ့ပေါက်တဲ့ ရှေ့နေဦးဇော်ဝင်းကို ထောင်ဒဏ်(၂)နှစ်ချ
မန္တလေး၊ နိုဝင်ဘာ ၂၀-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်တရားရုံးမှာ ၂၀၁၈ခုနှစ်က တရားရုံးဆိုင်းဘုတ်ကို ဖိနပ်နဲ့ ပေါက်ခဲ့တဲ့ ရှေ့နေဦးဇော်ဝင်းကို ဒီက‌နေ့နေ့လယ်ပိုင်းက ပြည်ကြီးတံခွန်တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၂)နှစ်ချမှတ်ခဲ့ပါတယ်။ ပြည်ကြီးတံခွန်တရားရုံးမှာ အမှုတစ်ခုကို ရှေ့နေဦးဇော်ဝင်းက လာရောက်ကြည့်တဲ့အချိန် အမှုကအမိန့်ချတာကို မတရားတဲ့အတွက် တရားရုံးဆိုင်းဘုတ်ကို ဖိနပ်နဲ့ခဲ့ပေါက်ခဲ့တာဖြစ်ပါတယ်။ ” ကျနော်က ဘာမှပြောစရာမရှိဘူး၊ ဒီတရားစီရင်ရေးဟာ တရားမျှတမူကို ရှေ့မရှုဘူး ၊အများပြည်သူအတွက်ရှေ့ရှုတဲ့အတွက် ဒီချတဲ့အမိန့် စွဲချက်အမိန့်တွေကို ခရိုင်ပြင်ဆင်ချက်မတက်ဘူး ၊ကျနော်တို့အယူခံမတက်ဘူး” လို့ ရှေ့နေဦးဇော်ဝင်းက အမိန့်ချအပြီးမှာ ပြောဆိုခဲ့ပါတယ်။ ရှေ့နေဦးဇော်ဝင်းကို ပြည်ကြီးတံခွန်တရားရုံးက ယင်းအမှုတစ်ခုထဲ တရားစွဲဆိုထားတာမဟုတ်ပဲ တခြားအမှုတွေရှိသေး‌တာကို မြို့နယ်တရားသူကြီး ဦးအောင်ကျော်ဦးက ” ဦးဇော်ဝင်းကို ဒီမှာစွဲထားတာ အားလုံးပေါင်း ၃ မူရှိပါတယ် ၊ ၂ မှုကတော့ကျန်နေသေးတယ် တစ်မှုကတော့ တရားရုံးကိုစော်ကားလို့ဆိုပြီး ဒုမြို့နယ်တရားသူကြီးကစွဲထားတာပါ ရာဇသတ်ကြီးပုဒ်မ ၂၉၄- ၃၅၃-…
Read More
စက်မှုဝန်ကြီးဌာနနဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနနှစ်ခု ပေါင်းစည်းတာကို အခုမှဆောင်ရွက်လာတာက အင်မတန်သံသယဖြစ်စရာကိစ္စတစ်ခုဖြစ်
နေပြည်တော်၊ နိုဝင်ဘာ ၂၀-၂၀၁၉ သီရိ(VOM) နိုင်ငံ့အပေါ်အမှန်တကယ်စေတနာရှိပါက စက်မှုဝန်ကြီးဌာနနဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနနှစ်ခု ပေါင်စည်း မယ့်ကိစ္စကို ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကတည်းက ဆောင်ရွက်ရမှာဖြစ်ပြီး အခုလို အစိုးရသက်တမ်း တစ်နှစ်သာကျန်တော့တဲ့အချိန်မှာ ဆောင်ရွက်လာတာက အင်မတန်သံသယဖြစ်စရာကိစ္စတစ်ခုဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးမှ မင်းကင်းကိုယ်စားလှယ် ဦးမောင်မြင့်က နိုဝင်ဘာလ ၂၀ ရက်ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ သုံးသပ်ပြောကြာလိုက်ပါတယ်။ စက်မှုဝန်ကြီးဌာန နဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းရေးကိစ္စနှင့် စပ်လျှဉ်းဆွေးနွေးချိန်မှာ သုံးသပ်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ “လက်ရှိအစိုးရအနေနဲ့ မိမိတို့အစိုးရကာလမှာ ဒီစနစ်ကြီးတစ်ခုလုံးကို ရာခိုင်နှုန်းပြည့် ပြီးပြတ်အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဘဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း တက်လာမယ့် အစိုးရကို အခက်အခဲတွေ ဖြစ်အောင် ဖန်တီးခဲ့သလို ဖြစ်နေတယ်လို့ ကျနော်က သုံးသပ်ပါတယ်။ဒီစနစ်ကို တကယ်စေတနာရှိလို့ လုပ်ချင်တယ်ဆိုရင် ၂၀၁၆-၂၀၁၇ ကလည်းက လုပ်ခဲ့ရမှာပါ။ အခုလို အစိုးရကာလအဆုံးသတ်ဖို့ တစ်နှစ်အလိုကျမှ…
Read More
တရုတ်နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် လူ ၁၅ ဦးသေဆုံး
ပေကျင်း၊ နိုဝင်ဘာ-၂၀-၂၀၁၉ မျိုးဆက် (VOM) တရုတ်နိုင်ငံရှိ ကျောက်မီးသွေးတွင်းတစ်ခုမှာ ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခြင်းကြောင့် လူ ၁၅ ဦးထက်မနည်းသေဆုံးသွားပြီး ကိုးဦးဒါဏ်ရာရရှိသွားတယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ ပေါက်ကွဲမှုဟာ တရုတ်နိုင်ငံမြောက်ပိုင်း ရှန်စီပြည်နယ်ရှိ ဖန်းယန်အုပ်စုကုမ္ပဏီက ပိုင်ဆိုင်တဲ့ ကျောက်မီးသွေးတွင်းတစ်ခုမှာ နိုဝင်ဘာ ၁၉ ရက်နေ့လယ် ၁ နာရီ ငါးဆယ်မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားချိန်မှာ မြေအောက်လှိုဏ်ခေါင်းအတွင်း အလုပ်သမား ၃၅ ဦးရှိနေပြီး ၁၁ ဦးကို ဘေးကင်းစွာနဲ့ ကယ်ထုတ်နိုင်ခဲ့ကာ ကျန်အလုပ်သမားတွေကတော့ သေဆုံး သို့မဟုတ် ဒါဏ်ရာရရှိခဲ့ပါတယ်။ ဒါဏ်ရာရရှိတဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေး အခြေအနေကောင်းမွန်တယ်လို့ သတင်းတွေက ဖော်ပြထားပြီး ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံမှာ၂၀၁၆ ခုနှစ်ကလည်း နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဟယ်လောင်ဂျင်ပြည်နယနဲ့ မြောက်ပိုင်းရှိ အတွင်းမွန်ဂိုလီးယားဒေသတို့မှာ သတ္တုတွင်းပေါက်ကွဲမှုဖြစ်စဉ်နှစ်ခုကြောင့် လူ…
Read More
ရန်ကုန်-စစ်တွေ ခရီးသည်တင်ကားမီးလောင်၊ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်ထွက်ပြေး
မကွေး၊ နိုဝင်ဘာ၂၀-၂၀၁၉ ဂျန်ကိုးလ်(VOM) မကွေးတိုင်းဒေသကြီးသရက်ခရိုင်မင်းလှမြို့နယ်ပုသိမ်မုံရွာလမ်းမကြီးမိုင်တိုင်အမှတ်၂၁၅/၁အနီးမှာနိုဝင်ဘာ၁၉ရက်ညပိုင်းက ရန်ကုန်-စစ်တွေခရီးသည်တင်EXPRESS မှန်လုံယာဉ်(မာန်သစ္စာ) ကားဟာ ဝဲဘက်ဘရိတ်ရှုး အပူလွန်ကဲရာက မီးလောင်ခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေထံက‌နေ သိရပါတယ်။ ကားပေါ်မှာခရီးသည်၈ဦး အပါအ၀င် ယာဉ်မောင်းနဲ့နောက်လိုက်အပါအဝင်စုစုပေါင်း၁၀ဦးလိုက်ပါလာတာဖြစ်ပါတယ်။ ”ကားပေါ်မှာငပိ ငါးခြောက်တွေပါလာတယ် ရန်ကုန်ကနေ စစ်တွေပြန်တင်တာထူးဆန်းတယ်၊ အချိုခြောက်တွေလားမသိဘူး ကားကတော့အကုန်လောင်သွားပါတယ်”လို့မျက်မြင်တွေ့ရှိသူ ကိုကျော်ထင်ကပြောပါတယ် မီးလောင်မှုကြောင့် ခရီးသည်တွေတော့ ထိခိုက်ဒဏ်ရာမရှိဘဲယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်ကတော့ တိမ်းရှောင်သွားတယ်လို့ သိရပါတယ်။ ”ကားမီးလောင်တာကတော့​ မောင်းနေရင်း ဘယ်ဘက်နောက်ဘီးဘရိတ်ကပ်ပြီး အပူလွန်ကဲလောင်တာပါ ကားပေါ်မှာအမျိုးသမီးတစ်ယောက် အမျိုးသားယောက်ပါတယ် ယာဉ်မောင်းနဲ့စပါယ်ယာကတော့လန့်ပြီးထွက်ပြေးသွားတယ် ကျနော်တို့ကရာဇသတ်ကြီးပုဒ်မ၂၈၅နဲ့အမှု့ဖွင့်ထားတယ် ၊ ထိခိုက်ဒဏ်ရာရသူမရှိဘူး၊ ကားတော့မီးလောင်ပျက်စီးဆုံးရှုံးတယ်”လို့ရေနံမနယ်မြေရဲစခန်းမှူးရဲအုပ်အောင်မင်းဦးကပြောပါတယ်။ မီးလောင်ရာကို ရှမ်းတပ်ကြီးနယ်မြေမီးသတ်စခန်း၊ ရေနံမနယ်မြေမီးသတ်စခန်းတို့နဲ့အနီးနားကပြည်သူတွေ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းငြိမ်းသတ်ခဲ့တာကြောင့် မီးငြိမ်းခဲ့တယ်လို့သိရပါတယ်။ အမှုကို ရေနံမနယ်မြေရဲစခန်းက (ပ)၁၁၂/၂၀၁၉ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၈၅ အရ အမှု့ဖွင့်ထားပြီးတိမ်းရှောင်သူများကိုဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ပုသိမ်-မုံရွာလမ်းမကြီး၂၂၇/၂မှာ ရန်ကုန်-စစ်တွေခရီးသည်တင်မှန်လုံEXPRESSယာဉ်တစ်စီး မောင်းနေရင်းနဲ့ အဲကွန်းစနစ်ချို့ယွင်းတာကြောင့် မီးလောင်မှု့ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။ #voiceofmyanmar…
Read More
ရလဒ်ဆိုးနေတဲ့ စပါးအသင်း နည်းပြပိုချက်တီနိုကို ထုတ်ပယ်ပြီး မော်ရင်ဟိုကို အစားထိုးခန့်အပ်
လန်ဒန်၊ နိုဝင်ဘာ-၂၀-၂၀၁၉ မျိုးဆက် (VOM) အင်္ဂလန် ပရီးမီးယားလိဂ် စပါးအသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ထုတ်ပယ်လိုက်တဲ့ အသင်းနည်းပြ ပိုချက်တီနိုရဲ့နေရာမှာ မော်ရင်ဟိုကို အစားထိုးခန့်အပ်လိုက်ပါတယ်။ မော်ရင်ဟိုဟာ စပါးအသင်းနဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် ဘောလုံးရာသီပြီးချိန်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လန်ဒန်မြောက်ပိုင်းအသင်းဖြစ်တဲ့ လက်ရှိပရီးမီးယားလိဂ် ဘောလုံးရာသီမှာ အဆင့် ၁၄ နေရာရောက်ရှိနေပြီး နောက်ဆုံးငါးပွဲ ယှဉ်ပြိုင်ကစားရာမှာ အနိုင်မရခဲ့တာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းကို မိုရင်ဟို ကိုင်တွယ်ရတော့မှာဖြစ်ပါတယ်။ စပါးအသင်းဟာ ရလဒ်တွေဆိုးရွားနေတာကြောင့် အသင်းကို ၅ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ ဘုတ်အဖွဲ့က ဆုံးဖြတ်လိုက်တာပါ။ မော်ရင်ဟိုဟာ အအောင်မြင်ဆုံး မန်နေဂျာတစ်ဦးဖြစ်တယ်လို့ စပါးအသင်းရဲ့ ဥက္ကဌ ဒန်နီယဲလပ်ဗီက ချီးကျူးပြောဆိုလိုက်ပါတယ်။ စပါးအသင်းနဲ့ ဘောလုံးအကယ်ဒမီရဲ့ အရည်အသွေးက ကျွန်တော်ကို စိတ်လှုပ်ရှားစေတယ်လို့ မိုရင်ဟိုကတော့…
Read More
VOM News
FREE
VIEW