ရန္ကုန္-စစ္ေတြ ခရီးသည္တင္ကားမီးေလာင္၊ ယာဥ္ေမာင္းနဲ႕ယာဥ္ေနာက္လိုက္ထြက္ေျပး

မေကြး၊ နိုဝင္ဘာ၂၀-၂၀၁၉
ဂ်န္ကိုးလ္(VOM)

မေကြးတိုင္းေဒသႀကီးသရက္ခရိုင္မင္းလွၿမိဳ႕နယ္ပုသိမ္မုံ႐ြာလမ္းမႀကီးမိုင္တိုင္အမွတ္၂၁၅/၁အနီးမွာနိုဝင္ဘာ၁၉ရက္ညပိုင္းက ရန္ကုန္-စစ္ေတြခရီးသည္တင္EXPRESS မွန္လုံယာဥ္(မာန္သစၥာ) ကားဟာ
ဝဲဘက္ဘရိတ္ရႈး အပူလြန္ကဲရာက မီးေလာင္ခဲ့တယ္လို႔မ်က္ျမင္ေတြ႕ရွိသူေတြထံက‌ေန သိရပါတယ္။

ကားေပၚမွာခရီးသည္၈ဦး အပါအ၀င္ ယာဥ္ေမာင္းနဲ႕ေနာက္လိုက္အပါအဝင္စုစုေပါင္း၁၀ဦးလိုက္ပါလာတာျဖစ္ပါတယ္။

”ကားေပၚမွာငပိ ငါးေျခာက္ေတြပါလာတယ္ ရန္ကုန္ကေန စစ္ေတြျပန္တင္တာထူးဆန္းတယ္၊ အခ်ိဳေျခာက္ေတြလားမသိဘူး ကားကေတာ့အကုန္ေလာင္သြားပါတယ္”လို႔မ်က္ျမင္ေတြ႕ရွိသူ ကိုေက်ာ္ထင္ကေျပာပါတယ္

မီးေလာင္မႈေၾကာင့္ ခရီးသည္ေတြေတာ့ ထိခိုက္ဒဏ္ရာမရွိဘဲယာဥ္ေမာင္းနဲ႕ယာဥ္ေနာက္လိုက္ကေတာ့ တိမ္းေရွာင္သြားတယ္လို႔ သိရပါတယ္။

”ကားမီးေလာင္တာကေတာ့​ ေမာင္းေနရင္း ဘယ္ဘက္ေနာက္ဘီးဘရိတ္ကပ္ၿပီး အပူလြန္ကဲေလာင္တာပါ ကားေပၚမွာအမ်ိဳးသမီးတစ္ေယာက္ အမ်ိဳးသားေယာက္ပါတယ္ ယာဥ္ေမာင္းနဲ႕စပါယ္ယာကေတာ့လန့္ၿပီးထြက္ေျပးသြားတယ္ က်ေနာ္တို႔ကရာဇသတ္ႀကီးပုဒ္မ၂၈၅နဲ႕အမႈ႕ဖြင့္ထားတယ္ ၊ ထိခိုက္ဒဏ္ရာရသူမရွိဘူး၊ ကားေတာ့မီးေလာင္ပ်က္စီးဆုံးရႈံးတယ္”လို႔ေရနံမနယ္ေျမရဲစခန္းမႉးရဲအုပ္ေအာင္မင္းဦးကေျပာပါတယ္။

မီးေလာင္ရာကို ရွမ္းတပ္ႀကီးနယ္ေျမမီးသတ္စခန္း၊ ေရနံမနယ္ေျမမီးသတ္စခန္းတို႔နဲ႕အနီးနားကျပည္သူေတြ ရဲတပ္ဖြဲ႕၀င္ေတြ ပူးေပါင္းၿငိမ္းသတ္ခဲ့တာေၾကာင့္ မီးၿငိမ္းခဲ့တယ္လို႔သိရပါတယ္။

အမႈကို ေရနံမနယ္ေျမရဲစခန္းက
(ပ)၁၁၂/၂၀၁၉ ၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ-၂၈၅ အရ
အမႈ႕ဖြင့္ထားၿပီးတိမ္းေရွာင္သူမ်ားကိုဖမ္းဆီးရမိေရးေဆာင္႐ြက္ေနတယ္လို႔သိရပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလကလည္း ပုသိမ္-မုံ႐ြာလမ္းမႀကီး၂၂၇/၂မွာ ရန္ကုန္-စစ္ေတြခရီးသည္တင္မွန္လုံEXPRESSယာဥ္တစ္စီး ေမာင္းေနရင္းနဲ႕ အဲကြန္းစနစ္ခ်ိဳ႕ယြင္းတာေၾကာင့္ မီးေလာင္မႈ႕ျဖစ္ပြားခဲ့ေသးတယ္လို႔ သိရပါတယ္။

#voiceofmyanmar #မေကြး #ကားမီးေလာင္ #ယာဥ္ေမာင္းထြက္ေျပး

Unicode

ရန်ကုန်-စစ်တွေ ခရီးသည်တင်ကားမီးလောင်၊ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်ထွက်ပြေး

မကွေး၊ နိုဝင်ဘာ၂၀-၂၀၁၉
ဂျန်ကိုးလ်(VOM)

မကွေးတိုင်းဒေသကြီးသရက်ခရိုင်မင်းလှမြို့နယ်ပုသိမ်မုံရွာလမ်းမကြီးမိုင်တိုင်အမှတ်၂၁၅/၁အနီးမှာနိုဝင်ဘာ၁၉ရက်ညပိုင်းက ရန်ကုန်-စစ်တွေခရီးသည်တင်EXPRESS မှန်လုံယာဉ်(မာန်သစ္စာ) ကားဟာ
ဝဲဘက်ဘရိတ်ရှုး အပူလွန်ကဲရာက မီးလောင်ခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေထံက‌နေ သိရပါတယ်။

ကားပေါ်မှာခရီးသည်၈ဦး အပါအဝင် ယာဉ်မောင်းနဲ့နောက်လိုက်အပါအဝင်စုစုပေါင်း၁၀ဦးလိုက်ပါလာတာဖြစ်ပါတယ်။

”ကားပေါ်မှာငပိ ငါးခြောက်တွေပါလာတယ် ရန်ကုန်ကနေ စစ်တွေပြန်တင်တာထူးဆန်းတယ်၊ အချိုခြောက်တွေလားမသိဘူး ကားကတော့အကုန်လောင်သွားပါတယ်”လို့မျက်မြင်တွေ့ရှိသူ ကိုကျော်ထင်ကပြောပါတယ်

မီးလောင်မှုကြောင့် ခရီးသည်တွေတော့ ထိခိုက်ဒဏ်ရာမရှိဘဲယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်ကတော့ တိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

”ကားမီးလောင်တာကတော့ မောင်းနေရင်း ဘယ်ဘက်နောက်ဘီးဘရိတ်ကပ်ပြီး အပူလွန်ကဲလောင်တာပါ ကားပေါ်မှာအမျိုးသမီးတစ်ယောက် အမျိုးသားယောက်ပါတယ် ယာဉ်မောင်းနဲ့စပါယ်ယာကတော့လန့်ပြီးထွက်ပြေးသွားတယ် ကျနော်တို့ကရာဇသတ်ကြီးပုဒ်မ၂၈၅နဲ့အမှု့ဖွင့်ထားတယ် ၊ ထိခိုက်ဒဏ်ရာရသူမရှိဘူး၊ ကားတော့မီးလောင်ပျက်စီးဆုံးရှုံးတယ်”လို့ရေနံမနယ်မြေရဲစခန်းမှူးရဲအုပ်အောင်မင်းဦးကပြောပါတယ်။

မီးလောင်ရာကို ရှမ်းတပ်ကြီးနယ်မြေမီးသတ်စခန်း၊ ရေနံမနယ်မြေမီးသတ်စခန်းတို့နဲ့အနီးနားကပြည်သူတွေ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းငြိမ်းသတ်ခဲ့တာကြောင့် မီးငြိမ်းခဲ့တယ်လို့သိရပါတယ်။

အမှုကို ရေနံမနယ်မြေရဲစခန်းက
(ပ)၁၁၂/၂၀၁၉ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၈၅ အရ
အမှု့ဖွင့်ထားပြီးတိမ်းရှောင်သူများကိုဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ပုသိမ်-မုံရွာလမ်းမကြီး၂၂၇/၂မှာ ရန်ကုန်-စစ်တွေခရီးသည်တင်မှန်လုံEXPRESSယာဉ်တစ်စီး မောင်းနေရင်းနဲ့ အဲကွန်းစနစ်ချို့ယွင်းတာကြောင့် မီးလောင်မှု့ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #မကွေး #ကားမီးလောင် #ယာဉ်မောင်းထွက်ပြေး

Related posts

Leave a Comment

VOM News

FREE
VIEW