တ႐ုတ္နိုင္ငံမွာ ေက်ာက္မီးေသြးတြင္း ေပါက္ကြဲမႈေၾကာင့္ လူ ၁၅ ဦးေသဆုံး

ေပက်င္း၊ နို၀င္ဘာ-၂၀-၂၀၁၉
မ်ိဳးဆက္ (VOM)

တ႐ုတ္နိုင္ငံရွိ ေက်ာက္မီးေသြးတြင္းတစ္ခုမွာ ဓါတ္ေငြ႕ေပါက္ကြဲမႈတစ္ခုျဖစ္ပြားျခင္းေၾကာင့္ လူ ၁၅ ဦးထက္မနည္းေသဆုံးသြားၿပီး ကိုးဦးဒါဏ္ရာရရွိသြားတယ္လို႔ ေဒသဆိုင္ရာအာဏာပိုင္ေတြနဲ႕ တ႐ုတ္နိုင္ငံပိုင္သတင္းဌာနက ေဖာ္ျပထားပါတယ္။

ေပါက္ကြဲမႈဟာ တ႐ုတ္နိုင္ငံေျမာက္ပိုင္း ရွန္စီျပည္နယ္ရွိ ဖန္းယန္အုပ္စုကုမၸဏီက ပိုင္ဆိုင္တဲ့ ေက်ာက္မီးေသြးတြင္းတစ္ခုမွာ နို၀င္ဘာ ၁၉ ရက္ေန႕လယ္ ၁ နာရီ ငါးဆယ္မိနစ္မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

အခင္းျဖစ္ပြားခ်ိန္မွာ ေျမေအာက္လွိုဏ္ေခါင္းအတြင္း အလုပ္သမား ၃၅ ဦးရွိေနၿပီး ၁၁ ဦးကို ေဘးကင္းစြာနဲ႕ ကယ္ထုတ္နိုင္ခဲ့ကာ က်န္အလုပ္သမားေတြကေတာ့ ေသဆုံး သို႔မဟုတ္ ဒါဏ္ရာရရွိခဲ့ပါတယ္။

ဒါဏ္ရာရရွိတဲ့ အလုပ္သမားေတြရဲ႕ က်န္းမာေရး အေျခအေနေကာင္းမြန္တယ္လို႔ သတင္းေတြက ေဖာ္ျပထားၿပီး ေပါက္ကြဲမႈျဖစ္ပြားရတဲ့ အေၾကာင္းရင္းနဲ႕ ပတ္သက္ၿပီး အာဏာပိုင္ေတြက စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနပါတယ္။

တ႐ုတ္နိုင္ငံမွာ၂၀၁၆ ခုႏွစ္ကလည္း နိုင္ငံအေရွ႕ေျမာက္ပိုင္းရွိ ဟယ္ေလာင္ဂ်င္ျပည္နယနဲ႕ ေျမာက္ပိုင္းရွိ အတြင္းမြန္ဂိုလီးယားေဒသတို႔မွာ သတၱဳတြင္းေပါက္ကြဲမႈျဖစ္စဥ္ႏွစ္ခုေၾကာင့္ လူ ၃၈ ဦးထက္မနည္း ေသဆုံးခဲ့ပါတယ္။

Ref : UPI
Photo : AFP
#voiceofmyanmar #တ႐ုတ္ #ေက်ာက္မီးေသြူတြင္း #ေပါက္ကြဲ

Unicode

တရုတ်နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် လူ ၁၅ ဦးသေဆုံး

ပေကျင်း၊ နိုဝင်ဘာ-၂၀-၂၀၁၉
မျိုးဆက် (VOM)

တရုတ်နိုင်ငံရှိ ကျောက်မီးသွေးတွင်းတစ်ခုမှာ ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခြင်းကြောင့် လူ ၁၅ ဦးထက်မနည်းသေဆုံးသွားပြီး ကိုးဦးဒါဏ်ရာရရှိသွားတယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုဟာ တရုတ်နိုင်ငံမြောက်ပိုင်း ရှန်စီပြည်နယ်ရှိ ဖန်းယန်အုပ်စုကုမ္ပဏီက ပိုင်ဆိုင်တဲ့ ကျောက်မီးသွေးတွင်းတစ်ခုမှာ နိုဝင်ဘာ ၁၉ ရက်နေ့လယ် ၁ နာရီ ငါးဆယ်မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွားချိန်မှာ မြေအောက်လှိုဏ်ခေါင်းအတွင်း အလုပ်သမား ၃၅ ဦးရှိနေပြီး ၁၁ ဦးကို ဘေးကင်းစွာနဲ့ ကယ်ထုတ်နိုင်ခဲ့ကာ ကျန်အလုပ်သမားတွေကတော့ သေဆုံး သို့မဟုတ် ဒါဏ်ရာရရှိခဲ့ပါတယ်။

ဒါဏ်ရာရရှိတဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေး အခြေအနေကောင်းမွန်တယ်လို့ သတင်းတွေက ဖော်ပြထားပြီး ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံမှာ၂၀၁၆ ခုနှစ်ကလည်း နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဟယ်လောင်ဂျင်ပြည်နယနဲ့ မြောက်ပိုင်းရှိ အတွင်းမွန်ဂိုလီးယားဒေသတို့မှာ သတ္တုတွင်းပေါက်ကွဲမှုဖြစ်စဉ်နှစ်ခုကြောင့် လူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Ref : UPI
Photo : AFP
#voiceofmyanmar #တရုတ် #ကျောက်မီးသွေူတွင်း #ပေါက်ကွဲ

Related posts

Leave a Comment

VOM News

FREE
VIEW