ရလဒ္ဆိုးေနတဲ႔ စပါးအသင္း နည္းျပပိုခ်က္တီနိုကို ထုတ္ပယ္ျပီး ေမာ္ရင္ဟုိကို အစားထိုးခန္႔အပ္

လန္ဒန္၊ နို၀င္ဘာ-၂၀-၂၀၁၉
မိ်ဳးဆက္ (VOM)

အဂၤလန္ ပရီးမီးယားလိဂ္ စပါးအသင္းဟာ ျပီးခဲ႔တဲ႔ နိုဝင္ဘာ ၁၉ ရက္ေန႔က ထုတ္ပယ္လုိက္တဲ႔ အသင္းနည္းျပ ပိုခ်က္တီနိုရဲ႕ေနရာမွာ ေမာ္ရင္ဟိုကို အစားထိုးခန္႔အပ္လိုက္ပါတယ္။

ေမာ္ရင္ဟိုဟာ စပါးအသင္းနဲ႔ ၂၀၂၂-၂၀၂၃ ခုနွစ္ ေဘာလံုးရာသီျပီးခ်ိန္အထိ စာခ်ဳပ္ခ်ဳပ္ဆိုခဲ႔ပါတယ္။ လန္ဒန္ေျမာက္ပိုင္းအသင္းျဖစ္တဲ႔ လက္ရိွပရီးမီးယားလိဂ္ ေဘာလံုးရာသီမွာ အဆင္႔ ၁၄ ေနရာေရာက္ရိွေနျပီး ေနာက္ဆံုးငါးပြဲ ယွဥ္ျပိဳင္ကစားရာမွာ အနိုင္မရခဲ႔တာေၾကာင္႔ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတဲ႔ အသင္းကို မိုရင္ဟို ကိုင္တြယ္ရေတာ႔မွာျဖစ္ပါတယ္။

စပါးအသင္းဟာ ရလဒ္ေတြဆိုးရြားေနတာေၾကာင္႔ အသင္းကို ၅ နွစ္ၾကာ တာ၀န္ယူခဲ႔တဲ႔ ပိုခ်က္တီနိုကို ရာထူးကေန ထုတ္ပယ္ဖို႔ ဘုတ္အဖြဲ႔က ဆံုးျဖတ္လိုက္တာပါ။

ေမာ္ရင္ဟိုဟာ အေအာင္ျမင္ဆံုး မန္ေနဂ်ာတစ္ဦးျဖစ္တယ္လို႔ စပါးအသင္းရဲ႕ ဥကၠဌ ဒန္နီယဲလပ္ဗီက ခ်ီးက်ဴးေျပာဆိုလုိက္ပါတယ္။ စပါးအသင္းနဲ႔ ေဘာလံုးအကယ္ဒမီရဲ႕ အရည္အေသြးက ကြ်န္ေတာ္ကို စိတ္လႈပ္ရွားေစတယ္လို႔ မိုရင္ဟိုကေတာ႔ ဆိုပါတယ္။

စပါးအသင္းရဲ႕ ကစားသမားေတြနဲ႔ အလုပ္တြဲလုပ္ရမွာက သူ႔ကိုဆြဲေဆာင္ေစခဲ႔တယ္လို႔ ေျပာပါတယ္။ အသက္ ၅၆ နွစ္အရြယ္ နည္းျပေမာ္ရင္ဟိုဟာ မန္ယူအသင္းကေန ၂၀၁၈ ခုနွစ္ ဒီဇင္ဘာလအတြင္းမွာ ထုတ္ပယ္ခံရျပီးေနာက္ ဘယ္ေဘာလံုးအသင္းကိုမွ ကိုင္တြယ္နည္းျပျခင္းမရိွခဲ႔ပါဘူး။ အဲဒီေနာက္ပိုင္းမွာလည္း တရုတ္၊ စပိန္နဲ႔ ေပၚတူဂီနုိင္ငံေတြမွာ နည္းျပအျဖစ္ ကမ္းလွမ္းမႈေတြကို ပယ္ခ်ခဲ႔ပါတယ္။

Ref : RT Photo : Reuters
#voiceofmyanmar #စပါးအသင္း #ေမာ္ရင္ဟို

Unicode

ရလဒ်ဆိုးနေတဲ့ စပါးအသင်း နည်းပြပိုချက်တီနိုကို ထုတ်ပယ်ပြီး မော်ရင်ဟိုကို အစားထိုးခန့်အပ်

လန်ဒန်၊ နိုဝင်ဘာ-၂၀-၂၀၁၉
မျိုးဆက် (VOM)

အင်္ဂလန် ပရီးမီးယားလိဂ် စပါးအသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ထုတ်ပယ်လိုက်တဲ့ အသင်းနည်းပြ ပိုချက်တီနိုရဲ့နေရာမှာ မော်ရင်ဟိုကို အစားထိုးခန့်အပ်လိုက်ပါတယ်။

မော်ရင်ဟိုဟာ စပါးအသင်းနဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် ဘောလုံးရာသီပြီးချိန်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လန်ဒန်မြောက်ပိုင်းအသင်းဖြစ်တဲ့ လက်ရှိပရီးမီးယားလိဂ် ဘောလုံးရာသီမှာ အဆင့် ၁၄ နေရာရောက်ရှိနေပြီး နောက်ဆုံးငါးပွဲ ယှဉ်ပြိုင်ကစားရာမှာ အနိုင်မရခဲ့တာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းကို မိုရင်ဟို ကိုင်တွယ်ရတော့မှာဖြစ်ပါတယ်။

စပါးအသင်းဟာ ရလဒ်တွေဆိုးရွားနေတာကြောင့် အသင်းကို ၅ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ ဘုတ်အဖွဲ့က ဆုံးဖြတ်လိုက်တာပါ။

မော်ရင်ဟိုဟာ အအောင်မြင်ဆုံး မန်နေဂျာတစ်ဦးဖြစ်တယ်လို့ စပါးအသင်းရဲ့ ဥက္ကဌ ဒန်နီယဲလပ်ဗီက ချီးကျူးပြောဆိုလိုက်ပါတယ်။ စပါးအသင်းနဲ့ ဘောလုံးအကယ်ဒမီရဲ့ အရည်အသွေးက ကျွန်တော်ကို စိတ်လှုပ်ရှားစေတယ်လို့ မိုရင်ဟိုကတော့ ဆိုပါတယ်။

စပါးအသင်းရဲ့ ကစားသမားတွေနဲ့ အလုပ်တွဲလုပ်ရမှာက သူ့ကိုဆွဲဆောင်စေခဲ့တယ်လို့ ပြောပါတယ်။ အသက် ၅၆ နှစ်အရွယ် နည်းပြမော်ရင်ဟိုဟာ မန်ယူအသင်းကနေ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ထုတ်ပယ်ခံရပြီးနောက် ဘယ်ဘောလုံးအသင်းကိုမှ ကိုင်တွယ်နည်းပြခြင်းမရှိခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာလည်း တရုတ်၊ စပိန်နဲ့ ပေါ်တူဂီနိုင်ငံတွေမှာ နည်းပြအဖြစ် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပါတယ်။

Ref : RT Photo : Reuters
#voiceofmyanmar #စပါးအသင်း #မော်ရင်ဟို

Related posts

Leave a Comment

VOM News

FREE
VIEW