လယ္ကြင္းထဲမွာ ခ်က္ႀကိဳးတန္းလန္းနဲ႔ ေမြးကင္းစမိန္းကေလးငယ္တစ္ဦး စြန႔္ပစ္ခံရ

ပဲခူး ၊ ႏိုဝင္ဘာလ ၂၀-၂၀၁၉
လမင္း (VOM)

ပဲခူးၿမိဳ႔ ၊ မဇင္းရပ္ကြက္ ၊ ေၾကးနီလမ္းက မီးရထားသံလမ္းေဟာင္းေဘးမွာရိွတဲ့လယ္ကြက္တစ္ကြက္ထဲမွာ ႏိုဝင္ဘာလ ၁၈ ရက္ေန့ ညေနပိုင္းက ခ်က္ႀကိဳးတန္းလန္းနဲ႔ေမြးကင္းစ မိန္းကေလးငယ္တစ္ဦးကိုအဝတ္စ‌ေတြနဲ႔ပတ္ၿပီး လာေရာက္စြန႔္ပစ္ထားတာျဖစ္တယ္လို႔ သိရပါတယ္ ။

“ကြၽန္မတို႔ ဒီလယ္ကြက္နားမွာ ကေလးငိုသံလိုလိုၾကားတယ္ သရဲ‌ေျခာက္တယ္ဘာညာနဲ႔ေကာလဟာလေတြကေတာ့ ေန႔လည္ ၁၂ နာရီထဲကပဲ အခုဒီညေနေရာက္ေတာ့မွ အေၾကာင္းၾကားလာလို႔ ကြ်န္မတို႔သြားရွာတဲ့အခါမွ ကေလးကိုလုံခ်ည္ေတြ အဝတ္ေတြနဲ႔ထုပ္ၿပီး စြန္႔ပစ္သြားတာ။ ကေလးက မိန္းကေလး” လို႔ မဇင္းရပ္ကြက္ ၊ ၾကာနီကန္လမ္းက ရာအိမ္မွူးေဒၚသဲသဲကေျပာပါတယ္ ။

ဒီကေလးငယ္ကို ဘယ္သူက လာေရာက္စြန႔္ပစ္ထားတာကို ယခုထိမသိရေသးဘဲ သက္ဆိုင္ရာတာဝန္ရိွသူေတြက စံုစမ္းစစ္ေဆးေနဆဲျဖစ္တယ္လို႔လည္း သိရပါတယ္ ။

ကေလးငယ္ဟာ အသက္မေသေသးေသာ္လည္း စြန႔္ပစ္ရာမွာ အသံုးျပဴထားတဲ့ အဝတ္စေတြေၾကာင့္မြန္းၾကပ္တာေတြ ျဖစ္ေနၿပီးု ရာသီဥတုအ‌ေျခအေနအျပင္ ေမြးစကတည္း စြန႔္ပစ္ထားတဲ့ အတြက္ ပဲခူးေဆးရံုႀကီးကို ေဆးကုသခံယူဖို႔ ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္ ။

ဒီလိုအလားတူျဖစ္စဥ္မ်ိဳးကို ႏိုဝင္ဘာလ(၁၁)ရက္ေန႔ကလည္း ပဲခူးၿမိဳ႕ ၊ ဇိုင္းေတာင္ရပ္ကြက္ရိွ ကိုင္းေတာအတြင္းမွာ ၁ လနဲ႔ ၈ ရက္အရြယ္ ေသဆံုးေနတဲ့ ကေလးငယ္တစ္ဦးကို မိဘအရင္းျဖစ္သူေတြက စြန႔္ပစ္တာလည္း ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

#voiceofmyanmar #ပဲခူး #ကေလးစြန္႔ပစ္

Unicode

လယ်ကွင်းထဲမှာ ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစမိန်းကလေးငယ်တစ်ဦး စွန့်ပစ်ခံရ

ပဲခူး ၊ နိုဝင်ဘာလ ၂၀-၂၀၁၉
လမင်း (VOM)

ပဲခူးမြို့ ၊ မဇင်းရပ်ကွက် ၊ ကြေးနီလမ်းက မီးရထားသံလမ်းဟောင်းဘေးမှာရှိတဲ့လယ်ကွက်တစ်ကွက်ထဲမှာ နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ချက်ကြိုးတန်းလန်းနဲ့မွေးကင်းစ မိန်းကလေးငယ်တစ်ဦးကိုအဝတ်စ‌တွေနဲ့ပတ်ပြီး လာရောက်စွန့်ပစ်ထားတာဖြစ်တယ်လို့ သိရပါတယ် ။

“ကျွန်မတို့ ဒီလယ်ကွက်နားမှာ ကလေးငိုသံလိုလိုကြားတယ် သရဲ‌ခြောက်တယ်ဘာညာနဲ့ကောလဟာလတွေကတော့ နေ့လည် ၁၂ နာရီထဲကပဲ အခုဒီညနေရောက်တော့မှ အကြောင်းကြားလာလို့ ကျွန်မတို့သွားရှာတဲ့အခါမှ ကလေးကိုလုံချည်တွေ အဝတ်တွေနဲ့ထုပ်ပြီး စွန့်ပစ်သွားတာ။ ကလေးက မိန်းကလေး” လို့ မဇင်းရပ်ကွက် ၊ ကြာနီကန်လမ်းက ရာအိမ်မှူးဒေါ်သဲသဲကပြောပါတယ် ။

ဒီကလေးငယ်ကို ဘယ်သူက လာရောက်စွန့်ပစ်ထားတာကို ယခုထိမသိရသေးဘဲ သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့လည်း သိရပါတယ် ။

ကလေးငယ်ဟာ အသက်မသေသေးသော်လည်း စွန့်ပစ်ရာမှာ အသုံးပြူထားတဲ့ အဝတ်စတွေကြောင့်မွန်းကြပ်တာတွေ ဖြစ်နေပြီးု ရာသီဥတုအ‌ခြေအနေအပြင် မွေးစကတည်း စွန့်ပစ်ထားတဲ့ အတွက် ပဲခူးဆေးရုံကြီးကို ဆေးကုသခံယူဖို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ် ။

ဒီလိုအလားတူဖြစ်စဉ်မျိုးကို နိုဝင်ဘာလ(၁၁)ရက်နေ့ကလည်း ပဲခူးမြို့ ၊ ဇိုင်းတောင်ရပ်ကွက်ရှိ ကိုင်းတောအတွင်းမှာ ၁ လနဲ့ ၈ ရက်အရွယ် သေဆုံးနေတဲ့ ကလေးငယ်တစ်ဦးကို မိဘအရင်းဖြစ်သူတွေက စွန့်ပစ်တာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #ပဲခူး #ကလေးစွန့်ပစ်

Related posts

Leave a Comment

VOM News

FREE
VIEW