သွေးတစ်စက်အသုံးပြုပြီး ကင်ဆာ ၁၃ မျိုးစစ်ဆေးပေးနိုင်မယ့်နည်းပညာ တိုရှီဘာတီထွင်

Unicode

 

သွေးတစ်စက်အသုံးပြုပြီး ကင်ဆာ ၁၃ မျိုးစစ်ဆေးပေးနိုင်မယ့်နည်းပညာ တိုရှီဘာတီထွင်

တိုကျို၊ ဒီဇင်ဘာ-၁-၂၀၁၉
မျိုးဆက် ( VOM)

လူခန္ဓာကိုယ်က သွေးတစ်စက်ကိုအသုံးပြုပြီး ကင်ဆာရောဂါ ၁၃ မျိုးရှိမရှိ ၉၉ ရာခိုင်နှုန်း တိကျစွာ ရှာဖွေဖော်ထုတ်ပေးနိုင်တဲ့ နည်းပညာတစ်မျိုးကို ဂျပန်နိုင်ငံအခြေစိုက် တိုရှီဘာကုမ္ပဏီက တီထွင်လိုက်ပါတယ်။

တိုရှီဘာဟာ ဒီနည်းပညာနဲ့ပတ်သက်ပြီး အမျိုးသားကင်ဆာဌာနသုတေသန အင်စတီကျု၊ တိုကျိုဆေးတက္ကသလိုလ်တို့နဲ့ ပူပေါင်းဖန်တီးခဲ့တာဖြစ်ပြီး လာမယ့်နှစ်ကစလို့ ဒီနည်းပညာကို စမ်းသပ်အသုံးပြုသွားမှာဖြစ်ကာ နှစ်အနည်းငယ်အတွင်း စီးပွားဖြစ် ထုတ်လုပ်ရောင်းချဖို့် မျှော်လင့်ထားပါတယ်။

ဒီနည်းပညာကိုအသုံးပြုခြင်းအားဖြင့် ကင်ဆာရောဂါရှိမရှိ အချိန်မီသိရှိနိုင်ပြီး ရောဂါရဲ့ အစောပိုင်း အဆင့်တွေကတည်းက ကုသမှုတွေခံယူနိုင်မယ်လို့ တိုရှီဘာကဆိုပါတယ်။ ကင်ဆာဆဲလ်တွေဆီကနေ ထုတ်လုပ်လိုက်တဲ့ သွေးထဲရှိ microRNA မော်လီကျူးတွေကို ထောက်လှမ်းစိစစ်ပြီး ကင်ဆာရောဂါရှိမရှိနဲ့ ဘယ်လိုကင်ဆာအမျိုးအစားလဲဆိုတာ ခွဲခြားပေးတဲ့နည်းပညာအပေါ် အခြေခံထားတာဖြစ်ပါတယ်။

ကင်ဆာရောဂါရှိ မရှိ ထုတ်ဖော်တဲ့နည်းပညာတွေကို တိုရှီဘာအပြင် တိုရေးနဲ့အခြား ကုမ္ပဏီတွေကလည်း ထုတ်လုပ်ထားကြပါတယ်။ ဒါပေမယ့် အဲဒီနည်းပညာတွေထက် ကင်ဆာရောဂါရှာဖွေတွေ့ရှိမှု၊ တိကျမှု၊ အချိန်ကုန်သက်သာမှုနဲ့ ကုန်ကျစရိတ်သက်သာမှုတွေမှာ သာလွန်ကောင်းမွန်တယ်လို့ တိုရှီဘာရဲ့ သုတေသနဌာန အကြီးအကဲ ကိုဂျီဟာရှီမိုတိုက ပြောပါတယ်။
တိုရှီဘာ၏ အဆိုပါနည်းပညာဟာ အဆုတ်၊အသည်း၊ ပန်ကရိယာ၊ အူသိမ်၊ ဆီးအိမ်၊ ဆီးကျိတ်နှင့် ရင်သားကင်ဆာအပါအဝင် ကင်ဆာရောဂါ ၁၃ မျိုးရှိမရှိ စမ်းသပ်နိုင်မှာဖြစ်ပြီး အဆိုပါကိရိယာ တစ်ခုရဲ့ရောင်းဈေးဟာ ယန်းနှစ်သောင်းဝန်းကျင်း ကျသင့်မယ်လို့ တိုရှီဘာက ပြောပါတယ်။

Ref: Japan Times
Photo : Toshiba
#voiceofmyanmar #တိုရှီဘာ #toshiba #ကင်ဆာ၁၃မျိုးစစ်ဆေးပေးနိုင်မယ့်နည်းပညာ

Zawgyi

ေသြးတစ္စက္အသုံးျပဳၿပီး ကင္ဆာ ၁၃ မ်ိဳးစစ္ေဆးေပးႏိုင္မယ့္နည္းပညာ တိုရွီဘာတီထြင္

တိုက်ိဳ၊ ဒီဇင္ဘာ-၁-၂၀၁၉
မ်ိဳးဆက္ ( VOM)

လူခႏၶာကိုယ္က ေသြးတစ္စက္ကိုအသုံးျပဳၿပီး ကင္ဆာေရာဂါ ၁၃ မ်ိဳးရွိမရွိ ၉၉ ရာခိုင္ႏႈန္း တိက်စြာ ရွာေဖြေဖာ္ထုတ္ေပးႏိုင္တဲ့ နည္းပညာတစ္မ်ိဳးကို ဂ်ပန္ႏိုင္ငံအေျခစိုက္ တိုရွီဘာကုမၸဏီက တီထြင္လိုက္ပါတယ္။

တိုရွီဘာဟာ ဒီနည္းပညာနဲ႔ပတ္သက္ၿပီး အမ်ိဳးသားကင္ဆာဌာနသုေတသန အင္စတီက်ဳ၊ တိုက်ိဳေဆးတကၠသလိုလ္တို႔နဲ႔ ပူေပါင္းဖန္တီးခဲ့တာျဖစ္ၿပီး လာမယ့္ႏွစ္ကစလို႔ ဒီနည္းပညာကို စမ္းသပ္အသုံးျပဳသြားမွာျဖစ္ကာ ႏွစ္အနည္းငယ္အတြင္း စီးပြားျဖစ္ ထုတ္လုပ္ေရာင္းခ်ဖို႔္ ေမွ်ာ္လင့္ထားပါတယ္။

ဒီနည္းပညာကိုအသုံးျပဳျခင္းအားျဖင့္ ကင္ဆာေရာဂါရွိမရွိ အခ်ိန္မီသိရွိႏိုင္ၿပီး ေရာဂါရဲ႕ အေစာပိုင္း အဆင့္ေတြကတည္းက ကုသမႈေတြခံယူႏိုင္မယ္လို႔ တိုရွီဘာကဆိုပါတယ္။ ကင္ဆာဆဲလ္ေတြဆီကေန ထုတ္လုပ္လိုက္တဲ့ ေသြးထဲရွိ microRNA ေမာ္လီက်ဴးေတြကို ေထာက္လွမ္းစိစစ္ၿပီး ကင္ဆာေရာဂါရွိမရွိနဲ႔ ဘယ္လိုကင္ဆာအမ်ိဳးအစားလဲဆိုတာ ခြဲျခားေပးတဲ့နည္းပညာအေပၚ အေျခခံထားတာျဖစ္ပါတယ္။

ကင္ဆာေရာဂါရွိ မရွိ ထုတ္ေဖာ္တဲ့နည္းပညာေတြကို တိုရွီဘာအျပင္ တိုေရးနဲ႔အျခား ကုမၸဏီေတြကလည္း ထုတ္လုပ္ထားၾကပါတယ္။ ဒါေပမယ့္ အဲဒီနည္းပညာေတြထက္ ကင္ဆာေရာဂါရွာေဖြေတြ႕ရွိမႈ၊ တိက်မႈ၊ အခ်ိန္ကုန္သက္သာမႈနဲ႔ ကုန္က်စရိတ္သက္သာမႈေတြမွာ သာလြန္ေကာင္းမြန္တယ္လို႔ တိုရွီဘာရဲ႕ သုေတသနဌာန အႀကီးအကဲ ကိုဂ်ီဟာရွီမိုတိုက ေျပာပါတယ္။
တိုရွီဘာ၏ အဆိုပါနည္းပညာဟာ အဆုတ္၊အသည္း၊ ပန္ကရိယာ၊ အူသိမ္၊ ဆီးအိမ္၊ ဆီးက်ိတ္ႏွင့္ ရင္သားကင္ဆာအပါအဝင္ ကင္ဆာေရာဂါ ၁၃ မ်ိဳးရွိမရွိ စမ္းသပ္ႏိုင္မွာျဖစ္ၿပီး အဆိုပါကိရိယာ တစ္ခုရဲ႕ေရာင္းေဈးဟာ ယန္းႏွစ္ေသာင္းဝန္းက်င္း က်သင့္မယ္လို႔ တိုရွီဘာက ေျပာပါတယ္။

Ref: Japan Times
Photo : Toshiba
#voiceofmyanmar #တိုုရွီဘာ #toshiba #ကင္ဆာ၁၃မ်ိဳးစစ္ေဆးေပးနိုုင္မယ့္နည္းပညာ

Related posts

Leave a Comment

VOM News

FREE
VIEW