တမူးမြို့မှာ လွှတ်တော်ကိုယ်စားလှယ်နေအိမ် လက်ပစ်ဗုံးဖြင့်ပစ်ခံရ
တမူးမြို့မှာ လွှတ်တော်ကိုယ်စားလှယ်နေအိမ် လက်ပစ်ဗုံးဖြင့်ပစ်ခံရ
တမူး -ဒီဇင်ဘာ-၄-၂၀၁၉
ရန်နိုင်စိုး
အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း တမူးမြို့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်အိမ်ကို ဒီဇင်ဘာလ ၃ ရက်နေ့ညက အမည်မသိလူနှစ်ဦး ခ်ဥ္းကပ္လာျပီး လက်ပစ်ဗုံးနဲ့ ပစ်သွားပါတယ်။
ပစ်ချသွားတဲ့ လက်ပစ်ဗုံးဟာ ၉၁ အမျိုးစားလက်ပစ်ဗုံးဖြစ်ပြီး စနစ်တံပြုတ်လျှက်သားအနေထားနဲ့ အိမ်ဝန်းထဲရောက်ရှိခဲ့ပေမယ့် ပေါက်ကွဲတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
” ဗုံးက မပေါက်ပါဘူး။ ဘယ်သူဘယ်ဝါလုပ်တယ်ဆိုတာတော့ စုံစမ်းရှာဖွေနေဆဲပါ။ စစ်တပ်ကတော့ ယူသွားတယ် ” လို့ တမူးမြို့နယ် ဒုရဲမှုးသိန်းနိုင်က ပြောပါတယ်။
အခုလို လုပ်ကြံသူဟာ မည်သူမည်ဝါဆိုတာမသိရသေးပေမယ့် ဒါဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးအတွက် စိန်ခေါ်မှုတရပ်ဖြစ်‌တယ်လို့ နေအိမ် လက်ပစ်ဗုံးနဲ့ ပစ်ခံရတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်က ပြောပါတယ်။
” ကျနော်က နေပြည်တော်ရောက်နေတာ။ အိမ်ကဆက်မှ သိရတာ။ တမူးမြို့နယ်အုပ်ချုပ်ရေးမှုးကလည်း အကြောင်းကြားလာတယ်။ တရားခံအမြန်ဆုံးဖမ်းနိုင်အောင်ရှာ‌ဖွေနေတယ်ပေါ့။ ကျနော့်မှာတော့ ဘာရန်ညိုးရန်စမှ မရှိပါဘူး။ ခက်တာက ကျနော်တို့က နယ်စပ်မြို့ဆိုတော့ လူကစုံတယ်။ တမူးမှာ လက်နက်နဲ့ပစ်တယ်ဆို တရားခံဘယ်သူဘယ်ဝါမှန်းမသိရတာများတယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ လုံခြုံရေးဟာ အမြဲခြိမ်း‌ခြောက် ခံနေရတာ။ အနယ်နယ်အရပ်ရပ်က လွှတ်တော်ကိုယ်စားလှယ်တွေလဲ ကြုံတွေ့နေရတယ်။ ရဲဆိုတာက အင်အားက လုံလောက်မှုက ဘာမှသိပ်ရှိတာမဟုတ်ဘူး။ ကျနော်တို့က နိုင်ငံရေးသမားဆိုတော့ လုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်ရမှာပဲ။ အခုဖြစ်စဉ်နဲပတ်သတ်ပြီး ဘာပြောချင်လဲဆိုတော့ ကျနော်တင်မကဘူး လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ လုံခြုံရေးအတွက်ပါ စိန်ခေါ်မှုတရပ်ဖြစ်နေတယ်လို့ ပြောချင်ပါတယ် ” လို့ ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ရဲ့ မိသားစုဝင်တွေမျက်မြင်အရတော့ ဆိုင်ကယ်စီးနင်းလာတဲ့ လူနှစ်ယောက်က နေအိမ်ရှေ့မှာ ဆိုင်ကယ်ရပ်တန့်ခဲ့ပြီး ဗုံးကို ပစ်ချသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြို့နယ်တချို့က လွှတ်တော်ကိုယ်စားတွေမှာလဲ အလားတူ ပုံစံအမျိုးအမျိုးနဲ့ ခြိမ်းခြောက်ခံရတာတွေအပါဝင် အကြမ်းဖက်ခံရတာ‌တွေလဲ ရှိနေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာလဲ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ဦး‌ဝှေတင်း ကို AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရပါတယ်။
စစ်ကိုင်းတိုင်းတမူးမြို့မှာ အိန္ဒိယခွဲထွက်ရေးသူပုန်တချို့ ပုံစံမျိုးစုံနဲ့ နေထိုင်သလို တချို့ဆိုရင် ကလေးမြို့ဘက်တွေထိ ရောက်ရှိပျံ့နှံ့နေထိုင်ကြတယ်လို့ ဒေသခံတွေ အပြောအရသိရပါတယ်။ မြန်မာအစိုးရက အိန္ဒိယနဲ့တွေ့တဲ့အခါတိုင်း ဒီခွဲထွက်ရေးသူပုန်တွေကို တိုက်ထုတ်ပေးပါ့မယ်လို့ ကတိတွေပေးခဲ့သလို အိန္ဒိယဘက်က အကူညီတွေလည်း မကြာခဏ ယူရတဲ့ အထောက်အထားတွေ ရှိခဲ့ပါတယ်။
#voiceofmyanmar #တမူး #အိန္ဒိယခွဲထွက်ရေးသူပုန် #ကသည်း #လွှတ်တေ်ာအမတ်အိမ်ဗုံးပစ်ခံရ
Zawgyi
တမူး -ဒီဇင်ဘာ-၄-၂၀၁၉
ရန်နိုင်စိုး
အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း တမူးမြို့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်အိမ်ကို ဒီဇင်ဘာလ ၃ ရက်နေ့ညက အမည်မသိလူနှစ်ဦးချဉ်းကပ်လာပြီး လက်ပစ်ဗုံးနဲ့ ပစ်သွားပါတယ်။
#voiceofmyanmar #တမူး #အိန္ဒိယခွဲထွက်ရေးသူပုန် #ကသည်း #လွှတ်တော်အမတ်အိမ်ဗုံးပစ်ခံရ
Related posts
Leave a Comment
VOM News
FREE
VIEW