ဟွာမူန် အထည်ချုပ်စက်ရုံလုပ်သားတွေ စက်ရုံတာဝန်ရှိသူတွေကို သပိတ်မှောက်

ဧရာဝတီ၊ ဒီဇင်ဘာ ၉-၂၀၁၉
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့ရှိ ဟွာမူန်အထည်ချုပ်စက်ရုံက အလုပ်သမား၂၀၀ဟာ စက်ရုံဝင်းထဲမှာပဲ စက်ရုံတာဝန်ရှိသူတွေကို ဒီကနေ့မနက်ပိုင်းက သပိတ်မှောက်ခဲ့ကြပါတယ်။

ဟွာမူန်စက်ရုံက အလုပ်သမားတွေဟာ အောက်တိုဘာလတုန်းက စက်ရုံတာဝန်ရှိသူတွေကို အလုပ်သမားအခွင့်အရေးတွေပေးဖို့ တောင်းဆိုချက်(၅၇)ချက် တောင်းဆိုခဲ့ပီး (၄၂)ချက်ကိုသာ သဘောတူခဲ့ပေမယ့် ယနေ့အချိန်ထိ စက်ရုံကနေ အကောင်အထည်ဖော်ပေးခြင်း မရှိတဲ့အတွက် ခုလိုသပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“အများသူငါ ရုံးပိတ်ရက်တွေ မနားရတာ၊ နောက်ဆုံးတနင်္ဂနွေနေ့ ပါအလုပ်ဆင်းရတာ၊ သောက်ရေမသန့်ရှင်းတာက အစ၊ အလုပ်ချိန်ပိုဆင်းရတာတွေ ၊ အလုပ်သမားဘက်က တောင်းဆိုချက်တွေကို ခုထိ ဘာမှကိုလုပ်မပေးသေးလို့ သပိတ်မှောက်ကြတာ” လို့ ဟွာမူန်အထည်ချုပ်အလုပ်သမားသမဂ္ဂ ဥက္ကဌမ ခိုင်နွေဦးမွနိကပြောပါတယ်။

စက်ရုံကို သပိတ်မှောက်တဲ့အခါမှာလဲ စက်ရုံဘက်က အလုပ်သမားတွေအပေါ် သပိတ်ကို ဖြိုခွင်းမယ့်သဘော နဲ့ ခြိမ်းခြောက်မူတွေရှိနေတယ်လို့ သိရပါတယ်။

“မနက်က သပိတ်မှောက်ဖို့လူစုထဲက ဟန်းစပီကာတွေနဲ့လိုက်အော်နေတယ် စက်ရုံထဲမှာ အလုပ်မဆင်းဘဲ သပိတ်မှောက်ရင် ပိုင်နက်ကျူးလွန်မူနဲ့ တရားစွဲမယ်ဆိုပြီး၊ ပြီးတော့လဲ အဲ့လိုစာတွေကို နေရာအနှံ့ လိုက်ကပ်တာတွေလုပ်နေတယ်”လို့ ဆန္ဒပြအလုပ်သမား မစုပုံချစ်ကပြောပါတယ်။

ဧရာဝတီတိုင်းအဆင့် အလုပ်သမားအရေးဖြေရှင်းပေးတဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကတော့ “ခုံသမာဓိဆုံးဖြတ်ချက်ကို မကျေနပ်ရင် ခုနစ်ရက်တွင်းသပိတ်မှောက်လို့ရတာ ဥပဒေနဲ့ညီပါတယ်၊ စက်ရုံဘက်က သူတို့ပိုင်နက်အတွင်းမှာ ဖြစ်တဲ့အပေါ်တော့ ပြောစရာမရှိပါဘူး။ ကျွန်မတို့က ဝန်ကြီးကိုတင်ပြပြီး အတတ်နိုင်ဆုံး ညှိနိူင်းဆောင်ရွက်နေပါတယ်”လို့ ဧရာဝတီတိုင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာန တိုင်းဦးစီးမူ ဒေါ်ဌေးဌေးမြင့်ကပြောပါတယ်။

လက်ရှိဖြစ်နေတဲ့ အခြေအနေကို စက်ရုံတာဝန်ရှိသူတွေအား သွားရောက်မေးမြန်းခဲ့ပေမယ့်လည်း ဖြေရှင်းဖို့ငြင်းဆိုခဲ့ပါတယ်။

စက်ရုံအလုပ်သမားတွေကတော့ တောင်းဆိုချက်မရမခြင်း သပိတ်မှောက်သွားမယ်လို့ သိရပြီး ဟွာမူန်အထညိချုပ်စက်ရုံဟာ တရုတ်နိင်ငံသားပိုင်ဆိုင်ကာ အလုပ်သမားတစ်ထောင်နီးပါး ရှိတယ်လို့သိရပါတယ်။

#voiceofmyanmar #ဧရာဝတီ #ဟွာမူန်အထည်ချုပ် #ဆန္ဒပြ

Zawgyi

ဟြာမူန္ အထည္ခ်ဳပ္စက္႐ုံလုပ္သားေတြ စက္ရံုတာဝန္ရိွသူေတြကို သပိတ္ေမွာက္

ဧရာဝတီ၊ ဒီဇင္ဘာ ၉-၂၀၁၉
ကိုေအာင္(VOM)

ဧရာဝတီတိုင္း၊ ကန္ႀကီးေထာင့္ၿမိဳ႕ရိွ ဟြာမူန္အထည္ခ်ဳပ္စက္႐ုံက အလုပ္သမား၂၀၀ဟာ စက္႐ုံဝင္းထဲမွာပဲ စက္႐ုံတာဝန္ရွိသူေတြကို ဒီကေန႔မနက္ပိုင္းက သပိတ္ေမွာက္ခဲ့ၾကပါတယ္။

ဟြာမူန္စက္႐ုံက အလုပ္သမားေတြဟာ ေအာက္တိုဘာလတုန္းက စက္႐ုံတာဝန္ရိွသူေတြကုိ အလုပ္သမားအခြင့္အေရးေတြေပးဖို႔ ေတာင္းဆိုခ်က္(၅၇)ခ်က္ ေတာင္းဆိုခဲ့ပီး (၄၂)ခ်က္ကိုသာ သေဘာတူခဲ့ေပမယ့္ ယေန႔အခ်ိန္ထိ စက္႐ုံကေန အေကာင္အထည္ေဖာ္ေပးျခင္း မရွိတဲ့အတြက္ ခုလိုသပိတ္ေမွာက္ဖို႔ ဆုံးျဖတ္လိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

“အမ်ားသူငါ ႐ုံးပိတ္ရက္ေတြ မနားရတာ၊ ေနာက္ဆုံးတနဂၤေႏြေန႔ ပါအလုပ္ဆင္းရတာ၊ ေသာက္ေရမသန္႔ရွင္းတာက အစ၊ အလုပ္ခ်ိန္ပိုဆင္းရတာေတြ ၊ အလုပ္သမားဘက္က ေတာင္းဆိုခ်က္ေတြကို ခုထိ ဘာမွကိုလုပ္မေပးေသးလို႔ သပိတ္ေမွာက္ၾကတာ” လို႔ ဟြာမူန္အထည္ခ်ဳပ္အလုပ္သမားသမဂၢ ဥကၠဌမ ခိုင္ေႏြဦးမြနိကေျပာပါတယ္။

စက္ရံုကို သပိတ္ေမွာက္တဲ့အခါမွာလဲ စက္႐ုံဘက္က အလုပ္သမားေတြအေပၚ သပိတ္ကို ၿဖိဳခြင္းမယ့္သေဘာ နဲ႔ ၿခိမ္းေျခာက္မူေတြရွိေနတယ္လို႔ သိရပါတယ္။

“မနက္က သပိတ္ေမွာက္ဖို႔လူစုထဲက ဟန္းစပီကာေတြနဲ႔လိုက္ေအာ္ေနတယ္ စက္႐ုံထဲမွာ အလုပ္မဆင္းဘဲ သပိတ္ေမွာက္ရင္ ပိုင္နက္က်ဴးလြန္မူနဲ႔ တရားစြဲမယ္ဆိုၿပီး၊ ၿပီးေတာ့လဲ အဲ့လိုစာေတြက္ို ေနရာအႏွံ႔ လိုက္ကပ္တာေတြလုပ္ေနတယ္”လို႔ ဆႏၵျပအလုပ္သမား မစုပုံခ်စ္ကေျပာပါတယ္။

ဧရာဝတီတိုင္းအဆင့္ အလုပ္သမားအေရးေျဖရွင္းေပးတဲ့ ဌာနဆိုင္ရာတာဝန္ရွိသူေတြကေတာ့ “ခုံသမာဓိဆုံးျဖတ္ခ်က္ကို မေက်နပ္ရင္ ခုနစ္ရက္တြင္းသပိတ္ေမွာက္လို႔ရတာ ဥပေဒနဲ႔ညီပါတယ္၊ စက္႐ုံဘက္က သူတို႔ပိုင္နက္အတြင္းမွာ ျဖစ္တ့ဲအေပၚေတာ့ ေျပာစရာမရွိပါဘူး။ ကြၽန္မတို႔က ဝန္ႀကီးကိုတင္ျပၿပီး အတတ္နိုင္ဆုံး ညႇိႏိူင္းေဆာင္႐ြက္ေနပါတယ္”လို႔ ဧရာဝတီတိုင္း အလုပ္သမားၫြန္ၾကားေရးဦးစီးဌာန တိုင္းဦးစီးမူ ေဒၚေဌးေဌးျမင့္ကေျပာပါတယ္။

လက္ရိွျဖစ္ေနတဲ့ အေျခအေနကို စက္႐ုံတာဝန္ရွိသူေတြအား သြားေရာက္ေမးျမန္းခဲ့ေပမယ့္လည္း ေျဖရွင္းဖို႔ျငင္းဆိုခဲ့ပါတယ္။

စက္႐ုံအလုပ္သမားေတြကေတာ့ ေတာင္းဆိုခ်က္မရမျခင္း သပိတ္ေမွာက္သြားမယ္လို႔ သိရၿပီး ဟြာမူန္အထညိခ်ဳပ္စက္႐ုံဟာ တ႐ုတ္နိင္ငံသားပိုင္ဆိုင္ကာ အလုပ္သမားတစ္ေထာင္နီးပါး ရွိတယ္လို႔သိရပါတယ္။

#voiceofmyanmar #ဧရာဝတီ #ဟြာမူန္အထည္ခ်ဳပ္ #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW