ရှမ်းပြည်နယ်မှာ ဒီဇင်ဘာလအတွင်း ဘိန်းခင်း ဧကပေါင်း ၉၀၀ ခန့် ဖျက်ဆီးခဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ -၂၀၁၉
အောင်ထူးနိုင်(VOM)

ရှမ်းပြည်နယ်ထဲက မြို့နယ်တချို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ ဘိန်းစိုက်ခင်းဖျက်ဆီးမှု ဧကပေါင်း ၉၀၀ ခန့် ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ဘိန်းစိုက်ခင်းတွေရှိတဲ့ ဟိုပုန်း၊ ပင်လောင်း၊ ဆီဆိုင်၊ မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ ညောင်ရွှေ၊ ဖယ်ခုံ၊ လဲချား၊ နမ့်စန်၊ ငဖဲ၊ လွိုင်လင်၊ မိုင်းကိုင်၊ တောင်ကြီး၊ ကျေးသီးနဲ့ မိုင်းပျဉ်းမြို့နယ်တွေမှာ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဘိန်းစိုက်ခင်းတွေကို သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘိန်းခင်းတွေနဲ့ပတ်သက်လို့ အပင် ၆ လက်မခန့်ရှိ ဖွံ့ဖြိုးဆဲအနေအထားတွေနဲ့ သီးပွင့်အနေအထားတွေ ရောက်ရှိနေပြီလို့ ပြည်ထဲရေးဝန်ကြီးဌာနက သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက ဘိန်းခင်းဖျက်ဆီးမှုတွေနဲ့ပတ်သက်လို့ ပုံမှန်သတင်းထုတ်ပြန်မှုတွေ လုပ်နေသလို မူးယစ်ဆေးဝါးဖမ်းဆီးမှုတွေပတ်သက်လို့လည်း ပုံမှန်သတင်းထုတ်ပြန်ပေးနေပါတယ်။ ဒါပေမယ့် လက်ကြီးသမားတွေမိရင် ပိုင်ရှင်မဲ့ဖြစ်သွားတတ်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

Photo – MOHA
#VOM #voiceofmyanmar #ရှမ်းပြည်နယ် #ဘိန်းခင်း

Zawgyi

ရွမ္းျပည္နယ္မွာ ဒီဇင္ဘာလအတြင္း ဘိန္းခင္း ဧကေပါင္း ၉၀၀ ခန႔္ ဖ်က္ဆီးခဲ့

ရန္ကုန္၊ ဒီဇင္ဘာ ၁၉ -၂၀၁၉
ေအာင္ထူးႏိုင္(VOM)

ရွမ္းျပည္နယ္ထဲက ၿမိဳ႕နယ္တခ်ိဳ႕မွာ ဒီဇင္ဘာလ ၁ ရက္ေန႔ကေန ဒီဇင္ဘာလ ၁၈ ရက္ေန႔အထိ ဘိန္းစိုက္ခင္းဖ်က္ဆီးမႈ ဧကေပါင္း ၉၀၀ ခန႔္ ရွိတယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနကေန သိရပါတယ္။

ဘိန္းစိုက္ခင္းေတြရွိတဲ့ ဟိုပုန္း၊ ပင္ေလာင္း၊ ဆီဆိုင္၊ မိုင္းခတ္၊ မိုင္းဆတ္၊ မိုင္းျဖတ္၊ က်ိဳင္းတုံ၊ ေညာင္ေ႐ႊ၊ ဖယ္ခုံ၊ လဲခ်ား၊ နမ့္စန္၊ ငဖဲ၊ လြိဳင္လင္၊ မိုင္းကိုင္၊ ေတာင္ႀကီး၊ ေက်းသီးနဲ႔ မိုင္းပ်ဥ္းၿမိဳ႕နယ္ေတြမွာ ဖ်က္ဆီးခဲ့တယ္လို႔ သိရပါတယ္။

ဘိန္းစိုက္ခင္းေတြကို သက္ဆိုင္ရာၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးက ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ပူးေပါင္းအဖြဲ႕က ဖ်က္ဆီးရွင္းလင္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဘိန္းခင္းေတြနဲ႔ပတ္သက္လို႔ အပင္ ၆ လက္မခန႔္ရွိ ဖြံ႕ၿဖိဳးဆဲအေနအထားေတြနဲ႔ သီးပြင့္အေနအထားေတြ ေရာက္ရွိေနၿပီလို႔ ျပည္ထဲေရးဝန္ႀကီးဌာနက သိရပါတယ္။

ျပည္ထဲေရးဝန္ႀကီးဌာနက ဘိန္းခင္းဖ်က္ဆီးမႈေတြနဲ႔ပတ္သက္လို႔ ပုံမွန္သတင္းထုတ္ျပန္မႈေတြ လုပ္ေနသလို မူးယစ္ေဆးဝါးဖမ္းဆီးမႈေတြပတ္သက္လို႔လည္း ပုံမွန္သတင္းထုတ္ျပန္ေပးေနပါတယ္။ ဒါေပမယ့္ လက္ႀကီးသမားေတြမိရင္ ပိုင္ရွင္မဲ့ျဖစ္သြားတတ္တယ္ဆိုတဲ့ ေဝဖန္မႈေတြလည္း ရွိေနပါတယ္။

Photo – MOHA
#VOM #voiceofmyanmar #ရွမ္းျပည္နယ္ #ဘိန္းခင္း

Related posts

Leave a Comment

VOM News

FREE
VIEW