ကာကွယ်ရေးအသုံးစရိတ် (၅၀)ဘီလီယံနီးပါး စံချိန်တင်အသုံးပြုဖို့ ဂျပန်အစိုးရခွင့်ပြု

တိုကျို၊ ဒီဇင်ဘာ-၂၀-၂၀၁၉
မျိုးဆက် (VOM)

ဂျပန်နိုင်ငံဟာ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ရဲ့ စစ်ရေးတိုးမြင့်တည်ဆောက်ခြင်းတွေကို တန်ပြန်ဖို့ အမေရိကန်ရဲ့ ဂျက်တိုက်လေယာဉ်တွေ၊ ကြားဖြတ်ဒုံးပျံတွေနဲ့ အခြားပစ္စည်းကိရိယာတွေကို ဝယ်ယူဖို့ နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ် စံချိန်တင်အသုံးပြုခြင်းကို ရှစ်ကြိမ်မြောက်အဖြစ် ဂျပန်ပန်အစိုးရက ဒီဇင်ဘာ ၂၀ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။

ဂျပန်ကာကွယ်ရေးအသုံးစရိတ်ဟာ ဧပြီ ၁ ရက်မှစတင်ပြီး ၁ ဒသမ ၁ ရာခိုင်နှုန်းတိုးမြင့်ကာ ဒေါ်လာ ၄၈ ဒသမ ၅၆ ဘီလီယံအထိ အသုံးပြုသွားမှာဖြစ်ပါတယ်။ အသုံးစရိတ်နဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီလွှမ်းမိုးထားတဲ့ ဂျပန်ပါလီမန်က လာမယ့်နှစ်ကာကွယ်ရေး အသုံးစရိတ်အပေါ် မဲခွဲဆုံးဖြတ်ကြဦးမှာဖြစ်ပါတယ်။

ထိုးစစ်ဆင်နွှဲနိုင်တဲ့ လက်နက်တွေပိုင်ဆိုင်ခြင်းကို တားမြစ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ရှိနေပေမယ့်လည်း ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်ရေးအသုံးစရိတ် အများဆုံးသုံးစွဲတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအတွင်း စစ်ရေးအသုံးစရိတ် ၁၅ ရာခိုင်နှုန်းနီးပါး တိုးမြင့်လာနေပါတယ်။

ဂျပန်နိုင်ငံရဲ့ မကြာသေးမီက ကာကွယ်ရေးအသုံးစရိတ်တွေဟာ အမေရိကန်ကာကွယ်ရေး ပစ္စည်းတင်သွင်းသူတွေဖြစ်တဲ့ လော့ဟိမာတင်နဲ့ ရေသီယွန်စတဲ့ ကုမ္ပဏီတွေကနေ ထုတ်လုပ်ထားတဲ့ စစ်လက်နက်ပစ္စည်းကိရိယာတွေကို ဝယ်ယူအသုံးပြုခဲ့ပါတယ်။

ဒီလိုမျိုး အမေရိကန်ရဲ့စစ်ဘက်ပစ္စည်းတွေကို ဝယ်ယူခြင်း နဲ့ မဟာမိတ်တွေအကြားကုန်သွယ်ရေးတင်းမာမှု တွေကို လျှော့ချဖို့ ကူညီခြင်းအတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးကို ကျေးဇူးတင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပါတယ်။

Ref : Reuters Photo: Getty Images
#VOM #voiceofmyanmar #တိုကျို #ကာကွယ်ရေးအသုံးစရိတ်

Zawgyi

ကာကြယ္ေရးအသံုးစရိတ္ (၅၀)ဘီလီယံနီးပါး စံခ်ိန္တင္အသံုးျပဳဖို႔ ဂ်ပန္အစိုးရခြင္႔ျပဳ

တိုက်ိဳ၊ ဒီဇင္ဘာ-၂၀-၂၀၁၉
မ်ိဳးဆက္ (VOM)

ဂ်ပန္နိုင္ငံဟာ ေျမာက္ကိုရီးယားနဲ႔ တရုတ္နုိင္ငံတို႔ရဲ႕ စစ္ေရးတိုးျမင္႔တည္ေဆာက္ျခင္းေတြကို တန္ျပန္ဖို႔ အေမရိကန္ရဲ႔ ဂ်က္တိုက္ေလယာဥ္ေတြ၊ ၾကားျဖတ္ဒံုးပ်ံေတြနဲ႔႔ အျခားပစၥည္းကိရိယာေတြကို ၀ယ္ယူဖို႔ နွစ္စဥ္ကာကြယ္ေရးအသံုးစရိတ္ စံခ်ိန္တင္အသံုးျပဳျခင္းကို ရွစ္ၾကိမ္ေျမာက္အျဖစ္ ဂ်ပန္ပန္အစိုးရက ဒီဇင္ဘာ ၂၀ ရက္မွာ ခြင္႔ျပဳလိုက္ပါတယ္။

ဂ်ပန္ကာကြယ္ေရးအသံုးစရိတ္ဟာ ဧျပီ ၁ ရက္မွစတင္ျပီး ၁ ဒသမ ၁ ရာခိုင္နႈန္းတိုးျမင္႔ကာ ေဒၚလာ ၄၈ ဒသမ ၅၆ ဘီလီယံအထိ အသံုးျပဳသြားမွာျဖစ္ပါတယ္။ အသံုးစရိတ္နဲ႔ပတ္သက္လို႔ ၀န္ၾကီးခ်ဳပ္ရွင္ဇုိအာေဘးရဲ႕ အာဏာရ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီလႊမ္းမိုးထားတဲ႔ ဂ်ပန္ပါလီမန္က လာမယ္႔နွစ္ကာကြယ္ေရး အသံုးစရိတ္အေပၚ မဲခြဲဆံုးျဖတ္ၾကဦးမွာျဖစ္ပါတယ္။

ထိုးစစ္ဆင္ႏႊဲနုိင္တဲ႔ လက္နက္ေတြပိုင္ဆိုင္ျခင္းကို တားျမစ္ထားတဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒ တစ္ရပ္ရိွေနေပမယ္႔လည္း ဂ်ပန္နိုင္ငံဟာ ကမၻာေပၚမွာ စစ္ေရးအသံုးစရိတ္ အမ်ားဆံုးသံုးစြဲတဲ႔ နုိင္ငံေတြထဲက တစ္နိုင္ငံျဖစ္ျပီး ဆယ္စုနွစ္တစ္ခုအတြင္း စစ္ေရးအသံုးစရိတ္ ၁၅ ရာခိုင္နႈန္းနီးပါး တိုးျမင္႔လာေနပါတယ္။

ဂ်ပန္နုိ္င္ငံရဲ႕ မၾကာေသးမီက ကာကြယ္ေရးအသံုးစရိတ္ေတြဟာ အေမရိကန္ကာကြယ္ေရး ပစၥည္းတင္သြင္းသူေတြျဖစ္တဲ႔ ေလာ႔ဟိမာတင္နဲ႔ ေရသီယြန္စတဲ႔ ကုမၸဏီေတြကေန ထုတ္လုပ္ထားတဲ႔ စစ္လက္နက္ပစၥည္းကိရိယာေတြကို ၀ယ္ယူအသံုးျပဳခဲ႔ပါတယ္။

ဒီလိုမ်ိဳး အေမရိကန္ရဲ႕စစ္ဘက္ပစၥည္းေတြကို ၀ယ္ယူျခင္း နဲ႔ မဟာမိတ္ေတြအၾကားကုန္သြယ္ေရးတင္းမာမႈ ေတြကို ေလွ်ာ႔ခ်ဖို႔ ကူညီျခင္းအတြက္ ဂ်ပန္၀န္ၾကီးခ်ဳပ္ ရွင္ဇုိအေဘးကို ေက်းဇူးတင္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရန္႔က ေျပာၾကားခဲ႔ပါတယ္။

Ref : Reuters Photo: Getty Images
#VOM #voiceofmyanmar #တိုက်ိဳ #ကာကြယ္ေရးအသံုးစရိတ္

Related posts

Leave a Comment

VOM News

FREE
VIEW