ရိုးရာလက်မှု ထုတ်ကုန်ပစ္စည်းတစ်မျိုးဖြစ်တဲ့ သစ်သားပန်းပုဈေးကွက် တဖြည်းဖြည်းကျဆင်းလာ

မန္တလေး ဒီဇင်ဘာ ၂၀-၂၀၁၉
ဖြူဖြူ(VOM )

ရိုးရာလက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းတစ်မျိုးဖြစ်တဲ့ သစ်သားပန်းပုဈေးကွက်ဟာ တဖြည်းဖြည်းကျဆင်းလာနေပြီး ပြည်ပအနေနဲ့အားကိုးနေရတဲ့ တရုတ်ဈေးကွက်မှာလည်း အရောင်းအဝယ်မဖြစ်ဘူးလို့ သစ်သားပန်းပုလုပ်ငန်းရှင်အချို့ကနေ သိရပါတယ်။

“ကျနော်တို့မှာ ပြည်တွင်းဈေးကွက်ပ ဲအားကိုးနေရတာ။ ပြည်ပကလည်း ထွက်ချင်တိုင်းထွက်လို့မရ။ အရင်ကထက်တော့ အတော်လေး အရောင်းအဝယ်ကျတယ်။ ဘယ်လောက်ကျလဲဆိုတော့ ထက်ဝက်လောက်ထိကျတယ်။”လို့ ပန်းပုလုပ်ငန်းရှင် ဦးဇော်ဇော်မိုးက ပြောပါတယ်။

သစ်ကုန်ကြမ်းရှားပါးလာပြီး ဝယ်ရဈေးမြင့်လာပေမယ့် ပြည်တွင်းရော တရုတ်ဈေးကွက်မှာပါ အရောင်းအဝယ်အေးနေတာဖြစ်တယ်လို့ သိရပါတယ်။

အတားအဆီး အကန့်အသတ်တွေကြောင့် တရုတ်တင်ပို့မယ့် ပန်းပုတွေကို နယ်စပ်ဂိုထောင်တွေမှာ လှောင်ထားရတဲ့ အနေအထားအထိရှိတယ်လို့ ပန်းပုလုပ်ငန်းရှင် ဦးစိုးစိုးဝင်းကလည်း ပြောပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မြန်မာ့ပန်းပုကို အခြားနိုင်ငံတွေမှာပါ တင်ပို့နိုင်အောင် ပံ့ပိုးပေးစေချင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပန်းပုအရောင်းအဝယ်ဈေးကွက်ကျဆင်းမှုရဲ့နောက်ဆက်တွဲအနေနဲ့ ပန်းပုပညာရပ်ကို သင်ယူသူနည်းပါးလာတဲ့အကြောင်း ပန်းပုလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက “လုပ်ငန်းရှင်တွေကလည်း ထိုက်သင့်တဲ့ သူတို့ဝမ်းစာအတွက် မပေးနိုင်ဘူး။ အခက်အခဲအဆင့်ဆင့်ရှိလာတဲ့အခါကျတော့ သူတို့ကလည်း ဒါကိုစိတ်ဝင်စားမှု သိပ်မရှိကြတော့ဘူး။”လို့ ပြောပါတယ်။

ဒါကြောင့် မြန်မာ့ရိုးရာတစ်ခုကို နောက်မျိုးဆက်တွေ ပိုသိမြင်လာအောင်နဲ့ အရောင်းအဝယ်ကို အထောက်အကူပြုအောင် ရိုးရာလက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲ ရောင်းပွဲတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးဖို့ ပန်းပုလုပ်ငန်းရှင်တွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းက မန္တလေးမြို့ မင်္ဂလာမန္တလေးမှာ ကျင်းပခဲ့တဲ့ အသေးစားစက်မှုလက်မှုနဲ့ မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲမှာ ပြခန်းပေါင်း ၁၂၅ ခန်းအနက် သစ်သားပန်းပုပြခန်းတွေလည်း အများအပြားပါဝင်ပြသခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #မန္တလေး #ပန်းပု

Zawgyi

႐ိုးရာလက္မႈ ထုတ္ကုန္ပစၥည္းတစ္မ်ိဳးျဖစ္တဲ့ သစ္သားပန္းပုေဈးကြက္ တျဖည္းျဖည္းက်ဆင္းလာ

မႏၲေလး ဒီဇင္ဘာ ၂၀-၂၀၁၉
ျဖဴျဖဴ(VOM )

႐ိုးရာလက္မႈအႏုပညာ ထုတ္ကုန္ပစၥည္းတစ္မ်ိဳးျဖစ္တဲ့ သစ္သားပန္းပုေဈးကြက္ဟာ တျဖည္းျဖည္းက်ဆင္းလာေနၿပီး ျပည္ပအေနနဲ႔အားကိုးေနရတဲ့ တ႐ုတ္ေဈးကြက္မွာလည္း အေရာင္းအဝယ္မျဖစ္ဘူးလို႔ သစ္သားပန္းပုလုပ္ငန္းရွင္အခ်ိဳ႕ကေန သိရပါတယ္။

“က်ေနာ္တို႔မွာ ျပည္တြင္းေဈးကြက္ပ ဲအားကိုးေနရတာ။ ျပည္ပကလည္း ထြက္ခ်င္တိုင္းထြက္လို႔မရ။ အရင္ကထက္ေတာ့ အေတာ္ေလး အေရာင္းအဝယ္က်တယ္။ ဘယ္ေလာက္က်လဲဆိုေတာ့ ထက္ဝက္ေလာက္ထိက်တယ္။”လို႔ ပန္းပုလုပ္ငန္းရွင္ ဦးေဇာ္ေဇာ္မိုးက ေျပာပါတယ္။

သစ္ကုန္ၾကမ္းရွားပါးလာၿပီး ဝယ္ရေဈးျမင့္လာေပမယ့္ ျပည္တြင္းေရာ တ႐ုတ္ေဈးကြက္မွာပါ အေရာင္းအဝယ္ေအးေနတာျဖစ္တယ္လို႔ သိရပါတယ္။

အတားအဆီး အကန႔္အသတ္ေတြေၾကာင့္ တ႐ုတ္တင္ပို႔မယ့္ ပန္းပုေတြကို နယ္စပ္ဂိုေထာင္ေတြမွာ ေလွာင္ထားရတဲ့ အေနအထားအထိရွိတယ္လို႔ ပန္းပုလုပ္ငန္းရွင္ ဦးစိုးစိုးဝင္းကလည္း ေျပာပါတယ္။ ဒါေၾကာင့္ အစိုးရအေနနဲ႔ ျမန္မာ့ပန္းပုကို အျခားႏိုင္ငံေတြမွာပါ တင္ပို႔ႏိုင္ေအာင္ ပံ့ပိုးေပးေစခ်င္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ပန္းပုအေရာင္းအဝယ္ေဈးကြက္က်ဆင္းမႈရဲ႕ေနာက္ဆက္တြဲအေနနဲ႔ ပန္းပုပညာရပ္ကို သင္ယူသူနည္းပါးလာတဲ့အေၾကာင္း ပန္းပုလုပ္ငန္းရွင္ အမ်ိဳးသမီးတစ္ဦးက “လုပ္ငန္းရွင္ေတြကလည္း ထိုက္သင့္တဲ့ သူတို႔ဝမ္းစာအတြက္ မေပးႏိုင္ဘူး။ အခက္အခဲအဆင့္ဆင့္ရွိလာတဲ့အခါက်ေတာ့ သူတို႔ကလည္း ဒါကိုစိတ္ဝင္စားမႈ သိပ္မရွိၾကေတာ့ဘူး။”လို႔ ေျပာပါတယ္။

ဒါေၾကာင့္ ျမန္မာ့႐ိုးရာတစ္ခုကို ေနာက္မ်ိဳးဆက္ေတြ ပိုသိျမင္လာေအာင္နဲ႔ အေရာင္းအဝယ္ကို အေထာက္အကူျပဳေအာင္ ႐ိုးရာလက္မႈအႏုပညာထုတ္ကုန္ပစၥည္းျပပြဲ ေရာင္းပြဲေတြကိုလည္း က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေဆာင္ေပးဖို႔ ပန္းပုလုပ္ငန္းရွင္ေတြက ေမွ်ာ္လင့္ေနၾကတာ ျဖစ္ပါတယ္။

ဒီဇင္ဘာ ၂၀ ရက္ မနက္ပိုင္းက မႏၲေလးၿမိဳ႕ မဂၤလာမႏၲေလးမွာ က်င္းပခဲ့တဲ့ အေသးစားစက္မႈလက္မႈနဲ႔ ျမန္မာ့႐ိုးရာပန္းဆယ္မ်ိဳး လက္မႈအႏုပညာထုတ္ကုန္ပစၥည္းျပပြဲ၊ ေဈးေရာင္းပြဲမွာ ျပခန္းေပါင္း ၁၂၅ ခန္းအနက္ သစ္သားပန္းပုျပခန္းေတြလည္း အမ်ားအျပားပါဝင္ျပသခဲ့တာ ျဖစ္ပါတယ္။

#voiceofmyanmar #မႏၲေလး #ပန္းပု

Related posts

Leave a Comment

VOM News

FREE
VIEW