အေအေအဖွဲ့က Mytel ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ တပ်မတော်ထုတ်ပြန်

စစ်တွေ၊ ဒီဇင်ဘာ ၂၇-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ Mytel ဆက်သွယ်ရေးကုမ္မဏီဝန်ထမ်းနှစ်ဦးကို ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျောက်တော်မြို့နယ် တောင်ပေါက်ကျေးရွာအနီးမှာ အေအေအဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒီကနေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ဖမ်းဆီးခံရသူနှစ်ဦးကတော့ Mytel ဆက်သွယ်ရေးကုမ္မဏီက ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ ယဉ်မောင်း ဦးစောသိန်းမောင်တို့ဖြစ်တယ်လို့ သိရပါတယ်။

” လွန်ခဲတဲ့သုံးရက်လောက်က ဖမ်းသွားတာ။ ကျနော်လည်း ဂဃနဏမသိဘူး။ ဖမ်းသွားတာပဲသိတယ်။ ကျန်တာဘာမှမသိဘူး။” လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ တိုင်းဦးစီးပထမတန်း ဗိုလ်မှူ းကြီးဝင်းဇော်ဦးက ပြောပါတယ်။

အဲ့ဒီ Mytel ဝန်ထမ်းနှစ်ဦးဟာ ရခိုင်လူမျိုးတွေဖြစ်ပြီးတော့ ရခိုင်ပြည်နယ်အတွင်းမှာ ဆက်သွယ်ရေးလုပ်ငန်း တွေ ပိုမိုကောင်းမွန်စေဖို့အတွက် ကွင်းဆင်းဆောင်ရွက်နေရာက ဖမ်းဆီးခံရတာဖြစ်တယ်လို့ တပ်မတော်ကထုတ်ပြန်ချက်မှာ ရေးသားထားတာဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့တာဖြစ်ပါတယ်။

တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက မြို့နယ် ၇ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို အင်တာနက်ဆက်သွယ်ရေးကွန်ရက်တွေ ဖိတ်ထားခဲ့ပြီး မြို့နယ်တချို့ကို ပြန်လည်ဖွင့်ပေးခဲ့ကာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ အင်တာနက်ပိတ်ထားတာ ၆ လကျော်လာခဲ့ပြီဖြစ်ပါတယ်။

#VOM #voiceofmyanmar #စစ်တွေ #အေအေ #Mytelဝန်ထမ်း #ဖမ်းဆီး

Zawgyi

ေအေအအဖြဲ႔က Mytel ဝန္ထမ္းႏွစ္ဦးကို ဖမ္းဆီးသြားတယ္လို႔ တပ္မေတာ္ထုတ္ျပန္

စစ္ေတြ၊ ဒီဇင္ဘာ ၂၇-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ရဲ႕ Mytel ဆက္သြယ္ေရးကုမၼဏီဝန္ထမ္းႏွစ္ဦးကို ဒီဇင္ဘာလ ၂၃ ရက္ေန႔က ေက်ာက္ေတာ္ၿမိဳ႕နယ္ ေတာင္ေပါက္ေက်းရြာအနီးမွာ ေအေအအဖြဲ႔က ဖမ္းဆီးသြားတယ္လို႔ ဒီကေန႔မွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက သတင္းထုတ္ျပန္ထားပါတယ္။

အဲ့ဒီ ဖမ္းဆီးခံရသူႏွစ္ဦးကေတာ့ Mytel ဆက္သြယ္ေရးကုမၼဏီက ဆက္သြယ္ေရးဆိုင္ရာ ၫႊန္ၾကားေရးမွဴး ဦးေဇာ္ထြန္းေအာင္နဲ႔ ယဥ္ေမာင္း ဦးေစာသိန္းေမာင္တို႔ျဖစ္တယ္လို႔ သိရပါတယ္။

” လြန္ခဲတဲ့သံုးရက္ေလာက္က ဖမ္းသြားတာ။ က်ေနာ္လည္း ဂဃနဏမသိဘူး။ ဖမ္းသြားတာပဲသိတယ္။ က်န္တာဘာမွမသိဘူး။” လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ေျပာေရးဆိုခြင့္႐ွိသူ တိုင္းဦးစီးပထမတန္း ဗိုလ္မွဴ းႀကီးဝင္းေဇာ္ဦးက ေျပာပါတယ္။

အဲ့ဒီ Mytel ဝန္ထမ္းႏွစ္ဦးဟာ ရခိုင္လူမ်ိဳးေတြျဖစ္ၿပီးေတာ့ ရခိုင္ျပည္နယ္အတြင္းမွာ ဆက္သြယ္ေရးလုပ္ငန္း ေတြ ပိုမိုေကာင္းမြန္ေစဖို႔အတြက္ ကြင္းဆင္းေဆာင္ရြက္ေနရာက ဖမ္းဆီးခံရတာျဖစ္တယ္လို႔ တပ္မေတာ္ကထုတ္ျပန္ခ်က္မွာ ေရးသားထားတာျဖစ္ပါတယ္။

အဲ့ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္ေအေအရဲ႕ ေျပာခြင့္ရသူ ခုိင္သုခကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့တာျဖစ္ပါတယ္။

တပ္မေတာ္နဲ႔ ေအေအတုိ႔အၾကား တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသက ၿမိဳ႕နယ္ ၇ ခုနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕တုိ႔ကို အင္တာနက္ဆက္သြယ္ေရးကြန္ရက္ေတြ ဖိတ္ထားခဲ့ၿပီး ၿမိဳ႕နယ္တခ်ိဳ႕ကို ျပန္လည္ဖြင့္ေပးခဲ့ကာ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပားနဲ႔ ပုဏၰားကၽြန္းၿမိဳ႕နယ္ေတြမွာ အင္တာနက္ပိတ္ထားတာ ၆ လေက်ာ္လာခဲ့ၿပီျဖစ္ပါတယ္။

#VOM #voiceofmyanmar #စစ္ေတြ #ေအေအ #Mytelဝန္ထမ္း #ဖမ္းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW