ရွှေတိဂုံဘုရားလမ်းဆုံမှာ ကျည်ဆံနဲ့ ကျည်ဘောက်တွေတွေ့

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈-၂၀၁၉
သူရိန်(VOM)

ရန်ကုန်မြို့၊ ပန်တျာလမ်းနဲ့ရွှေတိဂုံဘုရားလမ်းဆုံမှာ ဒီကနေ့မနက်ပိုင်းက ဒဂုံမြို့နယ် စည်ပင်သာယာ၊ သန့်ရှင်းရေးဝန်ထမ်းက သန့်ရှင်းရေးဆောင်ရွက်နေချိန် အဖြူရောင်စက္ကူဗူးတစ်ဗူးကို တွေ့ရှိရလို့ ကြည့်ရှု့ရာ ကျည်ဆံနဲ့ ကျည်ဘောက်တွေ ထည့်ထားတာကို တွေ့ရှိရတဲ့အတွက် ရဲစခန်းမှာသွားရောက် အပ်ထားရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

“ ကျည်ဆံနဲ့ ကျည်ဘောက်တွေ့တယ်ဆိုတာ မှန်ပါတယ်။ ကျည်ဆံက ၅၃ တောင့်၊ ကျည်ဘောက်က အတို (၂) ခု၊ အရှည် (၂) ခုဖြစ်ပါတယ်။ အဲဒီနေရာက စစ်ရုံးချုပ်အဟောင်းနဲ့နီးတော့ လုံခြုံရေးတွေကပဲ ကျကျန်ခဲ့တာလား၊ ပိုနေလို့ပဲလွှတ်ပစ်ခဲ့တာလားတော့ မသိဘူး။ အခုတော့ ရဲစခန်းအပ်ထားတယ်”လို့ ဒဂုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် (၂)မှ ဦးကျော်ဇေယျက ပြောပါတယ်။

တွေ့ရှိခဲ့တဲ့ကျည်ဆံနဲ့ ကျည်ဘောက်တွေဟာ စစ်ရုံးကပစ္စည်းတွေသာဖြစ်မယ်လို့လည်း ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် (၂)က ဦးကျော်ဇေယျက သုံးသပ်ပြောတာဖြစ်ပါတယ်။

အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ဘုရားကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာ ဖြေကြားခွင့်မရှိဘူးလို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒီအနီးအနားတစ်ဝိုက်မှာ စည်ပင်ဝန်ထမ်းအိမ်ယာနဲ့ နီးတဲ့အတွက် ဝန်ထမ်းကတွေ့ရှိတာဖြစ်နိုင်သလို ဒီအပြင် ယခင်စစ်ရုံးချုပ်ဟောင်းရှိခဲ့ပြီး ဒီစစ်ရုံးချုပ်ဟောင်းကို စစ်သမိုင်းပြတိုက်အဖြစ် ပြသဖွင့်လှစ်ပေးခဲ့ကာ နောက်ပိုင်းမှာ နေပြည်တော်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

Photo- ရဲမိုးဟိန်း(FB)
#VOM #voiceofmyanmar #ရန်ကုန် #ကျည်ဆန်တွေတွေ့

Zawgyi

ေ႐ႊတိဂုံဘုရားလမ္းဆုံမွာ က်ည္ဆံနဲ႔ က်ည္ေဘာက္ေတြေတြ႔

ရန္ကုန္ ၊ ဒီဇင္ဘာ ၂၈-၂၀၁၉
သူရိန္(VOM)

ရန္ကုန္ၿမိဳ႕၊ ပန္တ်ာလမ္းနဲ႔ေ႐ႊတိဂုံဘုရားလမ္းဆုံမွာ ဒီကေန႔မနက္ပိုင္းက ဒဂုံၿမိဳ႕နယ္ စည္ပင္သာယာ၊ သန္႔ရွင္းေရးဝန္ထမ္းက သန္႔ရွင္းေရးေဆာင္႐ြက္ေနခ်ိန္ အျဖဴေရာင္စကၠဴဗူးတစ္ဗူးကို ေတြ႕ရွိရလို႔ ၾကည့္ရႈ႕ရာ က်ည္ဆံနဲ႔ က်ည္ေဘာက္ေတြ ထည့္ထားတာကို ေတြ႕ရွိရတဲ့အတြက္ ရဲစခန္းမွာသြားေရာက္ အပ္ထားရတဲ့ ျဖစ္စဥ္ျဖစ္ပြားခဲ့ပါတယ္။

“ က်ည္ဆံနဲ႔ က်ည္ေဘာက္ေတြ႕တယ္ဆိုတာ မွန္ပါတယ္။ က်ည္ဆံက ၅၃ ေတာင့္၊ က်ည္ေဘာက္က အတို (၂) ခု၊ အရွည္ (၂) ခုျဖစ္ပါတယ္။ အဲဒီေနရာက စစ္႐ုံးခ်ဳပ္အေဟာင္းနဲ႔နီးေတာ့ လုံၿခဳံေရးေတြကပဲ က်က်န္ခဲ့တာလား၊ ပိုေနလို႔ပဲလႊတ္ပစ္ခဲ့တာလားေတာ့ မသိဘူး။ အခုေတာ့ ရဲစခန္းအပ္ထားတယ္”လို႔ ဒဂုံၿမိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ မဲဆႏၵနယ္ (၂)မွ ဦးေက်ာ္ေဇယ်က ေျပာပါတယ္။

ေတြ႕ရွိခဲ့တဲ့က်ည္ဆံနဲ႔ က်ည္ေဘာက္ေတြဟာ စစ္႐ုံးကပစၥည္းေတြသာျဖစ္မယ္လို႔လည္း ဒဂုံၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ မဲဆႏၵနယ္ (၂)က ဦးေက်ာ္ေဇယ်က သုံးသပ္ေျပာတာျဖစ္ပါတယ္။

အဲ့ဒီကိစၥနဲ႔ပက္သက္ၿပီး ဘုရားႀကီးရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကုိ ဆက္သြယ္ေမးျမန္းရာ ေျဖၾကားခြင့္မရွိဘူးလို႔ ျပန္လည္ေျပာၾကားခဲ့ပါတယ္။

ဒီအနီးအနားတစ္ဝိုက္မွာ စည္ပင္ဝန္ထမ္းအိမ္ယာနဲ႔ နီးတဲ့အတြက္ ဝန္ထမ္းကေတြ႕ရွိတာျဖစ္ႏိုင္သလို ဒီအျပင္ ယခင္စစ္႐ုံးခ်ဳပ္ေဟာင္းရွိခဲ့ၿပီး ဒီစစ္႐ုံးခ်ဳပ္ေဟာင္းကို စစ္သမိုင္းျပတိုက္အျဖစ္ ျပသဖြင့္လွစ္ေပးခဲ့ကာ ေနာက္ပိုင္းမွာ ေနျပည္ေတာ္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

Photo- ရဲမိုးဟိန္း(FB)
#VOM #voiceofmyanmar #ရန္ကုန္ #က်ည္ဆန္ေတြေတြ႔

Related posts

Leave a Comment

VOM News

FREE
VIEW