ကသည်းလက်နက်ကိုင်မှ ရွာသားတစ်ဦးကို လက်နက်ပြခြိမ်းခြောက်ရိုက်နက်မှုအပေါ် ကူကီးလူငယ်ကွန်ရက်မှ သဘောထားကြေညာချက်ထုတ်ပြန်

ကလေး၊ ဒီဇင်ဘာ ၃၁-၂၀၁၉
ဂေါင်ဂေါင်(VOM)

တမူးခရိုင်၊ တမူးမြို့၊ မြို့သစ်မြို့နယ်၊ ဖိုင်းလင်းကျေးရွာအတွင်းက လူငယ်တစ်ဦးဖြစ်သူကို ဒီဇင်ဘာရရက်နေ့က မြန်မာနိုင်ငံသားမဟုတ်တဲ့ ကသည်းလက်နက်ကိုင်ဆိုသူက နေအိမ်ကနေ ထွက်လာသူလူငယ်တစ်ဦးကို လက်နက်ပြခြိမ်းခြောက်မှုပြုလုပ်ခဲ့ပါတယ်။

ယင်းလူငယ်က တောင်းပန်ပြီး ဆိုင်တစ်ဆိုင်ကိုဝင်သွားချိန် ကသည်းလက်နက်ကိုင်တွေက ဆိုင်ကယ်နဲ့ ရောက်လာပြီး “ငါ့ကို ဘာထင်လဲ ငါက ကသည်းလက်နက်ကိုင်” လို့ပြောပြီး ပစ်စတိုသေနတ်နဲ့ထုတ်ချိန်ကာ ပါးရိုက်ပြီး အခုဖုန်းထုတ်ဆက်လိုက်ရင် လူကြီးတွေဆီရောက်သွားမယ်လို့ ပြောဆိုခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

“ဒီလို နိုင်ငံသားမဟုတ်တဲ့ ကသည်းလက်နက်ကိုင်တွေက မြန်မာနိုင်ငံထဲကိုဝင်ရောက်ပြီး လက်နက်ထုတ် ခြိမ်ခြောက်မှုမျိုးရှိတာကို တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေလုံခြုံမှုရအောင် ပြုလုပ်ပေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကြေညာချက်တစ်စောင်ကို ဒီဇင်ဘာ(၂၉)ရက်နေ့က ထုတ်ပြန်ခဲ့တယ်”လို့ ကူကီးလူငယ်ကွန်ရက်ဥက္ကဌဖြစ်သူ ဦးဆေးရင်ကပြောပါတယ်။

ဖိုင်လင်းရွာနေ ကိုဆေးပူဆိုသူကလည်း “ရွာခံအနေနဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကသည်းအဖွဲ့အစည်းတွေက လက်နက်မဲ့ဖြစ်တဲ့ ရွာသားတွေကို အနိုင်ကျင့်တာမျိုး ထပ်မဖြစ်စေချင်ဘူး ။ တာဝန်ရှိတဲ့ အဖွဲအစည်းများမှလဲ အဲ့ဒီလိုထပ်မဖြစ်အောင် ထိရောက်တဲ့ ကာကွယ်မှုမျိုး ရှိစေချင်တယ်”လို့ပြောပါတယ်။

မြို့သစ်မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ဒီဖြစ်စဉ်ကို လက်နက်ကိုင်ချင်းဖြစ်တာဆိုပြီး ဖိုင်လင်းကျေးရွာအုပ်ချုပ်ရေးမှူးကို စွပ်စွဲပြောဆိုနေတာကိုလည်း ကြားသိရကာ ရွာအနေနဲ့ ကာကွယ်မှုမရှိဘူး လို့ ကူကီးလူငယ်ကွန်ရက်ကနေ သိရပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအားဒီးကို ဖြစ်စဉ်နဲ့ပက်သက်ပြီး မေးမြန်းရာ “ဒီကိစ္စကို အကြောင်းမကြားလို့မသိရဘူး။ ကိုယ့်နိုင်ငံထဲ နိုင်ငံသားမဟုတ်တဲ့သူတွေက လက်နက်ထုတ်ခြိမ်းခြောက်တာ မဖြစ်သင့်ဘူး ။ ကျေးရွာကိုသွားရောက်ပြီးမေးမြန်မယ်”လို့ ပြောပါတယ်။

“လူမှုရေးအဖွဲတွေ ကလဲကြေငြာစာထုတ်တာ သုံးခါလောက်ရှိပြီ၊ ဘယ်သူက ဗုံးပေါက်ခွဲမှုလုပ်မှန်းလဲ ဒီနေ့အချိန်ထိမသိရသေးဘူး ၊ တာဝန်ရှိသူတွေအနေနဲ့ ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသေးဘူး၊ ပြည်သူတွေ လုံခြုံအောင်တာဝန်ရှိသူတွေအနေနဲ့ ထိရောက်တဲ့ကာကွယ်မှုမျိုးလုပ်ပေးပါ ၊ လက်နက်ကိုင်တွေ မြန်မာပြည်ထဲမရှိအောင် ကကွယ်ပေးပါ”လို့ ဋ္ဌာနေတိုင်းရင်းသားအဖွဲ့ဝင် ဦးထန်းဆေးကပြောပါတယ်။

မြန်မာနိုင်ငံသားမဟုတ်တဲ့ ဒီလိုလက်နက်ကိုင်အဖွဲ့တွေဟာ အခုလို ခြိမ်းခြောက်နေတာကို တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် ကာကွယ်ပေးဖို့နဲ့ တမူးမြို့ပေါ် ဗုံပေါက်ကွဲမှုမျိုးမကြာမကြာဖြစ်တယ်လို့ တမူးမြို့ကဒေသခံတွေက ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

#VOM #voiceofmyanmar #တမူး #ကသည်းလက်နက်ကိုင် #ခြိမ်းခြောက်မှု

Zawgyi

ကသည္းလက္နက္ကိုင္မွ ရြာသားတစ္ဦးကို လက္နက္ျပၿခိမ္းေျခာက္႐ိုက္နက္မႈအေပၚ ကူကီးလူငယ္ကြန္ရက္မွ သေဘာထားေၾကညာခ်က္ထုတ္ျပန္

ကေလး၊ ဒီဇင္ဘာ ၃၁-၂၀၁၉
ေဂါင္ေဂါင္(VOM)

တမူးခ႐ိုင္၊ တမူးၿမိဳ႕၊ ၿမိဳ႕သစ္ၿမိဳ႕နယ္၊ ဖိုင္းလင္းေက်း႐ြာအတြင္းက လူငယ္တစ္ဦးျဖစ္သူကို ဒီဇင္ဘာရရက္ေန႕က ျမန္မာနိုင္ငံသားမဟုတ္တဲ့ ကသည္းလက္နက္ကိုင္ဆိုသူက ေနအိမ္ကေန ထြက္လာသူလူငယ္တစ္ဦးကို လက္နက္ျပျခိ္မ္းေျခာက္မွဳျပဳလုပ္ခဲ့ပါတယ္။

ယင္းလူငယ္က ေတာင္းပန္ၿပီး ဆိုင္တစ္ဆိုင္ကိုဝင္သြားခ်ိန္ ကသည္းလက္နက္ကိုင္ေတြက ဆိုင္ကယ္နဲ႔ ေရာက္လာၿပီး “ငါ့ကို ဘာထင္လဲ ငါက ကသည္းလက္နက္ကိုင္” လို႔ေျပာၿပီး ပစ္စတိုေသနတ္နဲ႔ထုတ္ခ်ိန္ကာ ပါး႐ိုက္ၿပီး အခုဖုန္းထုတ္ဆက္လိုက္ရင္ လူႀကီးေတြဆီေရာက္သြားမယ္လို႔ ေျပာဆိုၿခိမ္းေျခာက္ခဲ့တယ္လို႔ သိရပါတယ္။

“ဒီလို ႏိုင္ငံသားမဟုတ္တဲ့ ကသည္းလက္နက္ကိုင္ေတြက ျမန္မာနုိင္ငံထဲကိုဝင္ေရာက္ၿပီး လက္နက္ထုတ္ ၿခိမ္ေျခာက္မႈမ်ိဳးရွိတာကို တာဝန္ရွိသူေတြအေနနဲ႔ ျပည္သူေတြလုံၿခဳံမႈရေအာင္ ျပဳလုပ္ေပးေစလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ေၾကညာခ်က္တစ္ေစာင္ကို ဒီဇင္ဘာ(၂၉)ရက္ေန႔က ထုတ္ျပန္ခဲ့တယ္”လို႔ ကူကီးလူငယ္ကြန္ရက္ဥကၠဌျဖစ္သူ ဦးေဆးရင္ကေျပာပါတယ္။

ဖိုင္လင္း႐ြာေန ကိုေဆးပူဆိုသူကလည္း “႐ြာခံအေနနဲ႔ လက္နက္ကိုင္အဖြဲ႕ေတြျဖစ္တဲ့ ကသည္းအဖြဲ႕အစည္းေတြက လက္နက္မဲ့ျဖစ္တဲ့ ႐ြာသားေတြကို အႏိုင္က်င့္တာမ်ိဳး ထပ္မျဖစ္ေစခ်င္ဘူး ။ တာဝန္ရွိတဲ့ အဖြဲအစည္းမ်ားမွလဲ အဲ့ဒီလိုထပ္မျဖစ္ေအာင္ ထိေရာက္တဲ့ ကာကြယ္မႈမ်ိဳး ရွိေစခ်င္တယ္”လို႔ေျပာပါတယ္။

ၿမိဳ႕သစ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးကလည္း ဒီျဖစ္စဥ္ကို လက္နက္ကိုင္ခ်င္းျဖစ္တာဆိုၿပီး ဖိုင္လင္းေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴးကို စြပ္စြဲေျပာဆိုေနတာကိုလည္း ၾကားသိရကာ ႐ြာအေနနဲ႔ ကာကြယ္မႈမရွိဘူး လို႔ ကူကီးလူငယ္ကြန္ရက္ကေန သိရပါတယ္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးအားဒီးကို ျဖစ္စဥ္နဲ႔ပက္သက္ၿပီး ေမးျမန္းရာ “ဒီကိစၥကို အေၾကာင္းမၾကားလို႔မသိရဘူး။ ကိုယ့္ႏိုင္ငံထဲ ႏိုင္ငံသားမဟုတ္တဲ့သူေတြက လက္နက္ထုတ္ၿခိမ္းေျခာက္တာ မျဖစ္သင့္ဘူး ။ ေက်း႐ြာကိုသြားေရာက္ၿပီးေမးျမန္မယ္”လို႔ ေျပာပါတယ္။

“လူမႈေရးအဖြဲေတြ ကလဲေၾကျငာစာထုတ္တာ သုံးခါေလာက္ရွိၿပီ၊ ဘယ္သူက ဗုံးေပါက္ခြဲမႈလုပ္မွန္းလဲ ဒီေန႔အခ်ိန္ထိမသိရေသးဘူး ၊ တာဝန္ရွိသူေတြအေနနဲ႔ ေဖာ္ထုတ္အေရးယူႏိုင္ျခင္းမရွိေသးဘူး၊ ျပည္သူေတြ လုံၿခဳံေအာင္တာဝန္ရွိသူေတြအေနနဲ႔ ထိေရာက္တဲ့ကာကြယ္မႈမ်ိဳးလုပ္ေပးပါ ၊ လက္နက္ကိုင္ေတြ ျမန္မာျပည္ထဲမရွိေအာင္ ကကြယ္ေပးပါ”လို႔ ႒ာေနတိုင္းရင္းသားအဖြဲ႕ဝင္ ဦးထန္းေဆးကေျပာပါတယ္။

ျမန္မာႏိုင္ငံသားမဟုတ္တဲ့ ဒီလိုလက္နက္ကိုင္အဖြဲ႕ေတြဟာ အခုလို ၿခိမ္းေျခာက္ေနတာကို တာဝန္ရွိသူေတြအေနနဲ႔ ထိထိေရာက္ေရာက္ ကာကြယ္ေပးဖို႔နဲ႔ တမူးၿမိဳ႕ေပၚ ဗုံေပါက္ကြဲမႈမ်ိဳးမၾကာမၾကာျဖစ္တယ္လို႔ တမူးၿမိဳ႕ကေဒသခံေတြက ေျပာဆိုထားတာလည္း ျဖစ္ပါတယ္။

#VOM #voiceofmyanmar #တမူး #ကသည္းလက္နက္ကိုင္ #ျခိမ္းေျခာက္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW