ဂွမြို့နယ်ပေါက်ကွဲမှုဖြစ်စဉ်မှာ Myanmar Now အယ်ဒီတာချုပ် ဒဏ်ရာရ

ဂွ၊ ဒီဇင်ဘာ ၃၁-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ၊ ဂွမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်တဲ့လမ်းပေါ်ကိုသွားနေတဲ့ ကားကို ကျောက်ခဲစတစ်ခုဖောက်ဝင်ရာကနေ ကားအတွင်းလိုက်ပါလာခဲ့တဲ့ Myanmar Now အယ်ဒီတာချုပ် ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ ဂွမြို့နယ် ၊ သံကြိုးနဲ့ လောင်းကျိုးကျေးရွာအကြား ၊ မှော်ရွှေဂျိုင်အနီး ကားလမ်းမပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲရာကနေ ကျောက်ခဲစတစ်ခု ကားကိုဖောက်ဝင်ကာ ကိုဆွေဝင်းရဲ့ ပေါင်မှာ ဖောက်ဝင်ခဲ့တာလို့ သိရပါတယ်။

“ဘာဖြစ်လို့ဖြစ်မှန်းကိုမသိတာ။ မော်ရွှေကျိုင် အယင်ကအပန်ဖြေစခန်းဟောင်း နားမရောက်ခင် ကားလမ်းပေါ်မှာလို့ပြောတာပဲ။ ကားကိုဖောက်ပြီးတော့ ခဲတုံးကသူ့ပေါင်ကို လာမှန်တယ်လို့သိရတယ်။ ဘာဖြစ်တာမှန်းမသိဘူး။ ကျောက်မိုင်းကဖြစ်တာလား မသိဘူး။” လို့ ဂွမြို့နယ်ဒေသခံ ဦးကျော်မြင့်မောင်ကပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ဂွမြို့နယ်ရဲတပ်ဖွဲ့နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ရက်နေ့ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးအတွင်း ရခိုင်ပြည်နယ် တောင်ပိုင်းဒေသက မာန်အောင်မြို့မှာ မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

#VOM #voiceofmyanmar #ဂွမြို့ #ပေါက်ကွဲမှု #ကိုဆွေဝင်း

Zawgyi

ဂြၿမိဳ႕နယ္ေပါက္ကြဲမႈျဖစ္စဥ္မွာ Myanmar Now အယ္ဒီတာခ်ဳပ္ ဒဏ္ရာရ

ဂြ၊ ဒီဇင္ဘာ ၃၁-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေတာင္ပိုင္းေဒသ၊ ဂြၿမိဳ႕နယ္မွာ ဒီကေန႔ မနက္ပိုင္း ၈ နာရီေလာက္က ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ၿပီး ေပါက္ကြဲမွဳျဖစ္တဲ့လမ္းေပၚကိုသြားေနတဲ့ ကားကို ေက်ာက္ခဲစတစ္ခုေဖာက္ဝင္ရာကေန ကားအတြင္းလိုက္ပါလာခဲ့တဲ့ Myanmar Now အယ္ဒီတာခ်ဳပ္ ဒဏ္ရာရရိွခဲ့တယ္လို႔သိရပါတယ္။

ေပါက္ကြဲမႈျဖစ္ပြားခဲ့တဲ့ေနရာဟာ ဂြၿမိဳ႕နယ္ ၊ သံႀကိဳးနဲ႔ ေလာင္းက်ိဳးေက်းရြာအၾကား ၊ ေမွာ္ေရႊဂ်ိဳင္အနီး ကားလမ္းမေပၚမွာ ေပါက္ကြဲခဲ့တာျဖစ္ၿပီး ေပါက္ကြဲရာကေန ေက်ာက္ခဲစတစ္ခု ကားကိုေဖာက္ဝင္ကာ ကိုေဆြဝင္းရဲ႕ ေပါင္မွာ ေဖာက္ဝင္ခဲ့တာလို႔ သိရပါတယ္။

“ဘာျဖစ္လို႔ျဖစ္မွန္းကိုမသိတာ။ ေမာ္ေရႊက်ိဳင္ အယင္ကအပန္ေျဖစခန္းေဟာင္း နားမေရာက္ခင္ ကားလမ္းေပၚမွာလို႔ေျပာတာပဲ။ ကားကိုေဖာက္ၿပီးေတာ့ ခဲတံုးကသူ႔ေပါင္ကို လာမွန္တယ္လို႔သိရတယ္။ ဘာျဖစ္တာမွန္းမသိဘူး။ ေက်ာက္မိုင္းကျဖစ္တာလား မသိဘူး။” လို႔ ဂြၿမိဳ႕နယ္ေဒသခံ ဦးေက်ာ္ျမင့္ေမာင္ကေျပာပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္လို႔ ဂြၿမိဳ႕နယ္ရဲတပ္ဖြဲ႔နဲ႔ အေနာက္ပို္င္းတိုင္း စစ္ဌာနခ်ဳပ္တို႔ကို ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

ျပီးခဲ့တဲ့ ဒီဇင္ဘာ ၁၉ရက္ေန႔ကလည္း ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ခရီးအတြင္း ရခိုင္ျပည္နယ္ ေတာင္ပိုင္းေဒသက မာန္ေအာင္ၿမိဳ႕မွာ မိုင္းသံုးလံုးေပါက္ကြဲမႈျဖစ္ပြားခဲ့ပါတယ္။

#VOM #voiceofmyanmar #ဂြၿမိဳ႕ #ေပါက္ကြဲမွဳ #ကိုေဆြဝင္း

Related posts

Leave a Comment

VOM News

FREE
VIEW