မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်

မူဆယ် ၊ဒီဇင်ဘာလ ၃၁-၂၀၁၉
မဟာမင်း(VOM)

တတိယအကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို တရုတ်နုင်ငံ ယူနန်ပြန်နယ် ရွှေလီမြို့ နမ့်မောဝ်ဟူးရှေ့မှာ ဒီကနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ဒီနှစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံပြေးခုန်ပြစ်အဖွဲ့ချုပ်မှ အပြေးအားကစားသမား ၁၅ဦး အပါအဝင် မူဆယ် ကွက်ခိုင် နမ့်ခမ်းမှ အပြေးအားကစားသမား ၄၄၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်”လို့မူဆယ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဒေါသွယ်သွယ်လှိုင်ကပြောပါတယ်။

မာရသွန်ပြိုင်ပွဲမှာ အပြေးပြိုင်ပွဲအမျိုးအစား ၄မျိုးထည့်သွင်းကျင်းပပြုလုပ်ပေးခဲ့ပြီး တာဝေးမာရသွန် ၄၂ ဒသမ ၁၉၅ ကီလိုမီတာအပြေး ပြိုင်ပွဲ တွင် ၃၇၂ ဦး ၊ တာလတ် မာရသွန် ၂၁ ဒသမ ၀၉၇၅ ကီလိုမီတာ အပြေး ပြိုင်ပွဲတွင် ၁၃၆၇ ဦး ၊ တာတို မာရသွန် ၅ ကီလိုမီတာ အပြေးပြိုင်ပွဲတွင် ၁၅၇၄ ဦး နှင့် အပျော်တမ်း ၁ ဒသမ ၅ ကီလိုမီတာ အပြေး ပြိုင်ပွဲတွင် ၂၆၂၉ ဦး တို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

မာရသွန် အပြေးပြိုင်ပွဲကို တရုတ်အစိုးရက ဦးဆောင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အပြေးပြိုင်ပွဲမှာ မြန်မာနိုင်ငံကပြိုင်ပွဲဝင်သူတွေကို ပြိုင်ပွဲဝင်ကြေးအခမဲ့အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

မြန်မာ – တရုတ် နှစ်နိုင်ငံမှ အားကစားသမားများအပြင် အီသီယိုးပီးယား ၊ ကင်ညာ နှင့် ဂျာမန် အပြေးအားကစားသမားစုစုပေါင်း ၅၉၄၂ ဦး ဝင်ရောက်ယဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရပါတယ်။

#VOM #voiceofmyanmar #မူဆယ် #တရုတ်-မြန်မာ #မာရသွန်

Zawgyi

ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံ နယ္စပ္ျဖတ္ေက်ာ္ မာရသြန္ၿပိဳင္ပြဲ က်င္းပျပဳလုပ္

မူဆယ္ ၊ဒီဇင္ဘာလ ၃၁-၂၀၁၉
မဟာမင္း(VOM)

တတိယအႀကိမ္ေျမာက္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ နယ္စပ္ျဖတ္ေက်ာ္ မာရသြန္ၿပိဳင္ပြဲကို တ႐ုတ္ႏုင္ငံ ယူနန္ျပန္နယ္ ေ႐ႊလီၿမိဳ႕ နမ့္ေမာဝ္ဟူးေရွ႕မွာ ဒီကေန႔မနက္ပိုင္းက က်င္းပျပဳလုပ္ခဲ့ပါတယ္။

“ဒီႏွစ္ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံေျပးခုန္ျပစ္အဖြဲ႕ခ်ဳပ္မွ အေျပးအားကစားသမား ၁၅ဦး အပါအဝင္ မူဆယ္ ကြက္ခိုင္ နမ့္ခမ္းမွ အေျပးအားကစားသမား ၄၄၇ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္”လို႔မူဆယ္ခ႐ိုင္ အားကစားႏွင့္ ကာယပညာဦးစီးဌာနမႉး ေဒါသြယ္သြယ္လႈိင္ကေျပာပါတယ္။

မာရသြန္ၿပိဳင္ပြဲမွာ အေျပးၿပိဳင္ပြဲအမ်ိဳးအစား ၄မ်ိဳးထည့္သြင္းက်င္းပျပဳလုပ္ေပးခဲ့ၿပီး တာေဝးမာရသြန္ ၄၂ ဒသမ ၁၉၅ ကီလိုမီတာအေျပး ၿပိဳင္ပြဲ တြင္ ၃၇၂ ဦး ၊ တာလတ္ မာရသြန္ ၂၁ ဒသမ ၀၉၇၅ ကီလိုမီတာ အေျပး ၿပိဳင္ပြဲတြင္ ၁၃၆၇ ဦး ၊ တာတို မာရသြန္ ၅ ကီလိုမီတာ အေျပးၿပိဳင္ပြဲတြင္ ၁၅၇၄ ဦး ႏွင့္ အေပ်ာ္တမ္း ၁ ဒသမ ၅ ကီလိုမီတာ အေျပး ၿပိဳင္ပြဲတြင္ ၂၆၂၉ ဦး တို႔ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတာ ျဖစ္ပါတယ္။

မာရသြန္ အေျပးၿပိဳင္ပြဲကို တ႐ုတ္အစိုးရက ဦးေဆာင္က်င္းပျပဳလုပ္ခဲ့တာျဖစ္ၿပီး အေျပးၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံကၿပိဳင္ပြဲဝင္သူေတြကို ၿပိဳင္ပြဲဝင္ေၾကးအခမဲ့အျဖစ္ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရတယ္လို႔လည္း သိရပါတယ္။

ျမန္မာ – တ႐ုတ္ ႏွစ္ႏိုင္ငံမွ အားကစားသမားမ်ားအျပင္ အီသီယိုးပီးယား ၊ ကင္ညာ ႏွင့္ ဂ်ာမန္ အေျပးအားကစားသမားစုစုေပါင္း ၅၉၄၂ ဦး ဝင္ေရာက္ယဥ္ၿပိဳင္ခဲ့ၾကေၾကာင္းသိရွိရပါတယ္။

#VOM #voiceofmyanmar #မူဆယ္ #တ႐ုတ္-ျမန္မာ #မာရသြန္

Related posts

Leave a Comment

VOM News

FREE
VIEW