အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း လွတ်မြောက်ရေး တိုင်းရင်းသားတွေ ဆန္ဒထုတ်ဖော်မယ် ပလက်ဝ၊ နိုဝင်ဘာ ၁၅ -၂၀၁၉ မင်းရန်နိုင်(VOM) AA အဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း လွတ်မြောက်ရေးအတွက် ချင်းတိုင်းရင်းသားတွေအပါအဝင် တခြားတိုင်းရင်းသားတွေစုပြီး ရန်ကုန်မှာ လမ်းလျှောက်ဆန္ဒထုတ်ဖော်သွားမယ်လို့ ချင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီရဲ့ ညှိနှိုင်းရေးမှူး ဦးစောမြက ဒီနေ့ VOM ကို ပြောပါတယ်။ “ကျွန်တော်တို့ လမ်းလျှောက်ဆန္ဒဖော်ထုတ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းလွတ်မြောက်ရေးအတွက် ပြင်ဆင်နေတယ်။ အဓိကတော့ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအဖမ်းခံရတာနဲ့ ဒေါက်တာအေးမောင် အဖမ်းခံရတဲ့ ပုံစံချင်းမတူဘူးဆိုတာရယ်၊ လူအခွင့်အရေးချိုးဖောက်ခံရတယ်ဆိုတာကို ပြချင်တဲ့ သဆဘာပါပဲ” လို့ ဦးစောမြက ပြောပါတယ်။ NLD ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ နိုဝင်ဘာ ၃ ရက်နေ့မှာ AA အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ ဦးဝှေ့တင်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ…
Read MoreYear: 2019
ရွှေပြည်သာမြို့နယ်မှာ ဆောက်နေတဲ့ အိမ်ရာစီမံကိန်း ခြောက်ဆယ်ရာခိုင်နှုန်းပြီးစီး
Zawgyi ရွှေပြည်သာမြို့နယ်မှာ ဆောက်နေတဲ့ အိမ်ရာစီမံကိန်း ခြောက်ဆယ်ရာခိုင်နှုန်းပြီးစီး ရန်ကုန် နိုဝင်ဘာ ၁၅-၂၀၁၉ မိုးယံ(VOM) ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်(၁၉)ရပ်ကွက်မှာ ဖော်ဆောင်ဆောက်လုပ်နေတဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုအဖွဲ့အစည်း အခြေပြု အိမ်ရာ စီမံကိန်း ခြောက်ဆယ်ရာခိုင်နှုန်းပြီးစီးနေပြီလို့ သိရပါတယ်။ ‟စီမံကိန်းစနစ်ကတော့ ခြောက်မြို့နယ်မှာ စနေပါပြီ ရွှေပြည်သာကတော့ ခြောက်ဆယ်ရာခိုင်နှုန်းပြီးနေပါပြီ သွပ်မိုး ငါးထပ်သားခင်း ကျောက်ပြားကာ အလျား၂၅ပေ အနံ၁၂ပေနဲ့ အလျား ၂၅ပေ အနံ၁၄ပေ ရှိတဲ့အိမ်တွေဆောက်ပေးနေတာပါ။ တစ်ချို့အိမ်တွေက တိုင်ထောင်သွပ်မိုးပြီး တစ်ချို့အိမ်တွေက တိုင်ထူးထားပါတယ် လာမယ့်ဒီဇင်ဘာလကုန်လောက်မှာ လူနေလို့ရပါပြီ။ တောင်ဒဂုံနဲ့မြောက်ဒဂုံမှာလည်း ဆက်တိုက်ဆောက်လုပ်ပေးသွားမှာပါလို့” အဆိုပါစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းတည်ထောင်သူ ဒေါ်ဗန်လီဇာအောင်ကပြောပါတယ်။ ရွှေပြည်သာမြို့နယ် အမှတ်(၁၉)ရပ်ကွက်ရှိ စီမံကိန်းမှာပါဝင်ကြတဲ့ အိမ်မဲ့ပြည်သူတွေဟာ တစ်လ ၇၉၅၀၀ကျပ် လစဉ်ပေးသွင်းရမှာဖြစ်ပြီး လပေါင်း ၇၀ကြာပေးသွင်းရမည်ဖြစ်ကြောင်းနှင့်အိမ်ခြေ ၂၆၄လုံးကို…
Read Moreမရမ်းခြံဆိပ်ကမ်းအဆင့်မြှင့်တင်ဖို့ ဆိပ်ကမ်းမှာရှိနေတဲ့ လုပ်ငန်းရှင်တွေ ဒီဇင်ဘာမှာ အပြီးဖယ်ပေးရမယ်
မရမ်းခြံဆိပ်ကမ်းအဆင့်မြှင့်တင်ဖို့ ဆိပ်ကမ်းမှာရှိနေတဲ့ လုပ်ငန်းရှင်တွေ ဒီဇင်ဘာမှာ အပြီးဖယ်ပေးရမယ် မန္တလေး နိုဝင်ဘာ ၁၄-၂၀၁၉ ဖြူဖြူ (VOM) မန္တလေးမြို့ ဘေး ဧရာဝတီမြစ် သဘောင်္ဆိပ်ကမ်းတခုဖြစ်တဲ့ မရမ်းခြံဆိပ်ကမ်းကို အဆင့်မြှင့်တင်ဖို့အတွက် ဆိပ်ကမ်းကလုပ်ငန်းရှင်တွေအနေနဲ့ ဒီနှစ်မကုန်မီ အပြီးပြောင်းရွှေ့ပေးရမယ်လို့ ဆိပ်ကမ်းနေရာချထားပေးရေးကော်မတီက သိရပါတယ်။ နိုင်ငံခြားခရီးသွားကဏ္ဍမြှင့်တင်တဲ့အနေနဲ့ မရမ်းခြံဆိပ်ကမ်းကို အဆင့်မြှင့်တင်ဖို့ဆောင်ရွက်နေတာဖြစ်ပြီး ပထမဆင့်အဖြစ် ဆိပ်ကမ်းကလုပ်ငန်းတွေကို ရှင်းလင်းနေတာဖြစ်ပါတယ်။ “သူတို့ပြောင်းရွှေ့ဖို့ ကျနော်တို့စာထုတ်ထားတယ်။ ရွှေ့ပြောင်းတာတွေလည်းရှိတယ်၊ မရွှေ့ပြောင်းသေးတာတွေလည်း ရှိနေသေးတယ်။ ဥပဒေအရ သုံးကြိမ်တော့ စာထုတ်မယ်၊ သုံးကြိမ်ထုတ်လို့မှ မပြောင်းရင် ဥပဒေနဲ့အညီဆောင်ရွက်ရမှာပေါ့။”လို့ ဆိပ်ကမ်းနေရာချထားပေးရေးကော်မတီ ဥက္ကဌ ဦးဇော်ဇော်အောင်က ပြောပါတယ်။ အဲဒီဆိပ်ကမ်းမှာ သဲ၊ နုန်း၊ ဝါးလုပ်ငန်းရှင် ၄ ဦးဆီရှိပြီး ကုန်တင်ကုန်ချလုပ်ငန်းရှင် ၃ဦးရှိနေတာဖြစ်ပါတယ်။ဒီလုပ်ငန်းတွေကို မှီခိုနေတဲ့ လုပ်သားက ရာချီတယ်လို့ သိရပါတယ်။ သူတို့ကို ဖယ်ရှားလိုက်တာမဟုတ်ဘဲ ရွှေကြက်ယက်ဆိပ်ကမ်းနဲ့ ချော်ဆိပ်ဘက်မှာ သတ်မှတ်နေရာချထားပေးတာဖြစ်တယ်လို့ သိရပါတယ်။…
Read More၂၀၁၉ ခုနှစ်အတွင်း အကောင့်တု ၅ ဒသမ ၄ ဘီလီယံကျော် ဖေ့စ်ဘွတ်ခ်ဖယ်ရှား
၂၀၁၉ ခုနှစ်အတွင်း အကောင့်တု ၅ ဒသမ ၄ ဘီလီယံကျော် ဖေ့စ်ဘွတ်ခ်ဖယ်ရှား ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ-၁၄-၂၀၁၉ မျိုးဆက် (VOM) ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ၀ါဒဖြန့်ကြိုးကိုင်ချယ်လှယ်တာတွေနဲ့ သတင်းအမှားဖြန့်ဝေတာမျိုးတွေကို အမြဲတိုက်ဖျက်နေတဲ့ လက္ခဏာတစ်ရပ်အဖြစ် ယခုနှစ်အတွင်းမှာ အကောင့်တု ၅ ဒသမ ၄ ဘီလီယံကိုဖျက်ချခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က နိုဝင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။ အကောင့်တုတွေဖန်တီးဖို့ အားထုတ်မှုတာတွေမြင့်တက်လာချိန်မှာ ဖေ့စ်ဘွတ်ခ်ဟာ သူ့ရဲ့ ကာကွယ်ရေးစနစ်ကိုတိုးမြင့်ထားပြီး အကောင့်တုတွေဖန်တီးလိုက်တာနဲ့ မိနစ်အနည်းငယ်အတွင်းမှာပဲ ဖျက်သိမ်းဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။ မိမိတို့အနေနဲ့ အကောင့်တုတွေနဲ့ မသင့်တော်တဲ့ အကောင့်တွေဖန်တီးဖို့ ကြိုးစားတာကို ခြေရာခံဖို့နဲ့ တားမြစ်ပိတ်ပင်တဲ့ စွမ်းရည်မှာ တိုးတက်လာတယ်လို့ ဖေ့စ်ဘွတ်ခ်က နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမှန်တကယ်မရှိပဲ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုအဖြစ် ဟန်ဆောင်ထားတယ်လို့ ယုံကြည်ရတဲ့…
Read Moreအတိုင်ပင်ခံ၊ တပ်ချုပ်နဲ့ မြန်မာထိပ်တန်းခေါင်းဆောင်တွေ အာဂျင်တီးနားမှာ တရားစွဲခံရ
အတိုင်ပင်ခံ၊ တပ်ချုပ်နဲ့ မြန်မာထိပ်တန်းခေါင်းဆောင်တွေ အာဂျင်တီးနားမှာ တရားစွဲခံရ ဗျူနိုအေရိစ်၊ နိုဝင်ဘာ-၁၄-၂၀၁၉ မျိုးဆက်(VOM) ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် အာဂျင်တီးနားနိုင်ငံမှာ မြန်မာနိုင်ငံထိပ်တန်းတာဝန်ရှိသူတွေကို တရားစွဲဆိုခဲ့ပြီး တရားစွဲခံရသူတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းပါဝင်နေပြီး ဒါဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် တရားရေးအရ ပစ်မှတ်ထားခံရတာဖြစ်ပါတယ်။ ဒီတရားစွဲဆိုမှုကို ရိုဟင်ဂျာနဲ့ လက်တင်အမေရိက လူ့အခွင့်အရေးအဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး နိုင်ငံအများအပြားရဲ့ ဥပဒေအရလက်ခံထားတဲ့ နိုင်ငံတကာစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနားနိုင်ငံမှာ အမှုကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ စစ်ရာဇ၀တ်မှုကျူးလွန်သူတွေ၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သူတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူတွေ ၊ ကြံရာပါတွေကို ရာဇ၀တ်မှုအရ အရေးယူဖို့ဖြစ်တယ်လို့တယ် တရားလိုရှေ့နေ Tomas Ojea ကပြောပါတယ်။ တရားစွဲဆိုမှုမှာတော့ ရိုဟင်ဂျာမွတ်စလင်လူနည်းစုရဲ့ ဖြစ်တည်မှုအပေါ် ခြိမ်းခြောက်မှုတွေကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာစစ်ဘက်နဲ့ အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေကို အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။ အာဂျင်တီးနားတရားရုံးတွေဟာ…
Read Moreအောင်ဘာလေထီ သိန်းတစ်ထောင်ပေါက်မဲလက်မှတ်ကို ဆိုင်ရှင်က မပေးလို့ ထီပေါက်မဲလက်မှတ်ဝယ်ထားသူက တရားစွဲ
အောင်ဘာလေထီ သိန်းတစ်ထောင်ပေါက်မဲလက်မှတ်ကို ဆိုင်ရှင်က မပေးလို့ ထီပေါက်မဲလက်မှတ်ဝယ်ထားသူက တရားစွဲ စစ်ကိုင်း နိုဝင်ဘာ ၁၃ -၂၀၁၉ စောပြည့်ချမ်းသာ(VOM) ပြီးခဲ့တဲ့ ၈ ကြိမ်မြောက်အောင်ဘာလေထီဆုမှာ ကျပ်သိန်းတစ်ထောင်ဆုမဲ ထီလက်မှတ်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ထီထိုးသူ မဇင်ဇင်က တရားလိုလုပ်ပြီး ဒီနေ့ မနက်ပိုင်းက စစ်ကိုင်းခရိုင် တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ မင်းကွန်းက သူငယ်ချင်းဖြစ်တဲ့ ထီကိုယ်စားလှယ် မစန်းအိခိုင် ဆီကနေ ပြီးခဲ့တဲ့ စက်တင်ဘာ လ ၂၉ ရက်နေ့ က ထီလက်မှတ်ကို အွန်လိုင်းကနေ တစ်ဆင့် မှာယူပြီး ၃၀ ရက်နေ့မှာ မစန်းအိခိုင်ကို ငွေပေးခဲ့တယ်လို့ ထီထိုးသူ မဇင်ဇင်ကပြောပါတယ်။ မစန်းအိခိုင်က သူ ဖုန်းဆက်သွယ်မှာယူထားတဲ့ ထီကို ငွေပေးကာ လက်မှတ်သွားတောင်းရာ ဆိုင်ရှင်က သူမအားတာနဲ့ မိတ်ဆွေများဖြစ်နေတဲ့အတွက် နောက်မှယူဖို့ပြန်ပြောပြီး ထီလက်မှတ်တန်ဖိုးငွေကို မစန်းအိခိုင်က ပေးချေခဲ့တယ်လို့…
Read Moreဟောင်ကောင်မှာ ဆန္ဒပြပွဲတွေကြောင့် စာသင်ကျောင်းအားလုံး ပိတ်ရတော့မည်
Zawgyi ဟောင်ကောင်၊ နိုဝင်ဘာ-၁၃-၂၀၁၉ မျိုးဆက် (VOM) ဟောင်ကောင်မှာ သယ်ယူပို့ဆောင်ရေးနဲ့ လုံခြုံရေးအကြောင်းပြချက်တွေကြောင့် စာသင်ကျောင်းအားလုံးကို နိုဝင်ဘာ ၁၄ ရက်မှာပိတ်ထားမယ်လို့ ဟောင်ကောင်ပညာရေးဗျူရိုက နိုဝင်ဘာ ၁၃ ရက်မှာထုတ်ပြန် ကြေညာလိုက်ပါတယ်။ ရိုက်တာသတင်းဌာနရဲ့အဆိုအရ ပညာရေးဗျူရိုဟာ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်တွေ အားလုံးကိုရပ်တန့်ဖို့အတွက် ဆန္ဒပြသူတွေကို ကြေညာချက်မှာ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။ ဆန္ဒပြပွဲတွေကြောင့် ယာဉ်အသွားအလာ၊ အရေးပေါ်အခြေအနေနဲ့ အဓိက ယာဉ်ကြောလိုင်းတွေကို အကြီးအကျယ်ထိခိုက်မှုရှိနေတာကြောင့် စာသင်ကျောင်းတွေပိတ်ထားဖို့ ပညာရေးဗျူရိုက ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ဟောင်ကောင်အစိုးရရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ မငြိမ်မသက်မှုတွေဖြစ်ပွားခဲ့တဲ့ ငါးလတာကာလအတွင်း ယခုသီတင်းပတ်မှာတော့ ဟောင်ကောင်တစ်ဝန်းမှာ လမ်းပိတ်ဆို့တာတွေနဲ့ ဖျက်ဆီးမှုတွေကို ဟောင်ကောင်ဆန္ဒပြသူတွေက အရှိန်မြှင့်လုပ်ဆောင်ပြီးနောက် ပညာရေးဗျူရိုရဲ့ ထုတ်ပြန်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ အရေးကြီးတဲ့ ရထားကွန်ရက်တွေပိတ်သိမ်းရခြင်းအပါအ၀င် စာသင်ကျောင်းတွေနဲ့ ဈေးဝယ်စင်တာတွေ ပိတ်ရခြင်းဟာ အကြပ်အတည်းပြသနာရဲ့ နောက်တစ်ဆင့်ပြီး မြို့တော်ဟာ ချောက်ကမ်းပါးထဲကျဖို့ အနည်းငယ်သာလိုတော့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ…
Read Moreရန်ကုန်မှာ နောက်ဆက်တွဲ ငလျင်လာနိုင်
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက်၊ ၂၀၁၉ အောင်ထူးနိုင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၊ ည ၉ နာရီ ၅၄ မိနစ် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက်မိုင် ၃၀ ခန့် ကွာဝေးတဲ့ တိုက်ကြီးမြို့ရဲ့ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၇.၁၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၃) ဒီဂရီ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြုတဲ့ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အဲဒီမြေငလျင် လှုပ်ခတ်မှုကြောင့် ရန်ကုန်မြို့ရှိ အဆောက်အဦတချို့ ယိုင်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရတော့ မနေ့ညက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်၊ ဦးစံဖေလမ်းမှာရှိတဲ့ RC…
Read Moreဆူမားတြားမြောက်ပိုင်းရှိ အင်ဒိုနီးရှားရဲဌာနချုပ်တစ်ခု အသေခံဗုံးခွဲတိုက်ခိုက်ခံရ
ဂျကာတာ၊ နိုဝင်ဘာ-၁၃-၂၀၁၉ မျိုးဆက် (VOM) အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားမြောက်ပိုင်း မက်ဒန်မြို့ရှိ ရဲဌာနချုပ်ပြင်ပမှာ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ပြစ်မှုကျူးလွန်သူသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်အချို့ဒါဏ်ရာရရှိခဲ့တယ်လို့ နိုဝင်ဘာ ၁၃ ရက်မှာ ရဲတပ်ဖွဲ့ကပြောပါတယ်။ ဒီဖြစ်စဉ်ဟာ အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီးဟောင်းတစ်ဦးကို ဓါးနဲ့တိုက်ခိုက်မှုဖြစ်ပွားပြီး တစ်လအကြာမှာ အခုလို တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒါပေမယ့် ကမ္ဘာ့ပေါ်မှာ မွတ်စလင်ဦးရေအများစုနေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း ပြည်တွင်း စစ်သွေးကြွတွေ ပြန်လည်ခေါင်းထောင်လာတာကြောင့် အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ရဲတပ်ဖွဲ့ကိုပစ်မှတ်ထား တိုက်ခိုက်တာတွေလည်းရှိနေပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်သူဟာ တိုက်ခိုက်မှုအတွင်းသေဆုံးသွားပြီး ဒေသစံတော်ချိန် ၈ နာရီ ၅၀ မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှာ ရဲတပ်ဖွဲ့ဝင်အချို့ ဒါဏ်ရာရရှိခဲ့တယ်လို့ ဆူမားတြားမြောက်ပိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒါဆန်အက်မာဂျာက အတည်ပြုပြောဆိုပါတယ်။ ကနဦးစစ်ဆေးမှုတွေအရ ရဲတပ်ဖွဲ့ဝင် ငါးဦးနဲ့ အရပ်သားတစ်ဦး ဒါဏ်ရာရရှိသွားပြီး ဒါဏ်ရာအခြေအနေမစိုးရိမ်ရကြောင်း၊ ရဲတပ်ဖွဲ့မော်တော်ယာဉ်အချို့လည်း…
Read Moreပါချုပ်ဆရာတော်ဘုရားကြီးကို ရာထူးကနေ ဖယ်ရှားဆိုတဲ့ သတင်းထွက်ပေါ်
Zawgyi မန္တလေး နိုဝင်ဘာ ၁၃-၂၀၁၉ VOM အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသကို လာမယ့်သက်တမ်းအတွက် ပါမောက္ခချုပ်ရာထူးကို ဆက်လက်တိုးမပေးတော့ပဲ ရာထူးက ဖယ်ရှားပေးဖို့ သာသနာရေးဝန်ကြီးဌာနက လျှောက်ထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီကိစ္စ သာသာနာရေးဝန်ကြီးဌာနက ပြည်တွင်းပြည်ပဆက်ဆံရေး ညွန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကိုမေးကြည့်တော့ အစည်းအဝေးထိုင်နေကြောင်းနဲ့ ဒီကိစ္စ သူမသိသေးကြောင်း ပြောပါတယ်။ နိုင်ငံတော်သံဃမဟာနာယက အကျိုးတော်ဆောင်အဖွဲ့ဝင် ဆရာတော်ကြီးတပါးကို VOM က လျှောက်ထားကြည့်တော့ တရားဝင်အမိန့်စာမထွက်သေးပေမယ့် သူတို့ကြားသိကြောင်းနဲ့ ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသဟာ သက်တော်လည်းကြီးပြီး ကျမ္မာရေးလည်းမကောင်းတာကြောင့် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။ သူ့နေရာကို ဆက်ခံဖို့ ဖြစ်နိုင်ခြေရှိတဲ့ ဆရာတော်တွေကတော့ ဒုတိယပါမောက္ခချုပ်ဖြစ်တဲ့ ဦးအာဒိစ္စဖြစ်နိုင်သလို ဦးစန္ဒဝံသလည်းဖြစ်နိုင်တယ်လို့ မဟနအဖွဲ့ဝင် ဆရာတော်က သူ့အမြင်ကို မိန့်ပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ အစိုးရက သက်တမ်းတိုးမပေးဘဲ နားခိုင်းတယ်လို့ အများပြည်သူမထင်အောင် ဆရာတော်ရဲ့…
Read More