ပွဲခင်းထဲမှာအော်ဟစ်လို့ ရဲစခန်းက ခေါ်ယူထိန်းသိမ်းထားတဲ့ ရွာသား ၄ ဦးထဲက တစ်ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁-၂၀၁၉
သူရိန်(VOM)

စစ်ကိုင်းတိုင်း၊ ဒီပဲရင်းမြို့နယ်၊ ပျံကျကျေးရွာအုပ်စုမှာ ပြာသိုလတိုင်းပြုလုပ်တဲ့ ပွဲခင်းအတွင်း ရွာသား ၄ ဦးက မူးယစ်အော်ဟစ်လို့ဆိုပြီး ရဲစခန်းကခေါ်ယူထိန်းသိမ်းရာ တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့တရားလွှတ်တော်ရှေ့နေရဲ့ပြောပြချက်အရ သိရပါတယ်။

၂၀၁၉ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ရွာသား ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ရွာသား ၃ဦးကို လွတ်ပေးလိုက်ပြီး ကျန်ရှိနေတဲ့ ကိုသိန်းဝင်းဆိုသူ သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

“သူတို့ပြာသိုလတိုင်းလုပ်တဲ့ပွဲခင်းမှာ ရွာသားတွေကမူးပြီးအော်ဟစ်လို့ဆိုပြီး ရဲတပ်ဖွဲ့က ကျင်စက်နဲ့တို့ပြီးရွာသားတွေကို တရွက်တိုက်ဆွဲခေါ်သွားတယ်လို့ပြောတယ်။ နောက်ရက်ကျတော့သုံး ယောက်ကိုပြန်လွှတ်လိုက်ပေမယ့် သေဆုံးသူကို ပြန်မလွှတ်ပေးဘူး။ နေဘက် သူ့မိန်းမက ထမင်းချိုင့်သွားပို့တော့လည်း ပေးမတွေ့ဘူး။ နောက်ရက်ကျမှ ဆေးရုံကိုရဲတွေကလာပို့တယ်ဆိုပြီး သွားကြည့်တော့သေနေပြီ။ ဆရာဝန်ကြီးက သူတို့ဆီလာပို့ကတည်းကသေနေပြီ ၊ဦးနှောက်ထဲသွေးရောက်တယ်လို့ပြောတာဘဲ။ စခန်းမှာအမှုဖွင့်ဖို့လုပ်ပေးမယ့် ရဲကပေးမဖွင့်ဘူး။ ဒါကလူသတ်မှုကို အမှုပေါ့အောင် ၊ သူတို့က လူသေမှုလုပ်စေချင်တာ ။ဒီကိစ္စကို တိုင်းဝန်ကြီးချုပ်ဆီတိုင်စာပို့ဖို့လုပ်နေတယ်။ ကျန်တာတော့မပို့ဘူး။ မီဒီယာဘဲအားကိုးရမှာ”လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေဦးဘိုမောင်းကပြောပါတယ်။

စိုင်ပြင်ရဲစခန်းမှ တိုက်နယ်ဆေးရုံကို လာပို့ရာတွင် သေဆုံးသွားတဲ့ ကိုသိန်းဝင်း (၄၆) နှစ်မှာ သွားနှစ်ချောင်းကျိုး၊ မျက်လုံးတွေအညိုအမဲစွဲ၊ မျက်လုံးတစ်ဖက်ပေါက်ပြဲ နဲ့ အခြားဒဏ်ရာတွေလည်း ရရှိထားတယ်လို့ သိရပါတယ်။

ဒါ့အပြင်ရဲတွေက ဆွေမျိုးတွေကို ဒီကိစ္စအပြင်မသိဖို့ဆိုပြီး ကာယကံရှင်မိသားစုကို သိန်း၅၀၊ သိန်း၁၀၀ပေးဖို့ ညှိနေတယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီး စိုင်ပြင်ရဲစခန်းကိုဆက်သွယ်ပေမယ့်ဖုန်းကိုင်ဖြေကြားခြင်းမရှိဘဲ လက်ရှိမှာတော့ ခရိုင်ကနေစုံခုံဖွဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #အချုပ်သား #သေဆုံး

Zawgyi

ပြဲခင္းထဲမွာေအာ္ဟစ္လို႔ ရဲစခန္းက ေခၚယူထိန္းသိမ္းထားတဲ့ ႐ြာသား ၄ ဦးထဲက တစ္ဦးေသဆုံး

ရန္ကုန္၊ ဇန္နဝါရီ ၁-၂၀၁၉
သူရိန္(VOM)

စစ္ကိုင္းတိုင္း၊ ဒီပဲရင္းၿမိဳ႕နယ္၊ ပ်ံက်ေက်း႐ြာအုပ္စုမွာ ျပာသိုလတိုင္းျပဳလုပ္တဲ့ ပြဲခင္းအတြင္း ႐ြာသား ၄ ဦးက မူးယစ္ေအာ္ဟစ္လို႔ဆိုၿပီး ရဲစခန္းကေခၚယူထိန္းသိမ္းရာ တစ္ဦးေသဆုံးမႈျဖစ္ပြားခဲ့တယ္လို႔ အမႈလိုက္ပါေဆာင္႐ြက္ေပးေနတဲ့တရားလႊတ္ေတာ္ေရွ႕ေနရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

၂၀၁၉ခုႏွစ္ ဒီဇင္ဘာ ၂၈ ရက္က ႐ြာသား ၄ ဦးကို ဖမ္းဆီးေခၚေဆာင္သြားကာ ဒီဇင္ဘာ ၂၉ ရက္ေန႔မွာ ႐ြာသား ၃ဦးကို လြတ္ေပးလိုက္ၿပီး က်န္ရိွေနတဲ့ ကိုသိန္းဝင္းဆိုသူ ေသဆုံးခဲ့တာပဲ ျဖစ္ပါတယ္။

“သူတို႔ျပာသိုလတိုင္းလုပ္တဲ့ပြဲခင္းမွာ ႐ြာသားေတြကမူးၿပီးေအာ္ဟစ္လို႔ဆိုၿပီး ရဲတပ္ဖြဲ႕က က်င္စက္နဲ႔တို႔ၿပီး႐ြာသားေတြကို တ႐ြက္တိုက္ဆြဲေခၚသြားတယ္လို႔ေျပာတယ္။ ေနာက္ရက္က်ေတာ့သုံး ေယာက္ကိုျပန္လႊတ္လိုက္ေပမယ့္ ေသဆုံးသူကို ျပန္မလႊတ္ေပးဘူး။ ေနဘက္ သူ႔မိန္းမက ထမင္းခ်ိဳင့္သြားပို႔ေတာ့လည္း ေပးမေတြ႕ဘူး။ ေနာက္ရက္က်မွ ေဆး႐ုံကိုရဲေတြကလာပို႔တယ္ဆိုၿပီး သြားၾကည့္ေတာ့ေသေနၿပီ။ ဆရာဝန္ႀကီးက သူတို႔ဆီလာပို႔ကတည္းကေသေနၿပီ ၊ဦးေႏွာက္ထဲေသြးေရာက္တယ္လို႔ေျပာတာဘဲ။ စခန္းမွာအမႈဖြင့္ဖို႔လုပ္ေပးမယ့္ ရဲကေပးမဖြင့္ဘူး။ ဒါကလူသတ္မႈကို အမႈေပါ့ေအာင္ ၊ သူတို႔က လူေသမႈလုပ္ေစခ်င္တာ ။ဒီကိစၥကို တိုင္းဝန္ႀကီးခ်ဳပ္ဆီတိုင္စာပို႔ဖို႔လုပ္ေနတယ္။ က်န္တာေတာ့မပို႔ဘူး။ မီဒီယာဘဲအားကိုးရမွာ”လို႔ အမွဳကိုလုိက္ပါေဆာင္ရြက္္ေပးေနတဲ့ တရားလႊတ္ေတာ္ ေရွ႕ေနဦးဘိုေမာင္းကေျပာပါတယ္။

စိုင္ျပင္ရဲစခန္းမွ တိုက္နယ္ေဆး႐ုံကို လာပို႔ရာတြင္ ေသဆံုးသြားတဲ့ ကိုသိန္းဝင္း (၄၆) ႏွစ္မွာ သြားႏွစ္ေခ်ာင္းက်ိဳး၊ မ်က္လုံးေတြအညိဳအမဲစြဲ၊ မ်က္လုံးတစ္ဖက္ေပါက္ၿပဲ နဲ႔ အျခားဒဏ္ရာေတြလည္း ရရွိထားတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ရဲေတြက ေဆြမ်ိဳးေတြကို ဒီကိစၥအျပင္မသိဖို႔ဆိုၿပီး ကာယကံရွင္မိသားစုကို သိန္း၅၀၊ သိန္း၁၀၀ေပးဖို႔ ညႇိေနတယ္လို႔လည္း သိရပါတယ္။

ဒီကိစၥနဲ႔ပက္သက္ၿပီး စိုင္ျပင္ရဲစခန္းကိုဆက္သြယ္ေပမယ့္ဖုန္းကိုင္ေျဖၾကားျခင္းမရွိဘဲ လက္ရွိမွာေတာ့ ခ႐ိုင္ကေနစုံခံုဖြဲ႕ စစ္ေဆးေနတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္း #အခ်ဳပ္သား #ေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW