အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲအဆုံးသတ်ရေး သဘောတူလက်မှတ်ထိုးတော့မယ်

ဝါရှင်တန်၊ ဇန်နဝါရီ-၁-၂၀၁၉
မျိုးဆက် (VOM)

ကာလရှည်စောင့်ဆိုင်းလာရတဲ့ အမေရိကန်-တရုတ်ကုန်သွယ်ရေး စစ်ပွဲပြေငြိမ်းရေးနဲ့ပတ်သက်တဲ့ သဘောတူညီမှုကို ဇန်နဝါရီ၁၅ရက်မှာ လက်မှတ်ရေးထိုးတော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြေညာလိုက်ပါတယ်။

“ကုန်သွယ်ရေးဆိုင်ရာ ပထမအဆင့်သဘောတူညီမှုဟာ အင်အားကြီးစီးပွါးရေးနိုင်ငံနှစ်နိုင်ငံအကြား တင်းမာမှုတွေကို လျော့ကျစေလိမ့်မယ်လို့ မျှော်မှန်းရပါတယ်။ ဒီသဘောတူညီမှုကို တရုတ်နိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်တွေနဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ လက်မှတ်ရေးထိုးမယ်”လို့ အမေရိကန်သမ္မတကပြောပါတယ်။

အဲဒီနောက်ပိုင်း တစ်ချိန်ချိန်မှာတော့ မစ္စတာထရန့်ဟာ တရုတ်နိုင်ငံကို သွားရောက်ပြီး ဒုတိယအဆင့် သဘောတူညီမှုအတွက် ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်သွားမယ်လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။

မစ္စတာထရန့်ဟာ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ တိုးတက်လာတာကြောင့် တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တိုးမြှင့်စည်းကြပ်ဖို့ အစီအစဉ်တွေကို မကြာသေးမီက ရုပ်သိမ်းလိုက်ပါတယ်။

လက်မှတ်ရေးထိုးမယ့် ပထမအဆင့် သဘောတူညီမှုအပါအချက်အလက်တွေကို လူသိရှင်ကြားထုတ်ပြန်ခြင်းမရှိပေမယ့်လည်း တရုတ်နိုင်ငံဟာ အမေရိကန်စိုက်ပျိုးရေးထုတ်ကုန်တွေကို တိုးမြှင့်ဝယ်ယူဖို့နဲ့ ဉာဏ်ဏပိုင်ဆိုင်မှုကာကွယ်ရေးကို တိုးမြှင့်ဖို့ကတိပြုထားပြီး အမေရိကန်က အခွန်ပြဌာန်းမှုအချို့ကိုပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ နှစ်ဖက်စလုံးက ပြောကြားထားပါတယ်။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #အမေရိကန် #တရုတ် #ကုန်သွယ်ရေးစစ်ပွဲ

Zawgyi

အေမရိကန္-တရုတ္ ကုန္သြယ္ေရးစစ္ပြဲအဆံုးသတ္ေရး သေဘာတူလက္မွတ္ထိုးေတာ႔မယ္

ဝါရွင္တန္၊ ဇန္နဝါရီ-၁-၂၀၁၉
မ်ိဳးဆက္ (VOM)

ကာလရွည္ေစာင့္ဆုိင္းလာရတဲ႔ အေမရိကန္-တရုတ္ကုန္သြယ္ေရး စစ္ပြဲေျပျငိမ္းေရးနဲ႔ပတ္သက္တဲ႔ သေဘာတူညီမႈကို ဇန္နဝါရီ၁၅ရက္မွာ လက္မွတ္ေရးထုိးေတာ႔မယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရန္႔က ေၾကညာလုိက္ပါတယ္္။

“ကုန္သြယ္ေရးဆိုင္ရာ ပထမအဆင့္သေဘာတူညီမႈဟာ အင္အားၾကီးစီးပြါးေရးႏုိင္ငံႏွစ္ႏုိင္ငံအၾကား တင္းမာမႈေတြကုိ ေလ်ာ့က်ေစလိမ့္မယ္လို႔ ေမွ်ာ္မွန္းရပါတယ္။ ဒီသေဘာတူညီမႈကုိ တရုတ္ႏုိင္ငံမွ အဆင့္ျမင့္ကုိယ္စားလွယ္ေတြနဲ႔ အေမရိကန္နိုင္ငံ ဝါရွင္တန္ျမိဳ႔မွာ လက္မွတ္ေရးထုိးမယ္”လို႔ အေမရိကန္သမၼတကေျပာပါတယ္။

အဲဒီေနာက္ပိုင္း တစ္ခ်ိန္ခ်ိန္မွာေတာ႔ မစၥတာထရန္႔ဟာ တရုတ္ႏုိင္ငံကို သြားေရာက္ျပီး ဒုတိယအဆင့္ သေဘာတူညီမႈအတြက္ ေဆြးေႏြးမႈေတြ စတင္လုပ္ေဆာင္သြားမယ္လို႔ သူ႔ရ႕ဲ တြစ္တာစာမ်က္ႏွာမွာ ေရးသားထားပါတယ္။

မစၥတာထရန္႔ဟာ ကုန္သြယ္ေရးဆိုင္ရာ ေဆြးေႏြးမႈေတြ တုိးတက္လာတာေၾကာင္႔ တရုတ္ကုန္ပစၥည္းေတြအေပၚ အခြန္တုိးျမွင့္စည္းၾကပ္ဖို႔ အစီအစဥ္ေတြကုိ မၾကာေသးမီက ရုပ္သိမ္းလုိက္ပါတယ္။

လက္မွတ္ေရးထိုးမယ္႔ ပထမအဆင္႔ သေဘာတူညီမႈအပါအခ်က္အလက္ေတြကုိ လူသိရွင္ၾကားထုတ္ျပန္ျခင္းမရွိေပမယ္႔လည္း တရုတ္ႏုိင္ငံဟာ အေမရိကန္စုိက္ပ်ိဳးေရးထုတ္ကုန္ေတြကုိ တုိးျမွင့္ဝယ္ယူဖို႔နဲ႔ ဥာဏ္ဏပိုင္ဆိုင္မႈကာကြယ္ေရးကို တုိးျမွင့္ဖို႔ကတိျပဳထားျပီး အေမရိကန္က အခြန္ျပဌာန္းမႈအခ်ိဳ႔ကုိျပန္လည္ရုပ္သိမ္းခဲ့တယ္လို႔ ႏွစ္ဖက္စလံုးက ေျပာၾကားထားပါတယ္။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #အေမရိကန္ #တရုတ္ #ကုန္သြယ္ေရးစစ္ပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW