အေအေကဖမ်းဆီးသွားတဲ့ ကုန်းလမ်းပို့ဆောင်ရေးမှ ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးပြန်လွှတ်လာ

ဘူးသီးတောင်၊ ဇန်နဝါရီ ၁-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ မနေ့က အေအေဖွဲ့က ဖမ်းဆီးသွားတဲ့ ကုန်းလမ်းပို့ဆောင်းမှ ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို ဒီကနေ့မနက် ၇ နာရီကျော်လောက်က ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ အေအေကထုတ်ပြန်ထားပါတယ်။

အဲ့ဒီယဉ်မောင်းဝန်ထမ်း ၁၆ ယောက်ကို ဘူးသီတောင်မြို့နယ် ၊ သေကံကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေဆီကို လွှဲပေးလိုက်တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

“ဘူးသီးတောင်မှာရောက်နေပြီ။ ရွာကိုရောက်တာတော့ ၇ နာရီလောက်မှာလို့ လွှတ်ပေးလိုက်တယ်လို့သိရတယ်။ ဘူးသီးတောင်ကို့တော့ နေ့လည် ၁နာရီ ၁၀မိနစ်မှာရောက်တယ်။ အကုန်လုံးကိုလွှတ်ပေးလိုက်တယ်။” လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုအောင်က ပြောပါတယ်။

အေအေအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့ အခုလိုပြန်လွှတ်ပေးလိုက်တာက အဲ့ဒီယာဉ်မောင်းဝန်ထမ်း ၁၆ ဦးဟာ စစ်ဖက်နဲ့သက်ဆိုင်မှူမရှိတဲ့အတွက် လွှတ်ပေးလိုက်တာဖြစ်ပြီး ခရီးသွာလိုတယ်ဆိုရင် အေအေ ကိုအကြောင်းကြားရမယ်လို့ ပါဝင်ပါတယ်။

“ပြန်လွှတ်လိုက်ပြီ။ ငါသတင်းကြည့်မှရမယ်။ ပြန်လွှတ်လိုက်ပြီဆိုတာတော့သိတယ်။” လို့ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း အေအေအဖွဲ့ဟာ ရသေ့တောင်မြို့နယ်မှာ ရွှေနဒီအမြန်ရေယာဉ်ပေါ်က ရဲတပ်ဖွဲ့ဝင်၊ တပ်မတော်သား၊ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေနဲ့ ခရီသည်တွေကိုဖမ်းသွားခဲ့ပြီးတော့ လူတချို့ကို အခုလို ပြန်လွှတ်ပေးခဲ့တာလည်းရှိပါတယ်။

#VOM #voiceofmyanmar #ဘူးသီးတောင် #အေအေ #ယာဉ်မောင်း #ပြန်လွှတ်

Zawgyi

ေအေအကဖမ္းဆီးသြားတဲ့ ကုန္းလမ္းပို႔ေဆာင္ေရးမွ ယာဥ္ေမာင္းဝန္ထမ္း ၁၆ ဦးျပန္လႊတ္လာ

ဘူးသီးေတာင္၊ ဇန္နဝါရီ ၁-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္မွာ မေန႔က ေအေအဖြဲ႔က ဖမ္းဆီးသြားတဲ့ ကုန္းလမ္းပို႔ေဆာင္းမွ ယာဥ္ေမာင္းဝန္ထမ္း ၁၆ ဦးကို ဒီကေန႔မနက္ ၇ နာရီေက်ာ္ေလာက္က ျပန္လည္လႊတ္ေပးလိုက္ၿပီျဖစ္တယ္လို႔ ေအေအကထုတ္ျပန္ထားပါတယ္။

အဲ့ဒီယဥ္ေမာင္းဝန္ထမ္း ၁၆ ေယာက္ကို ဘူးသီေတာင္ၿမိဳ႕နယ္ ၊ ေသကံေက်းရြာ ေက်းရြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ ရပ္မိရပ္ဖေတြဆီကို လႊဲေပးလိုက္တယ္လို႔ ေအေအရဲ႕ထုတ္ျပန္ခ်က္မွာပါဝင္ပါတယ္။

“ဘူးသီးေတာင္မွာေရာက္ေနၿပီ။ ရြာကိုေရာက္တာေတာ့ ၇ နာရီေလာက္မွာလို႔ လႊတ္ေပးလိုက္တယ္လို႔သိရတယ္။ ဘူးသီးေတာင္ကို႔ေတာ့ ေန႔လည္ ၁နာရီ ၁၀မိနစ္မွာေရာက္တယ္။ အကုန္လံုးကိုလႊတ္ေပးလိုက္တယ္။” လို႔ ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးစိုေအာင္က ေျပာပါတယ္။

ေအေအအဖြဲ ့ရဲ႕ထုတ္ျပန္ခ်က္မွာေတာ့ အခုလိုျပန္လႊတ္ေပးလိုက္တာက အဲ့ဒီယာဥ္ေမာင္းဝန္ထမ္း ၁၆ ဦးဟာ စစ္ဖက္နဲ႔သက္ဆိုင္မႉမ႐ွိတဲ့အတြက္ လႊတ္ေပးလိုက္တာျဖစ္ၿပီး ခရီးသြာလိုတယ္ဆိုရင္ ေအေအ ကိုအေၾကာင္းၾကားရမယ္လို႔ ပါဝင္ပါတယ္။

“ျပန္လႊတ္လိုက္ၿပီ။ ငါသတင္းၾကည့္မွရမယ္။ ျပန္လႊတ္လိုက္ၿပီဆိုတာေတာ့သိတယ္။” လို႔ လ်ွပ္စစ္ႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေအာင္ေက်ာ္ဇံက ေျပာပါတယ္။

ၿပီးခဲ့တဲ့လပိုင္းအတြင္းကလည္း ေအေအအဖြဲ႔ဟာ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ေရႊနဒီအျမန္ေရယာဥ္ေပၚက ရဲတပ္ဖြဲ႔ဝင္၊ တပ္မေတာ္သား၊ အက်ဥ္းဦးစီးဌာနက ဝန္ထမ္းေတြနဲ႔ ခရီသည္ေတြကိုဖမ္းသြားခဲ့ၿပီးေတာ့ လူတခ်ိဳ႕ကို အခုလို ျပန္လႊတ္ေပးခဲ့တာလည္း႐ွိပါတယ္။

#VOM #voiceofmyanmar #ဘူးသီးေတာင္ #ေအေအ #ယာဥ္ေမာင္း #ျပန္လႊတ္

Related posts

Leave a Comment

VOM News

FREE
VIEW