အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရေကြီးမှု လူ ၂၁ ဦးထက်မနည်းသေဆုံး

ဂျကာတာ၊ ဇန်နဝါရီ-၂-၂၀၁၉
မျိုးဆက် (VOM)

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ၂၄ နှစ်အတွင်းစံချိန်တင်မိုးရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားမှုတွေကြောင့် လူ ၂၁ ဦးထက်မနည်းသေဆုံးသွားပါတယ်။

ဂျကာတာမြို့အရှေ့ပိုင်းရှိ လေဆိပ်တစ်ခုမှာမိုးရေချိန်ဟာ ၃၇၇ မီလီမီတာအထိ ရွာသွန်းခဲ့ကြောင်း မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိဗေဒအေဂျင်စီက ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ စံချိန်တင်မိုးရေချိန်တွေကို စတင်မှတ်တမ်းတင်တာတွေ စတင်ခဲ့တဲ့ ၁၉၉၆ ခုနှစ်နောက်ပိုင်း တစ်ရက်အတွင်း အများဆုံးရွာသွန်းခဲ့သည့် မိုးရေချိန်ဖြစ်ပါတယ်။

နှစ်သစ်ကူးအကြိုကာလမှာ ရွာသွန်းခဲ့တဲ့မိုးဟာ ပုံမှန်ရွာသွန်းတဲ့ မိုးမဟုတ်ကြောင်း အဆိုပါအေဂျင်စီက ထုတ်ပြန်ပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂျကာတာမြို့ ဆင်ခြေဖုံးရပ်ကွက်တွေမှ မြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပြီး မြို့အလယ်ပိုင်းရှိ နေအိမ်တွေ ရေနစ်မြုပ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၁၃ ခုနှစကလည်းရေကြီးရေလျှံမှုကြောင့် လူ ၄၇ ဦးသေဆုံးခဲ့ပြီး ၂၀၀၇ ခုနှစ်မှာတော့ လူ ၅၀ ကျော်သေဆုံးခဲ့ပါတယ်။

Ref : BBC Photo: Reuters
#VOM #voiceofmyanmar #ဂျကာတာ #ရေကြီးမှု #လူသေဆုံး

Zawgyi

အင္ဒိုနီးရွားနုိင္ငံ ဂ်ကာတာျမိဳ႕ေရၾကီးမႈ လူ ၂၁ ဦးထက္မနည္းေသဆံုး

ဂ်ကာတာ၊ ဇန္န၀ါရီ-၂-၂၀၁၉
မ်ိဳးဆက္ (VOM)

အင္ဒိုနီးရွားနိုင္ငံ၊ ဂ်ကာတာျမိဳ႕မွာ ၂၄ နွစ္အတြင္းစံခ်ိန္တင္မိုးရြာသြန္းျပီး ေရၾကီးေရလွ်ံမႈျဖစ္ပြားမႈေတြေၾကာင္႔ လူ ၂၁ ဦးထက္မနည္းေသဆံုးသြားပါတယ္။

ဂ်ကာတာျမိဳ႕အေရွ႕ပိုင္းရိွ ေလဆိပ္တစ္ခုမွာမိုးေရခ်ိန္ဟာ ၃၇၇ မီလီမီတာအထိ ရြာသြန္းခဲ႔ေၾကာင္း မိုးေလ၀သ၊ ရာသီဥတုနွင္႔ ဘူမိေဗဒေအဂ်င္စီက ထုတ္ျပန္ပါတယ္။

အင္ဒိုနီးရွားနုိင္ငံမွာ စံခ်ိန္တင္မိုးေရခ်ိန္ေတြကို စတင္မွတ္တမ္းတင္တာေတြ စတင္ခဲ႔တဲ႔ ၁၉၉၆ ခုနွစ္ေနာက္ပိုင္း တစ္ရက္အတြင္း အမ်ားဆံုးရြာသြန္းခဲ႔သည္႔ မိုးေရခ်ိန္ျဖစ္ပါတယ္။

နွစ္သစ္ကူးအၾကိဳကာလမွာ ရြာသြန္းခ႔ဲတဲ႔မိုးဟာ ပံုမွန္ရြာသြန္းတဲ႔ မိုးမဟုတ္ေၾကာင္း အဆိုပါေအဂ်င္စီက ထုတ္ျပန္ပါတယ္။

မိုးသည္းထန္စြာရြာသြန္းမႈေၾကာင္႔ ဂ်ကာတာျမိဳ႕ ဆင္ေျခဖံုးရပ္ကြက္ေတြမွ ေျမျပိဳမႈေတြျဖစ္ေပၚခဲ႔ျပီး ျမိဳ႕အလယ္ပိုင္းရိွ ေနအိမ္ေတြ ေရနစ္ျမဳပ္ခဲ႔ပါတယ္။

အင္ဒိုနီးရွားနိုင္ငံမွာ ၂၀၁၃ ခုနွစကလည္းေရၾကီးေရလွ်ံမႈေၾကာင္႔ လူ ၄၇ ဦးေသဆံုးခဲ႔ျပီး ၂၀၀၇ ခုနွစ္မွာေတာ႔ လူ ၅၀ ေက်ာ္ေသဆံုးခဲ႔ပါတယ္။

Ref : BBC Photo: Reuters
#VOM #voiceofmyanmar #ဂ်ကာတာ #ေရႀကီးမွဳ #လူေသဆံုး

Related posts

Leave a Comment