တောင်သူတွေအနားယူရမယ့်အချိန်မှာ အခြားသောလုပ်ငန်းတွေကို စီးပွားဖြစ်လုပ်ကိုင်နေရ

မင်းတုန်း၊ဇန်နဝါရီ ၃-၂၀၂၀
ဂျန်ကိုး(VOM)

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ထဲက စပါးစိုက်တောင်သူတွေဟာ မိုးမရတဲ့အတွက် စပါးအထွက်နည်းခဲ့ပြီး ဆောင်းသီးနှံစိုက်ဖို့ကလည်း အဆင်မပြေတဲ့အတွက် တောတက်ဝါးခုတ်ပြီး ရောင်းချတဲ့လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။

တောတက်ဝါးခုတ်ပြီး ရောင်းချတဲ့အပြင် လက်မှုပညာတတ်သူတွေက ခြင်းကြားတောင်း၊ ဝါးသက်ကယ်ယက်ပြီး မြို့ကိုတင်ပို့ရောင်းချတဲ့ လုပ်ငန်းကိုပါ လုပ်နေကြရတာ ဖြစ်ပါတယ်။

ယခင်က တောတက်ဝါးခုတ်တာကို သင်္ကြန်ကျော်ချိန်မှသာ အိမ်သုံးဝါးခုတ်ကြတာဖြစ်ပြီး လက်ရှိမှာ စားဝတ်နေရေး အဆင်မပြေတဲ့အတွက် အခုလိုလုပ်နေကြရတာ ဖြစ်တယ်လို့ ဒေသခံတောင်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#VOM #voiceofmyanmar #မင်းတုန်း #တောင်သူ #တောင်တက်ဝါးခုတ်

Zawgyi

ေတာင္သူေတြအနားယူရမယ့္အခ်ိန္မွာ အျခားေသာလုပ္ငန္းေတြကုိ စီးပြားျဖစ္လုပ္ကိုင္ေနရ

မင္းတုန္း၊ဇန္နဝါရီ ၃-၂၀၂၀
ဂ်န္ကိုး(VOM)

မေကြးတိုင္း၊ သရက္ခ႐ိုင္၊ မင္းတုန္းၿမိဳ႕နယ္ ထဲက စပါးစိုက္ေတာင္သူေတြဟာ မိုးမရတဲ့အတြက္ စပါးအထြက္နည္းခဲ့ၿပီး ေဆာင္းသီးႏွံစိုက္ဖို႔ကလည္း အဆင္မေျပတဲ့အတြက္ ေတာတက္ဝါးခုတ္ၿပီး ေရာင္းခ်တဲ့လုပ္ငန္းကို စီးပြားျဖစ္လုပ္ကိုင္ေနရတယ္လို႔ သိရပါတယ္။

ေတာတက္ဝါးခုတ္ၿပီး ေရာင္းခ်တဲ့အျပင္ လက္မႈပညာတတ္သူေတြက ျခင္းၾကားေတာင္း၊ ဝါးသက္ကယ္ယက္ၿပီး ၿမိဳ႕ကိုတင္ပို႔ေရာင္းခ်တဲ့ လုပ္ငန္းကိုပါ လုပ္ေနၾကရတာ ျဖစ္ပါတယ္။

ယခင္က ေတာတက္ဝါးခုတ္တာကို သၾကၤန္ေက်ာ္ခ်ိန္မွသာ အိမ္သုံးဝါးခုတ္ၾကတာျဖစ္ၿပီး လက္ရိွမွာ စားဝတ္ေနေရး အဆင္မေျပတဲ့အတြက္ အခုလုိလုပ္ေနၾကရတာ ျဖစ္တယ္လုိ႔ ေဒသခံေတာင္သူေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

#VOM #voiceofmyanmar #မင္းတုန္း #ေတာင္သူ #ေတာင္တက္ဝါးခုတ္

Related posts

Leave a Comment

VOM News

FREE
VIEW