မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတိုက်ပွဲဖြစ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံများကြားရ

မင်းပြား၊ ဇန်နဝါရီ ၅-၂၀၁၉
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးမှာ ဒီကနေ့ ဇန်နဝါရီလ ၅ ရက်၊ မနက် ၆ နာရီ က တပ်မတော်နဲ့ အေအေတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်နက်ကြီးသံတွေဟာ ရာမောင်တံတားအနီး အမ်းသားရွာရဲ့ တစ်ဖက်ကမ်းက တောင်ပေါ်တွေနဲ့ ကျိန်းတောင်ဖက်က လာတာဖြစ်ပြီး တပ်မတော်ဖက်ကပစ်တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

” တိုက်ပွဲဖြစ်သံတော့ကြားမိတယ်။ ၆ နာရီလောက်ကဖြစ်တာ။ အဲ့အချိန်လောက်က စပြီးကြားရတယ်။ ကြားရပါတယ် လက်နက်ကြီး လက်နက်ငယ်သံတွေ မင်းပြားဖက်ကလည်း တအားပစ်တယ်။ ဒီနားကတောင်တွေကလည်း လက်နက်ငယ်ပစ်သံတွေ ကြားရတယ်။ ရွာနက်မြစ်တစ်မြစ်ခြားပါတယ်။ နီးနီးလေးမှာဖြစ်ကြတာ။ မင်းပြားကျိန်းတာင် ကလည်းလက်နက်ကြီးနဲ့ပစ်တာ တပ်မတော်မတော်ဖက်ကပစ်တာ။”လို့ အမ်းသားရွာက ဒေသခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲဟာ မနက် ၆နာရီဝန်းကျင်က ဖြစ်တာဖြစ်ပြီး ၉နာရီ လောက်မှာ အသံတိတ်သွားကာ၊ လက်နက်ငယ်သံတွေ၊ တစ်ဖက်နဲ့တစ်ဖက်ပစ်ကြလို့အပြီးမှာ ကျိန်းတောင်ဖက်ကလည်း လက်နက်ကြီး ၁၀ ကြိမ်လောက်ပစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” သေနတ်သံတွေတော့ကြားရတယ်။ တိုက်ပွဲဖြစ်လား မဖြစ်လားဆိုတာကတော့ ကျနော်တို့လည်းအတည်ပြုဖို့ခက်တယ်။ ကျိန်းတောင်က လက်နက်ကြီးပစ်တာ ၁၀ လုံးလောက်ကျတယ်။ အခုတော့ တိတ်သွားပြီ။ သေနတ်သံကို ၆ နာရီလောက်ကစကြားတယ်။ ဖားပြိုရွာ မှာဒီနေ့ ၁၂ နာရီမှာ နာရေးတစ်ခု ရှိတယ်။ အဲ့နာရေးချဖို့လူတောင်မရှိဘူး။ သေနတ်သံတွေကြားလို့ထွက်ပြေး သွားကြတယ်လို့ပြောတယ်။”လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းအောင်က ပြောပါတယ်။

တံတားအနီးမှာရှိတဲ့ ရွာတစ်ချို့ကလူတွေဟာ သေနတ်သံတွေကြားပြီး ထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ တပ်မတော်နဲ့ အေအေ ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

ရာမောင်တံတားအနီး တပ်မတော်နဲ့ အေအေ တို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ကလည်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြပြီး တံတားကိုပါ ရုတ်တရက်ပိတ်လိုက်ရတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မင်းပြား #တိုက်ပွဲဖြစ်

Zawgyi

မင္းျပားၿမိဳ႕နယ္၊ ရာေမာင္တံတားအနီးတိုက္ပြဲျဖစ္၊ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္သံမ်ားၾကားရ

မင္းျပား၊ ဇန္နဝါရီ ၅-၂၀၁၉
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းရဲ႕ မင္းျပားၿမိဳ႕နယ္၊ ရာေမာင္တံတားအနီးမွာ ဒီကေန႔ ဇန္နဝါရီလ ၅ ရက္၊ မနက္ ၆ နာရီ က တပ္မေတာ္နဲ႔ ေအေအတို႔တိုက္ပြဲျဖစ္ပြားခဲ့ၿပီး လက္နက္ႀကီး၊ လက္နက္ငယ္ပစ္ခတ္သံေတြၾကားရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

လက္နက္ႀကီးသံေတြဟာ ရာေမာင္တံတားအနီး အမ္းသား႐ြာရဲ႕ တစ္ဖက္ကမ္းက ေတာင္ေပၚေတြနဲ႔ က်ိန္းေတာင္ဖက္က လာတာျဖစ္ၿပီး တပ္မေတာ္ဖက္ကပစ္တာလို႔ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးကေျပာပါတယ္။

” တိုက္ပြဲျဖစ္သံေတာ့ၾကားမိတယ္။ ၆ နာရီေလာက္ကျဖစ္တာ။ အဲ့အခ်ိန္ေလာက္က စၿပီးၾကားရတယ္။ ၾကားရပါတယ္ လက္နက္ႀကီး လက္နက္ငယ္သံေတြ မင္းျပားဖက္ကလည္း တအားပစ္တယ္။ ဒီနားကေတာင္ေတြကလည္း လက္နက္ငယ္ပစ္သံေတြ ၾကားရတယ္။ ႐ြာနက္ျမစ္တစ္ျမစ္ျခားပါတယ္။ နီးနီးေလးမွာျဖစ္ၾကတာ။ မင္းျပားက်ိန္းတာင္ ကလည္းလက္နက္ႀကီးနဲ႔ပစ္တာ တပ္မေတာ္မေတာ္ဖက္ကပစ္တာ။”လို႔ အမ္းသား႐ြာက ေဒသခံတစ္ဦးကေျပာပါတယ္။

တိုက္ပြဲဟာ မနက္ ၆နာရီဝန္းက်င္က ျဖစ္တာျဖစ္ၿပီး ၉နာရီ ေလာက္မွာ အသံတိတ္သြားကာ၊ လက္နက္ငယ္သံေတြ၊ တစ္ဖက္နဲ႔တစ္ဖက္ပစ္ၾကလို႔အၿပီးမွာ က်ိန္းေတာင္ဖက္ကလည္း လက္နက္ႀကီး ၁၀ ႀကိမ္ေလာက္ပစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

” ေသနတ္သံေတြေတာ့ၾကားရတယ္။ တိုက္ပြဲျဖစ္လား မျဖစ္လားဆိုတာကေတာ့ က်ေနာ္တို႔လည္းအတည္ျပဳဖို႔ခက္တယ္။ က်ိန္းေတာင္က လက္နက္ႀကီးပစ္တာ ၁၀ လုံးေလာက္က်တယ္။ အခုေတာ့ တိတ္သြားၿပီ။ ေသနတ္သံကို ၆ နာရီေလာက္ကစၾကားတယ္။ ဖားၿပိဳ႐ြာ မွာဒီေန႔ ၁၂ နာရီမွာ နာေရးတစ္ခု ရွိတယ္။ အဲ့နာေရးခ်ဖို႔လူေတာင္မရွိဘူး။ ေသနတ္သံေတြၾကားလို႔ထြက္ေျပး သြားၾကတယ္လို႔ေျပာတယ္။”လို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးလွသိန္းေအာင္က ေျပာပါတယ္။

တံတားအနီးမွာရွိတဲ့ ႐ြာတစ္ခ်ိဳ႕ကလူေတြဟာ ေသနတ္သံေတြၾကားၿပီး ထြက္ေျပးသြားၾကတယ္လို႔လည္း သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သတ္လို႔ တပ္မေတာ္နဲ႔ ေအေအ ေျပာေရးဆိုခြင့္ရွိသူေတြကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုတာမရွိပါဘူး။

ရာေမာင္တံတားအနီး တပ္မေတာ္နဲ႔ ေအေအ တို႔ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂ ရက္ေန႔ကလည္း တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားခဲ့ၾကၿပီး တံတားကိုပါ ႐ုတ္တရက္ပိတ္လိုက္ရတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မင္းျပား #တိုက္ပြဲျဖစ္

Related posts

Leave a Comment

VOM News

FREE
VIEW