နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဘူးသီးတောင်မြို့နယ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူဖမ်းဆီးရမိတယ်လို့ အေအေထုတ်ပြန်
ဘူးသီးတောင်၊ ဇန်နဝါရီ ၅-၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ သဇင်မြိုင်နယ်ခြားစောင့်ရဲစခန်းမှ တပ်ကြပ်အဆင့်ရှိ အောင်ကျော်ကျော်နဲ့ တပ်သားဝင်းမိုးသန်းတို့ကို ကျပ်ငွေအများအပြား၊ မူးယစ်ဆေးဝါးတွေနဲ့အတူ အေအေအဖွဲ့ကဖမ်းဆီးထားတယ်လို့ မနေ့က ဇန်နဝါရီ ၄ ရက် ရက်စွဲနဲ့ အေအေရဲ့ထုတ်ပြန်ချက်မှာ ပါရှိတာဖြစ်ပါတယ်။ ထုတ်ပြန်ချက်မှာ အဲ့ဒီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရဲ့ သဇင်မြိုင်ကျေးရွာ နဲ့ ပြင်ရှည်ရွာအကြားမှာ အရပ်ဝတ်နဲ့သွားလာနေတဲ့ မသင်္ကာဖွယ်လူ(၄) ဦးထဲက (၂)ဦးဖြစ်ပြီး ရက္ခိုင့်တပ်တော်မှ ခေါ်ယူစစ်ဆေးရာ သူတို့မှာပါလာတဲ့လက်နက်တွေနဲ့ ခုခံကာကွယ်တဲ့အတွက် (၂) ဦးဟာလွတ်မြောက်ခဲ့ပြီး ကျန်(၂) ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပါရှိပါတယ်။ ထွက်ပြေးလွတ်မြောက်သူ(၂) ဦးမှာ ဒုရဲအုပ်-နေဖြိုး နဲ့ တပ်သား-ပြည့်ဖြိုးဝေတို့ဖြစ်ကြပြီး ဒုရဲအုပ်-နေဖြိုးဟာ စိတ်ကြွဆေးပြားတွေကို ရောင်းဝယ်ဖောက်ကားတဲ့လုပ်ရပ်များတွင် ပါဝင်နေသူတစ်ဦးဖြစ်တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ ဖမ်းဆီးခံရသူနှစ်ဦးနဲ့အတူ စိတ်ကြွဆေးပြား(၁၂) ပြား၊…
Read More
RCSS/SSAခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် JICM အစည်းအဝေးတက်ရောက်မယ်
ရန်ကုန်၊ ဇန်နဝါရီ ၅-၂၀၂၀ အောင်ထူးနိုင်(VOM) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ဖို့အတွက် ဇန်နဝါရီ ၆ ရက်နေ့(မနက်ဖြန်)မှာ တာချီလိတ်ကနေ နေပြည်တော်ကို ထွက်ခွာမယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစိုင်းဦးက VOM ကို အတည်ပြုပြောပါတယ်။ “ဒီခရီးစဉ်နဲ့ပတ်သက်လို့ အစိုးရဘက်နဲ့ ကျွန်တော်တို့အဆင်ပြေဆုံးဖြစ်အောင် ညှိနှိုင်းထားပါတယ်”လို့ ဒုတိယဗိုလ်မှူးကြီးစိုင်းဦးက ပြောပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလထဲမှာ ဗိုလ်ချုပ်ကြီးယွက်စစ်အနေနဲ့ NCA လေးနှစ်ပြည့်အခမ်းအနားနဲ့ JICM အစည်းအဝေး တက်ရောက်နိုင်ဖို့အတွက် ခရီးစဉ်ပြင်ဆင်ခဲ့ပေမယ့် သတ်မှတ်လမ်းကြောင်းအတိုင်း လာတာမဟုတ်တဲ့အတွက် တပ်မတော်ဘက်က ခွင့်မပြုခဲ့တဲ့အတွက် ဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ ခရီးစဉ် ဖျက်သိမ်းခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပြီး အဲဒီခရီးစဉ်ဖျက်ခဲ့ရပြီးနောက် နေပြည်တော်ကိုသွားမယ့် အခုခရီးစဉ်ဟာ ပထမဆုံးပြန်လည်သွားရောက်မယ့် ခရီးစဉ်လည်းဖြစ်ပါတယ်။ “အစိုးရဘက်ကလည်း ဒီခရီးစဉ်အတွက် ကူညီပေးပါလိမ့်မယ်”လို့ ဒုတိယဗိုလ်မှူးကြီးစိုင်းဦးက ပြောပါတယ်။…
Read More
ဟွာမှုန်အထည်ချုပ်စက်ရုံက သပိတ်မှောက်အလုပ်သမားများ ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့တွေ့ဖို့ အစိုးရုံးရှေ့ လာရောက်စုဝေး
Read More
အမေရိကန်ကို တိုက်ခိုက်လာရင် အီရန်ရှိပစ်မှတ် ၅၂ နေရာကို တိုက်ခိုက်သွားမယ်လို့ ဒေါ်နယ်ထရန့်ပြော
တီဟီရန်၊ ဇန်နဝါရီ-၅-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို အီရန်က တိုက်ခိုက်လာမယ်ဆိုရင် အီရန်ရဲ့နေရာ၅၂နေရာကို ပစ်မှတ်ထားပြီး မြန်ဆန်ပြင်းထန်စွာ တိုက်ခိုက်သွားမယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရန့်က သတိပေးပြောကြားလိုက်ပါတယ်။ ပစ်မှတ်နေရာ ၅၂ နေရာသတ်မှတ်တာဟာ အီရန်မှာရှိတဲ့ အမေရိကန်သံရုံးကနေ ၁၉၇၉ ခုနှစ်နှောင်းပိုင်းကနေ တစ်နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသာ ၅၂ ဦးကို ကိုယ်စားပြုပြီးတာဖြစ်တယ်လို့ သူကပြောပါတယ်။ အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး ကာစင်ဆိုလိုင်မာနီဟာ အမေရိကန်ရဲ့မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးပြီးနောက် ဒေါ်နယ်ထရန့်က ယခုလိုမှတ်ချက်ပြုပြော ဆိုလိုက်တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဆိုလိုင်မာနီသေဆုံးမှုအတွက် ပြင်းထန်စွာလက်စားချေသွားမယ်လို့ အီရန်ဘက်ကလည်း ပြောဆိုထားပါတယ်။ ဗိုလ်ချုပ်ကြီးသေဆုံးမှုအပေါ်လက်တ့ုံပြန်တဲ့အနေနဲ့ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ အီရန်က ရဲရဲဝံ့ဝံ့ပြောဆိုနေတယ်လို့ သူကစွပ်စွဲပြောဆိုပါတယ်။ အီရန်အနေနဲ့ အမေရိကန်ကို တိုက်ခိုက်လာမယ်ဆိုရင် လျှင်မြန်ပြင်းထန်တဲ့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အီရန်အတွက်ရေးပါသောနေရာ၊ လွန်စွာအဆင့်မြင့်သောနေရာနဲ့ အီရန်ယဉ်ကျေးမှုနယ်မြေတွေအပါအဝင် နေရာ၅၂နေရာကို အမေရိကန်က…
Read More
ရန်ကုန်-ပြည်ကားလမ်းမှာ ရပ်ထားတဲ့ကားကို ဆိုင်ကယ်တိုက်မိပြီး တပ်မတော်ကအရာရှိတစ်ဦး ပြင်းထန်ဒဏ်ရာရ
မင်းလှ၊ ဇန်နဝါရီ ၅-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သင်အိုင်အုပ်စု၊ သင်အိုင်ကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်းမှာ မနေ့ ဇန်နဝါရီ ၄ရက် ညပိုင်းက ရပ်ထားတဲ့ကားကို တပ်မတော်အရာရှိတစ်ဦးမောင်းလာတဲ့ ဆိုင်ကယ်ကတိုက်မိတဲ့အတွက် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ မင်းလှမြို့မရဲစခန်းကနေ သိရပါတယ်။ ရန်ကုန်-ပြည်ကားလမ်း ၊ သင်အိုင်ကျေးရွာအနီး မိုင်တိုင်အမှတ် (၉၈/၅ နှင့်၉၈/၆)အကြားမှာ မိုးညိုမြို့နယ်၊ ပေါက်ကုန်းအုပ်စု၊ ရေကာတာရွာမှာနေထိုင်တဲ့ အသက်(၂၃)နှစ်အရွယ်မောင်းနှင်တဲ့ ယာဉ်လိုင်စင်ရှိ၊ အဖြူရောင် ဖောကားဟာ ရန်ကုန်ဘက်ကိုဦးတည်ပြီး ရပ်ထားတာကို အသက်(၃၀)နှစ်အရွယ် တမခ(၆၆)၊ အင်းမတပ်နယ်၊ ပြည်မြိူ့နယ်နေတဲ့ ဗိုလ်ကြီးအဆင့်ရှိသူ မောင်းလာတဲ့ LUOJIA- 110 (ယာဉ်/မောင်း လိုင်စင်ရှိ) အနက်ရောင်ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ နောက်ကနေဝင်တိုက်မိခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိသူဟာ ညာဖက် လည်ပင်း ။ မေး။ ဂျို‌စောင်း ပေါက်ပြဲဒဏ်ရာရရှိကာ…
Read More
ဟောင်ကောင်-တရုတ်ဆက်ဆံရေးရုံး ညွှန်ကြားရေးမှူး ရာထူးမှထုတ်ပယ်ခံရ
ပေကျင်း၊ ဇန်နဝါရီ-၅-၂၀၂၀ မျိုးဆက် (VOM) တရုတ်အစိုးရဟာ ဟောင်ကောင်-တရုတ် ဆက်ဆံရေးတာဝန်ခံဖြစ်သူကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။ ဝမ်ဇင်မီဟာ ပေကျင်းရဲ့ ဟောင်ကောင်ဆက်ဆံရေးရုံး ညွှန်ကြားရေးမှူးဖြစ်ပါတယ်။ သူ့နေရာမှာတော့ ရှန်ဇီပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှူး လူဟိုဟွိုင်နင်းကို အစားထိုးခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။ ဒီလိုထုတ်ပယ်မှုဟာ ဟောင်ကောင်မှာ တစ်ခါတစ်ရံအကြမ်းဖက်မှုတွေပါ ဖြစ်ပွားလေ့ရှိတဲ့ ဒီမိုကရေစီအရေး ဆန္ဒပြပွဲတွေ ခြောက်လကြာဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းဟာ၂၀၁၉ ခုနှစ်မတ်လမှာ မငြိမ်မသက်မှုတွေ စတင်ဖြစ်ပွားစေခဲ့တဲ့ အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေးဥပဒေ နဲ့ပတ်သက်ပြီး မကြေနပ်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် တရုတ်ပြည်မကြီးရဲ့ ထောက်ခံမှုနဲ့ ရာထူးမြဲနေဆဲဖြစ်ပါတယ်။ ဥပဒေကြမ်းဟာ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူတွေကို တရုတ်ပြည်မကြီးသို့ လွဲပြောင်းစီရင်တာကို ခွင့်ပြုရမှာဖြစ်ပြီး ဥပဒေသစ်ဟာ အတိုက်အခံတွေကိုဖမ်းဆီးပြီး ဟောင်ကောင်ကနေဖယ်ရှားမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ Ref : BBC Photo: Getty Images…
Read More
အရက်သောက်ရင်း စကားများရာမှ ရဲဒင်းနဲ့ထုသတ်လို့ အမျိုးသားတစ်ဦးနေရာတင်သေဆုံး
နတ္တလင်း ဇန်နဝါရီ ၅-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ ကုန်းသာအုပ်စု၊ ကြို့လေးပင်ရွာမှာ မနေ့ ဇန်နဝါရီ ၄ရက်မနက် ၁၁နာရီဝန်းကျင်က အမျိုးသားနှစ်ဦး အရက်အတူသောက်ရာမှ စကားများပြီး ရဲဒင်းနဲ့ထုသတ်လို့ အမျိုးသားတစ်ဦးနေရာတင် သေဆုံးခဲ့တယ်လို့ တာပွန်နယ်မြေရဲစခန်းကနေသိရပါတယ်။ “သေတဲ့သူနဲ့ သတ်တဲ့သူတွေက တစ်အိမ်တည်းအတူနေထိုင်တဲ့သူတွေပါ ၊ သူတို့အချင်းချင်း ရန်ဖြစ်စကားများပြီး ၊ ထင်းခွဲတဲ့ရဲဒင်းနဲ့ နောက်စေ့ကိုထုသတ်လိုက်တာ နေရာတင်သေဆုံးသွားပါတယ်။ ပြစ်မှုကျူးလွန်တဲ့သူလည်း ဖမ်းဆီးထားပါပြီ”လို့ တာပွန်နယ်မြေရဲစခန်းမှ ရဲအုပ်အောင်ဇော်မိုးကပြောပါတယ်။ အသက်(၄၈)နှစ်ရှိဦးဇော်ဦးနဲ့ အသက်(၅၀)နှစ်ရှိဦးခင်စိန်ဆိုသူတို့ နှစ်ဦးဟာ အရက်သေစာသောက်စားကြပြီး ဦးခင်စိန်က ဦးဇော်ဦးကို ဖုန်းသူခိုးလို့ စွပ်စွဲတဲ့အတွက် လက်သီးနဲ့ထိုးကာ နေအိမ်ဈေးဆိုင်မှာ မနေဖို့ နှင်ထုတ်ခဲ့တဲ့အတွက် ဦးဇော်ဦးက မခံနိုင်ဖြစ်ပြီး ရဲဒင်းနဲ့ ထုသတ်ခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားတာ ဖြစ်ပါတယ်။ ဦးခင်စိန်သေဆုံးမှုနဲ့ပတ်သက်ပြီး ယောက္ခမဖြစ်သူ ဦးလှတင်ဆိုသူက တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် တာပွန်နယ်မြေရဲစခန်းက အရက်သေစာသောက်စားရာမှ နိုင်ထက်စီးနင်းပြုလုပ်သည်ကိုမခံနိုင်၍ ရဲဒင်းဖြင့်ထုသတ်ခဲ့တယ်လို့…
Read More
မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတိုက်ပွဲဖြစ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံများကြားရ
မင်းပြား၊ ဇန်နဝါရီ ၅-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးမှာ ဒီကနေ့ ဇန်နဝါရီလ ၅ ရက်၊ မနက် ၆ နာရီ က တပ်မတော်နဲ့ အေအေတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်နက်ကြီးသံတွေဟာ ရာမောင်တံတားအနီး အမ်းသားရွာရဲ့ တစ်ဖက်ကမ်းက တောင်ပေါ်တွေနဲ့ ကျိန်းတောင်ဖက်က လာတာဖြစ်ပြီး တပ်မတော်ဖက်ကပစ်တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ ” တိုက်ပွဲဖြစ်သံတော့ကြားမိတယ်။ ၆ နာရီလောက်ကဖြစ်တာ။ အဲ့အချိန်လောက်က စပြီးကြားရတယ်။ ကြားရပါတယ် လက်နက်ကြီး လက်နက်ငယ်သံတွေ မင်းပြားဖက်ကလည်း တအားပစ်တယ်။ ဒီနားကတောင်တွေကလည်း လက်နက်ငယ်ပစ်သံတွေ ကြားရတယ်။ ရွာနက်မြစ်တစ်မြစ်ခြားပါတယ်။ နီးနီးလေးမှာဖြစ်ကြတာ။ မင်းပြားကျိန်းတာင် ကလည်းလက်နက်ကြီးနဲ့ပစ်တာ တပ်မတော်မတော်ဖက်ကပစ်တာ။”လို့ အမ်းသားရွာက ဒေသခံတစ်ဦးကပြောပါတယ်။ တိုက်ပွဲဟာ မနက် ၆နာရီဝန်းကျင်က ဖြစ်တာဖြစ်ပြီး ၉နာရီ လောက်မှာ အသံတိတ်သွားကာ၊ လက်နက်ငယ်သံတွေ၊ တစ်ဖက်နဲ့တစ်ဖက်ပစ်ကြလို့အပြီးမှာ…
Read More
VOM News
FREE
VIEW