ဟောင်ကောင်-တရုတ်ဆက်ဆံရေးရုံး ညွှန်ကြားရေးမှူး ရာထူးမှထုတ်ပယ်ခံရ

ပေကျင်း၊ ဇန်နဝါရီ-၅-၂၀၂၀
မျိုးဆက် (VOM)

တရုတ်အစိုးရဟာ ဟောင်ကောင်-တရုတ် ဆက်ဆံရေးတာဝန်ခံဖြစ်သူကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။

ဝမ်ဇင်မီဟာ ပေကျင်းရဲ့ ဟောင်ကောင်ဆက်ဆံရေးရုံး ညွှန်ကြားရေးမှူးဖြစ်ပါတယ်။ သူ့နေရာမှာတော့ ရှန်ဇီပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှူး လူဟိုဟွိုင်နင်းကို အစားထိုးခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။

ဒီလိုထုတ်ပယ်မှုဟာ ဟောင်ကောင်မှာ တစ်ခါတစ်ရံအကြမ်းဖက်မှုတွေပါ ဖြစ်ပွားလေ့ရှိတဲ့ ဒီမိုကရေစီအရေး ဆန္ဒပြပွဲတွေ ခြောက်လကြာဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းဟာ၂၀၁၉ ခုနှစ်မတ်လမှာ မငြိမ်မသက်မှုတွေ စတင်ဖြစ်ပွားစေခဲ့တဲ့ အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေးဥပဒေ နဲ့ပတ်သက်ပြီး မကြေနပ်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် တရုတ်ပြည်မကြီးရဲ့ ထောက်ခံမှုနဲ့ ရာထူးမြဲနေဆဲဖြစ်ပါတယ်။

ဥပဒေကြမ်းဟာ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူတွေကို တရုတ်ပြည်မကြီးသို့ လွဲပြောင်းစီရင်တာကို ခွင့်ပြုရမှာဖြစ်ပြီး ဥပဒေသစ်ဟာ အတိုက်အခံတွေကိုဖမ်းဆီးပြီး ဟောင်ကောင်ကနေဖယ်ရှားမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #ဟောင်ကောင် #တရုတ်ဆက်ဆံရေး #ညွန်မှူးရာထူးထုတ်ပယ်ခံရ

Zawgyi

ေဟာင္ေကာင္-တရုတ္ဆက္ဆံေရးရံုး ညႊန္ၾကားေရးမွဴး ရာထူးမွထုတ္ပယ္ခံရ

ေပက်င္း၊ ဇန္န၀ါရီ-၅-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္အစိုးရဟာ ေဟာင္ေကာင္-တရုတ္ ဆက္ဆံေရးတာ၀န္ခံျဖစ္သူကို ရာထူးကေန ထုတ္ပယ္လိုက္ေၾကာင္း တရုတ္နုိင္ငံပိုင္သတင္းဌာနက ေဖာ္ျပပါတယ္။

၀မ္ဇင္မီဟာ ေပက်င္းရဲ႕ ေဟာင္ေကာင္ဆက္ဆံေရးရံုး ညႊန္ၾကားေရးမွဴးျဖစ္ပါတယ္။ သူ႔ေနရာမွာေတာ႔ ရွန္ဇီျပည္နယ္ ကြန္ျမဴနစ္ပါတီအတြင္းေရးမွဴး လူဟိုဟြိဳင္နင္းကို အစားထိုးခန္႔အပ္လိုက္ေၾကာင္း နုိင္ငံပိုင္သတင္းဌာနက ေဖာ္ျပပါတယ္။

ဒီလိုထုတ္ပယ္မႈဟာ ေဟာင္ေကာင္မွာ တစ္ခါတစ္ရံအၾကမ္းဖက္မႈေတြပါ ျဖစ္ပြားေလ႔ရိွတဲ႔ ဒီမိုကေရစီအေရး ဆႏၵျပပြဲေတြ ေျခာက္လၾကာျဖစ္ပြားျပီးေနာက္ ျဖစ္ေပၚလာတာျဖစ္ပါတယ္။

ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး ကာရီလမ္းဟာ၂၀၁၉ ခုနွစ္မတ္လမွာ မျငိမ္မသက္မႈေတြ စတင္ျဖစ္ပြားေစခဲ႔တဲ႔ အျငင္းပြားဖြယ္ တရားခံလႊဲေျပာင္းေရးဥပေဒ နဲ႔ပတ္သက္ျပီး မေၾကနပ္မႈေတြနဲ႔ ရင္ဆိုင္ေနရေပမယ္႔ တရုတ္ျပည္မၾကီးရဲ႕ ေထာက္ခံမႈနဲ႔ ရာထူးျမဲေနဆဲျဖစ္ပါတယ္။

ဥပေဒၾကမ္းဟာ ျပစ္မႈက်ဴးလြန္တယ္လို႔ သံသယရိွသူေတြကို တရုတ္ျပည္မၾကီးသို႔ လြဲေျပာင္းစီရင္တာကို ခြင္႔ျပဳရမွာျဖစ္ျပီး ဥပေဒသစ္ဟာ အတိုက္အခံေတြကိုဖမ္းဆီးျပီး ေဟာင္ေကာင္ကေနဖယ္ရွားမွာကို စိုးရိမ္မႈေတြ ျမင္႔တက္ေနပါတယ္။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #ေဟာင္ေကာင္ #တရုတ္္ဆက္ဆံေရး #ညြန္မွဴးရာထူးထုတ္ပယ္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW