ရန်ကုန်-ပြည်ကားလမ်းမှာ ရပ်ထားတဲ့ကားကို ဆိုင်ကယ်တိုက်မိပြီး တပ်မတော်ကအရာရှိတစ်ဦး ပြင်းထန်ဒဏ်ရာရ

မင်းလှ၊ ဇန်နဝါရီ ၅-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သင်အိုင်အုပ်စု၊ သင်အိုင်ကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်းမှာ မနေ့ ဇန်နဝါရီ ၄ရက် ညပိုင်းက ရပ်ထားတဲ့ကားကို တပ်မတော်အရာရှိတစ်ဦးမောင်းလာတဲ့ ဆိုင်ကယ်ကတိုက်မိတဲ့အတွက် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ မင်းလှမြို့မရဲစခန်းကနေ သိရပါတယ်။

ရန်ကုန်-ပြည်ကားလမ်း ၊ သင်အိုင်ကျေးရွာအနီး မိုင်တိုင်အမှတ် (၉၈/၅ နှင့်၉၈/၆)အကြားမှာ မိုးညိုမြို့နယ်၊ ပေါက်ကုန်းအုပ်စု၊ ရေကာတာရွာမှာနေထိုင်တဲ့ အသက်(၂၃)နှစ်အရွယ်မောင်းနှင်တဲ့ ယာဉ်လိုင်စင်ရှိ၊ အဖြူရောင် ဖောကားဟာ ရန်ကုန်ဘက်ကိုဦးတည်ပြီး ရပ်ထားတာကို အသက်(၃၀)နှစ်အရွယ် တမခ(၆၆)၊ အင်းမတပ်နယ်၊ ပြည်မြိူ့နယ်နေတဲ့ ဗိုလ်ကြီးအဆင့်ရှိသူ မောင်းလာတဲ့ LUOJIA- 110 (ယာဉ်/မောင်း လိုင်စင်ရှိ) အနက်ရောင်ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ နောက်ကနေဝင်တိုက်မိခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိသူဟာ ညာဖက် လည်ပင်း ။ မေး။ ဂျို‌စောင်း ပေါက်ပြဲဒဏ်ရာရရှိကာ စိုးရိမ်ရတဲ့အတွက် မင်္ဂလာဒုံစစ်ဆေးရုံကိုပို့ဆောင်ထားတယ်လို့ မင်းလှမြို့မ ရဲစခန်းကနေ သိရပါတယ်။

‟ယာဉ်မောင်းရော၊ ဗိုလ်ကြီးရော၊ နှစ်ဖက်စလုံးကို ပုဒ်မ- ၃၃၈နဲ့အမှုဖွင့်ထားပါတယ်။ ဒဏ်ရာ ရတဲ့ဗိုလ်ကြီးကတော့ မင်္ဂလာဒုံစစ်ဆေးရုံမှာဆေးကုသမှု ခံယူနေရပါတယ်။ ကျန်တဲ့အခြေအနေတော့ သူ့မိသားစုနဲ့ဆက်သွယ်လို့ မရသေးပါဘူး၊ ယာဉ်မောင်းကိုတော့ ဖမ်းဆီးပြီးအာမခံပေးထားပါတယ်လို့”မင်းလှ မြို့မ ရဲစခန်းမှ ဒုရဲအုပ် မြတ်နိုးဆုပိုင်ကVOMကိုပြောပါတယ်။

ဖောကားယာဉ်မောင်း ရန်အောင်မိုးနဲ့ ဆိုင်ကယ်မောင်းနှင်လာသူ ဗိုလ်ကြီး ကောင်းဟိန်းတို့ကိုအရေးယူပေး ဖို့အတွက် မင်းလှမြို့မရဲစခန်းမှ ရဲအုပ်အေးကိုက တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် ယာဉ်(ပ)၃/၂၀၂၀။ရာဇသတ်ကြီးပုဒ်မ -၃၃၈ နဲ့ အမှုဖွင့်ထားတယ်လို့ မင်းလှမြို့မရဲစခန်းကနေ သိရပါတယ်။

#VOM #voiceofmyanmar #မင်းလှ #ယာဉ်တိုက်မှု #တပ်မတော်အရာရှိ #ပြင်းထန်ဒဏ်ရာ

Zawgyi

ရန္ကုန္-ျပည္ကားလမ္းမွာ ရပ္ထားတဲ့ကားကို ဆိုင္ကယ္တိုက္မိၿပီး တပ္မေတာ္ကအရာရိွတစ္ဦး ျပင္းထန္ဒဏ္ရာရ

မင္းလွ၊ ဇန္နဝါရီ ၅-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင္းအေနာက္ျခမ္း၊ သာယာဝတီခ႐ိုင္၊ မင္းလွၿမိဳ႕နယ္၊ သင္အိုင္အုပ္စု၊ သင္အိုင္ေက်း႐ြာအနီး ရန္ကုန္-ျပည္ကားလမ္းမွာ မေန႔ ဇန္နဝါရီ ၄ရက္ ညပိုင္းက ရပ္ထားတဲ့ကားကို တပ္မေတာ္အရာရိွတစ္ဦးေမာင္းလာတဲ့ ဆိုင္ကယ္ကတိုက္မိတဲ့အတြက္ ျပင္းထန္ဒဏ္ရာရရွိခဲ့ၿပီး မဂၤလာဒုံစစ္ေဆး႐ုံမွာ ေဆးကုသမႈခံယူေနရတယ္လို႔ မင္းလွၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

ရန္ကုန္-ျပည္ကားလမ္း ၊ သင္အိုင္ေက်း႐ြာအနီး မိုင္တိုင္အမွတ္ (၉၈/၅ ႏွင့္၉၈/၆)အၾကားမွာ မိုးညိဳၿမိဳ႕နယ္၊ ေပါက္ကုန္းအုပ္စု၊ ေရကာတာ႐ြာမွာေနထုိင္တဲ့ အသက္(၂၃)ႏွစ္အရြယ္ေမာင္းႏွင္တဲ့ ယာဥ္လိုင္စင္ရွိ၊ အျဖဴေရာင္ ေဖာကားဟာ ရန္ကုန္ဘက္ကိုဦးတည္ၿပီး ရပ္ထားတာကို အသက္(၃၀)ႏွစ္အရြယ္ တမခ(၆၆)၊ အင္းမတပ္နယ္၊ ျပည္ၿမိဴ႕နယ္ေနတဲ့ ဗိုလ္ႀကီးအဆင့္ရိွသူ ေမာင္းလာတဲ့ LUOJIA- 110 (ယာဥ္/ေမာင္း လိုင္စင္ရွိ) အနက္ေရာင္ဆိုင္ကယ္က အရွိန္မထိန္းႏိုင္ဘဲ ေနာက္ကေနဝင္တိုက္မိခဲ့တဲ့ျဖစ္စဥ္ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

တပ္မေတာ္မွ ဗိုလ္ႀကီးအဆင့္ရိွသူဟာ ညာဖက္ လည္ပင္း ။ ေမး။ ဂ်ိဳ‌ေစာင္း ေပါက္ၿပဲဒဏ္ရာရရွိကာ စိုးရိမ္ရတဲ့အတြက္ မဂၤလာဒုံစစ္ေဆး႐ုံကိုပို႔ေဆာင္ထားတယ္လို႔ မင္းလွၿမိဳ႕မ ရဲစခန္းကေန သိရပါတယ္။

‟ယာဥ္ေမာင္းေရာ၊ ဗိုလ္ႀကီးေရာ၊ ႏွစ္ဖက္စလုံးကို ပုဒ္မ- ၃၃၈နဲ႔အမႈဖြင့္ထားပါတယ္။ ဒဏ္ရာ ရတဲ့ဗိုလ္ႀကီးကေတာ့ မဂၤလာဒုံစစ္ေဆး႐ုံမွာေဆးကုသမႈ ခံယူေနရပါတယ္။ က်န္တဲ့အေျခအေနေတာ့ သူ႔မိသားစုနဲ႔ဆက္သြယ္လို႔ မရေသးပါဘူး၊ ယာဥ္ေမာင္းကိုေတာ့ ဖမ္းဆီးၿပီးအာမခံေပးထားပါတယ္လို႔”မင္းလွ ၿမိဳ႕မ ရဲစခန္းမွ ဒုရဲအုပ္ ျမတ္ႏိုးဆုပိုင္ကVOMကိုေျပာပါတယ္။

ေဖာကားယာဥ္ေမာင္း ရန္ေအာင္မိုးနဲ႔ ဆုိင္ကယ္ေမာင္းႏွင္လာသူ ဗိုလ္ႀကီး ေကာင္းဟိန္းတို႔ကိုအေရးယူေပး ဖို႔အတြက္ မင္းလွၿမိဳ႕မရဲစခန္းမွ ရဲအုပ္ေအးကိုက တရားလိုျပဳလုပ္တိုင္တန္းတဲ့အတြက္ ယာဥ္(ပ)၃/၂၀၂၀။ရာဇသတ္ႀကီးပုဒ္မ -၃၃၈ နဲ႔ အမႈဖြင့္ထားတယ္လို႔ မင္းလွၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

#VOM #voiceofmyanmar #မင္းလွ #ယာဥ္တုိက္မွဳ #တပ္မေတာ္အရာရိွ #ျပင္းထန္ဒဏ္ရာ

Related posts

Leave a Comment

VOM News

FREE
VIEW