အမေရိကန်တပ်ဖွဲ့ဝင်တွေကို အီရတ်ကမောင်းထုတ်ရင် အရေးယူပိတ်ဆို့မယ်လို့ ထရန့်ခြိမ်းခြောက်

ဘဂ္ဂဒက်၊ ဇန်နဝါရီ-၆-၂၀၁၉
မျိုးဆက် (VOM)

အီရတ်နိုင်ငံအတွင်းမှ အမေရိကန်တပ်ဖွဲ့ဝင်တွေကိုထွက်ခွာသွားဖို့အတွက် အီရတ်ပါလီမန်က အတည်ပြုပြီးနောက် တပ်ဖွဲ့ဝင်တွေကိုနှင်ထုတ်မယ်ဆိုရင် အီရတ်နိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှု တွေ ချမှတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်လိုက်ပါတယ်။

အီရတ်နိုင်ငံအတွင်းမှာ စရိတ်အများကြီး အကုန်ခံဆောက်ထားတဲ့ လေတပ်အခြေစိုက်စခန်းရှိနေပြီး ဒေါ်လာ ဘီလီယံများစွာကုန်ကျခဲ့ကြောင်း၊ ဒီငွေတွေကို အီရတ်နိုင်ငံက ပြန်မပေးပဲနဲ့ ထွက်သွားမှာမဟုတ်ဘူးလို့ သတင်းထောက်တွေကို ထရန့်ကပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဘဂ္ဂဒက်မှာ အီရန်စစ်ဗိုလ်ချုပ် ကာဆမ်ဆိုလိုင်မာနီကို အမေရိကန်က သုတ်သင်ပြီးနောက် ဒေသအတွင်း တင်းမာမှုတွေမြင့်တက်နေပါတယ်။ အသက် ၆၂ နှစ်အရွယ် ဆိုလိုင်မာနီဟာ အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ စစ်ဆင်ရေးတွေကို ဦးဆောင်နေသူဖြစ်ပြီး အမေရိကန်ကတော့ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားပါတယ်။

အီရန်လက်ရွေးစင်တပ်ဖွဲ့မှာ သူ့နေရာကိုဆက်ခံတဲ့ စစ်ဦးစီးချုပ်သစ်ကတော့ အရှေ့အလယ်ပိုင်းကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေကို မောင်းထုတ်သွားမယ်လို့ ကတိပြုပြောဆိုထားပါတယ်။

Ref :BBC Photo: Getty Images
#VOM #voiceofmyanmar #အမေရိကန် #အိရတ် #အရေးယူပိတ်ဆို့

Zawgyi

အေမရိကန္တပ္ဖြဲ႔၀င္ေတြကို အီရတ္ကေမာင္းထုတ္ရင္ အေရးယူပိတ္ဆို႔မယ္လို႔ ထရန္႔ျခိမ္းေျခာက္

ဘဂၢဒက္၊ ဇန္န၀ါရီ-၆-၂၀၁၉
မ်ိဳးဆက္ (VOM)

အီရတ္နိုင္ငံအတြင္းမွ အေမရိကန္တပ္ဖြဲ႔၀င္ေတြကိုထြက္ခြာသြားဖို႔အတြက္ အီရတ္ပါလီမန္က အတည္ျပဳျပီးေနာက္ တပ္ဖြဲ႔၀င္ေတြကိုနွင္ထုတ္မယ္ဆိုရင္ အီရတ္နိုင္ငံအေပၚ ျပင္းထန္တဲ႔ အေရးယူပိတ္ဆို႔မႈ ေတြ ခ်မွတ္မယ္လုိ႔ အေမရိကန္သမၼတ ေဒၚနယ္ထရန္႔က ျခိမ္းေျခာက္လိုက္ပါတယ္။

အီရတ္နိုင္ငံအတြင္းမွာ စရိတ္အမ်ားၾကီး အကုန္ခံေဆာက္ထားတဲ႔ ေလတပ္အေျခစိုက္စခန္းရိွေနျပီး ေဒၚလာ ဘီလီယံမ်ားစြာကုန္က်ခဲ႔ေၾကာင္း၊ ဒီေငြေတြကို အီရတ္နုိင္ငံက ျပန္မေပးပဲနဲ႔ ထြက္သြားမွာမဟုတ္ဘူးလို႔ သတင္းေထာက္ေတြကို ထရန္႔ကေျပာပါတယ္။

ျပီးခဲ႔တဲ႔ သီတင္းပတ္အတြင္းက ဘဂၢဒက္မွာ အီရန္စစ္ဗိုလ္ခ်ဳပ္ ကာဆမ္ဆိုလိုင္မာနီကို အေမရိကန္က သုတ္သင္ျပီးေနာက္ ေဒသအတြင္း တင္းမာမႈေတြျမင္႔တက္ေနပါတယ္။ အသက္ ၆၂ နွစ္အရြယ္ ဆိုလိုင္မာနီဟာ အေရွ႕အလယ္ပိုင္းမွာ အိီရန္ရဲ႕ စစ္ဆင္ေရးေတြကို ဦးေဆာင္ေနသူျဖစ္ျပီး အေမရိကန္ကေတာ႔ အၾကမ္းဖက္သမားအျဖစ္ သတ္မွတ္ထားပါတယ္။

အီရန္လက္ေရြးစင္တပ္ဖြဲ႔မွာ သူ႔ေနရာကိုဆက္ခံတဲ႔ စစ္ဦးစီးခ်ဳပ္သစ္ကေတာ႔ အေရွ႕အလယ္ပိုင္းကေန အေမရိကန္တပ္ဖြဲ႔ဝင္ေတြကို ေမာင္းထုတ္သြားမယ္လို႔ ကတိျပဳေျပာဆိုထားပါတယ္။

Ref :BBC Photo: Getty Images
#VOM #voiceofmyanmar #အေမရိကန္ #အိရတ္ #အေရးယူပိတ္ဆို႔

Related posts

Leave a Comment

VOM News

FREE
VIEW