တရုတ်မှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါဟာ ဆားစ် (Sars) ရောဂါမဟုတ်ဟုဆို

ပေကျင်း၊ ဇန်နဝါရီ-၆-၂၀၁၉ မျိုးဆက် (VOM) တရုတ်နိုင်ငံအလယ်ပိုင်းမှာလူဒါဇင်များစွာ ကူးစက်ခံခဲ့ရတဲ့ ထူးဆန်းတဲ့ အဆုတ်ရောင်ရောဂါဟာ ဆိုးရွားပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆားစ်ရောဂါ မဟုတ်ဘူးလို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီရောဂါဟာ ငှက်တုပ်ကွေးနဲ့ အရှေ့အလယ်ပိုင်းအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလည်းမဟုတ်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ထူးဆန်းသောအဆုတ်ရောင်ရောဂါဟာ ဝူဟန်မြို့မှာ လူ ၅၉ ဦးကူးစက်ခံခဲ့ရပြီး သူတို့ထဲက ခုနှစ်ဦးမှာ စိုးရိမ်ဖွယ်အခြေအနေရှိနေပါတယ်။ ဒီလိုကူးစက်မှုတွေကြောင့် ဝူဟန်မြို့မှပြန်လာတဲ့ ခရီးသွားတွေကို စင်ကာပူနဲ့ ဟောင်ကောင်တို့မှာ စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်နေပါတယ်။ ၂၀၀၂ -၂၀၀၃ ခုနှစ်တွေမှာ တုပ်ကွေးလိုပုံစံမျိုးနဲ့ ဆားစ်ရောဂါဟာ တရုတ်နိုင်ငံမာှစတင်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်း လူ ၇၀၀ ကျော်သေဆုံးခဲ့ရတဲ့ ကပ်ရောဂါအသွင်နဲ့ ဖြစ်ပွားခဲ့ပါတယ်။ Ref : BBC Photo: Getty Images #VOM #voiceofmyanmar…

Read More

မင်းပြားမြို့နယ်မှာ တပ်မတော်ကဖမ်းဆီးသွားတဲ့ ဖားပြိုရွာက ဒေသခံ ၂၀ ကျော်ပြန်လွှတ်လာ

စစ်တွေ၊ ဇန်နဝါရီ ၆၊-၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ဇန်နဝါရီလ ၅ ရက်နေ့က တပ်မတော်နဲ့ အေအေ တို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်ဖက်မှ အနီးအနားရှိ ဖားပြိုကျေးရွာက ရွာသူ၊ ရွာသား ၂ဝ ကျော်ကို ၁ နာရီကြာ ဖမ်းဆီးစစ်ဆေးဖို့ ခေါ်ဆောင်သွားပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖားပြိုကျေးရွာက အမျိုးသား အမျိုးသမီး ၂၀ ကျော်ခန့်ကို မနေ့ကညနေ ၅ နာရီကျော်လောက်မှာ ဖမ်းဆီးသွားကာ ၆ နာရီ ခွဲလောက်မှာပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ” မနေ့ကတိုက်ပွဲဖြစ်ပြီး မင်းပြားဖက်က တပ်မတော်စစ်ကြောင်းတစ်ခုက ရွာထဲကိုဝင်လာတယ်။ ရွာသား ၂၀ ကျော်လောက်ကို ဖမ်းသွားတာ။ အိမ်မာနေတဲ့သူတွေ ဘုန်းကြီးကျောင်းမှာနေတဲ့ သူတွေ အကုန်လုံးခေါ်ပြီး ဘုန်းကြီးကျောင်းမှာစုထားတယ်။ ခင်ဗျားတို့ရွာမှာ သူပုန်ရှိတယ်။ စစ်ဆေးစရာရှိတယ်ဆိုပြီး စစ်ဆေးခဲ့တယ်။”လို့ အဲ့ဒီရွာသားကပြောပါတယ်။ အဲ့ဒီတပ်မတော်စစ်ကြောင်းဟာ…

Read More

အမေရိကန်တပ်ဖွဲ့ဝင်တွေကို အီရတ်ကမောင်းထုတ်ရင် အရေးယူပိတ်ဆို့မယ်လို့ ထရန့်ခြိမ်းခြောက်

ဘဂ္ဂဒက်၊ ဇန်နဝါရီ-၆-၂၀၁၉ မျိုးဆက် (VOM) အီရတ်နိုင်ငံအတွင်းမှ အမေရိကန်တပ်ဖွဲ့ဝင်တွေကိုထွက်ခွာသွားဖို့အတွက် အီရတ်ပါလီမန်က အတည်ပြုပြီးနောက် တပ်ဖွဲ့ဝင်တွေကိုနှင်ထုတ်မယ်ဆိုရင် အီရတ်နိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှု တွေ ချမှတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်လိုက်ပါတယ်။ အီရတ်နိုင်ငံအတွင်းမှာ စရိတ်အများကြီး အကုန်ခံဆောက်ထားတဲ့ လေတပ်အခြေစိုက်စခန်းရှိနေပြီး ဒေါ်လာ ဘီလီယံများစွာကုန်ကျခဲ့ကြောင်း၊ ဒီငွေတွေကို အီရတ်နိုင်ငံက ပြန်မပေးပဲနဲ့ ထွက်သွားမှာမဟုတ်ဘူးလို့ သတင်းထောက်တွေကို ထရန့်ကပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဘဂ္ဂဒက်မှာ အီရန်စစ်ဗိုလ်ချုပ် ကာဆမ်ဆိုလိုင်မာနီကို အမေရိကန်က သုတ်သင်ပြီးနောက် ဒေသအတွင်း တင်းမာမှုတွေမြင့်တက်နေပါတယ်။ အသက် ၆၂ နှစ်အရွယ် ဆိုလိုင်မာနီဟာ အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ စစ်ဆင်ရေးတွေကို ဦးဆောင်နေသူဖြစ်ပြီး အမေရိကန်ကတော့ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားပါတယ်။ အီရန်လက်ရွေးစင်တပ်ဖွဲ့မှာ သူ့နေရာကိုဆက်ခံတဲ့ စစ်ဦးစီးချုပ်သစ်ကတော့ အရှေ့အလယ်ပိုင်းကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေကို မောင်းထုတ်သွားမယ်လို့ ကတိပြုပြောဆိုထားပါတယ်။ Ref :BBC Photo: Getty…

Read More

တရုတ်ကို တင်ပို့နေတဲ့ ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ်အေး

မန္တလေး ဇန်နဝါရီ ၆-၂၀၂၀ ဖြူဖြူ (VOM) မန္တလေးမြို့ကနေ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ နှမ်းပေါင်းစုံနဲ့ ပဲအမျိုးမျိုးဈေးကွက်ဟာ အခုရက်ပိုင်းမှာ အရောင်းအဝယ်အေးနေပြီး တရုတ်နှစ်သစ်ကူးပြီးမှသာ ပုံမှန်ပြန်ဖြစ်နိုင်မယ်လို့ မန္တလေးမြို့ ပဲ၊ နှမ်းကုန်သည်တွေက သုံးသပ်ပြောဆိုနေကြတာ ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးနီးလာတာအပြင် တရုတ်ငွေဈေးကျတဲ့အတွက် တရုတ်ဝယ်လက်ကုန်သည်တွေကလည်း ဈေးဆစ်မှုများသလို ပြည်တွင်းကုန်သည်တွေကလည်း ဆစ်သလောက်ရောင်းချမပေးနိုင်တဲ့အတွက် အရောင်းအဝယ်အေးနေတာလို့ သိရပါတယ်။ “နှစ်ကူးနီးလာရင် ခါတိုင်းနှစ်တွေကလည်း ကျနေကျဖြစ်ပေမယ့် ဒီနှစ်ကတော့ တော်တော်လေးဈေးအေးတဲ့သဘော၊ အဓိကကတော့ ငွေဈေးဂယက်တွေကြောင့်ပေါ့။”လို့ မန္တလေး၊ မူဆယ် ကုန်စည်ပို့ဆောင်နေတဲ့ ပဲ၊ နှမ်းကုန်သည် ကိုစိုးကပြောပါတယ်။ တရုတ်ငွေတစ်ယွမ်ကို မြန်မာငွေ ၂၁၁ ကျပ်နှုန်းနဲ့ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့အထိရှိခဲ့ရာကနေ တဖြည်းဖြည်းကျဆင်းလာပြီး အခုနှစ် ဇန်နဝါရီ ၆ ရက်မှာတော့၂၀၇ ကျပ်အထိကျဆင်းနေပြီဖြစ်ပါတယ်။ လတ်တလောမှာတော့ အော်ဒါရှိပြီးသားကုန်တွေလောက်သာ ပို့နေရပြီး ကုန်သည်တွေအနေနဲ့ကလည်း ချိန်ဆရောင်းဝယ်နေတယ်လို့ မန္တလေးမြို့က ပဲ၊နှမ်းကုန်သည်အချို့က…

Read More

ကျောက်တော်မဟာမုနိ ပစ်ခတ်မှုအတွင်းမှာ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ကာ ကျောက်တော်ဆေးရုံကို ရောက်ရှိနေ

ကျောက်တော်၊ ဇန်နဝါရီ ၆-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရားအနီးမှာ ဇန်နဝါရီလ ၅ရက်၊ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်က မဟာမုနိဘုရားအနီးမိုင်းပေါက်ကွဲပြီး ပစ်ခတ်မှုတစ်ချို့ဖြစ်ပွားခဲ့ရာ မဟာမုနိကျေးရွာက အမျိုးသမီးတစ်ဦးကို လက်နက်ကြီးကျဉ်စထိမှန်ခဲ့တဲ့အတွက် ကျောက်တော်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီ လက်နက်ကြီးကျည်စထိမှန်သူ အသက် ၂၀ အရွယ် မဦးဝင်းအေးဆိုတဲ့အမျိုးသမီးဟာ ကလေးအမေတစ်ဦးဖြစ်ပြီး ညာဖက်ရင်အုံ၊ မေးရိုးနဲ့ နဖူးတွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ” ပစ်ခတ်မှုဖြစ်တာက မဟာမုနိအနီးမှာ ဖြစ်တာ။ ထမင်းစားနေချိန်မှာပစ်တာ။ ကျွန်တော်လည်းမိသားစု ဝိုင်းပြီးစားနေတယ်။ သိလည်းမသိလိုက်ဘူး။ သူ့သားလေးကို အင်္ကျီဝတ်ပေးဖို့လှမ်းလို့ယူတာမှာ ထိသွာတာ။ သူ့ကို သယ်ပြီးလာတဲ့အခါလည်း ကျနော်တို့ကို လိုက်ပစ်သေးတယ်။ ညာဖက်ရင်အုံမှာ တစ်ချက်ထိတယ်။ မေးရိုးနဲ့ နဖူးမှာနည်းနည်း ထိသွားတယ်။”လို့ ဒဏ်ရာရှိသူ မဦးဝင်းအေးရဲ့ ဖခင်ဦးကျော်ညွှန့်စိန်က ပြောပါတယ်။ ဒဏ်ရာရရှိပြီး…

Read More

ဟွာမူန်အလုပ်သမားသပိတ် အလုပ်ရှင်နဲ့တွေ့ဆုံညှိနိူင်းပေးမယ်လို့ တိုင်းအစိုးရ ကတိပေး

ဧရာဝတီ၊ ဇန်နဝါရီ ၆-၂၀၂၀ ကိုအောင် (VOM) ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်ရှိ ဟွာမှုန်အထည်ချုပ်စက်ရုံက သပိတ်မှောက်အလုပ်သမားတွေဟာ ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရရှိဖို့အတွက် တိုင်းအစိုးရရုံးရှေ့မှာ လာရောက်စုဝေးနေခဲ့ကြပြီးတဲ့ ညနေပိုင်းမှာတော့ အစိုးရအဖွဲ့ကဝန်ကြီး(၃)ဦးနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ သပိတ်မှောက်သူတွေတောင်းဆိုချက်ဟာ အလုပ်ရှင်နဲ့ တိုက်ရိုက်ခေါ်ယူ ညှိနိူင်းရမှာဖြစ်တဲ့အတွက် လာ့မယ့် ဇန်နဝါရီ၈ရက်နေ့မှာ ရှန်ဟိုင်းမြို့မှာနေထိုင်တဲံ အထည်ချုပ်စက်ရုံ ပိုင်ရှင်နဲ့ခေါ်ယူတွေ့ဆုံသွားမယ်လို့ ကတိပေးခဲ့တယ်လို့သိရပါတယ်။ ” အလုပ်ရှင်ဆိုတာ နိင်ငံခြားကပိုင်ရှင်အစစ်ကို ခေါ်ယူပြီး သုံးပွင့်ဆိုင်ဖြေရှင်းပေးသွားပါ့မယ်လို့ ပြောလိုက်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့က ပိုင်ရှင်နဲ့တွေ့ဆုံညှိနိူင်းပြီးရင် အဖြေထွက်လာမှာပါ ” လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းကပြောပါတယ်။ သပိတ်မှောက်အလုပ်သမားတွေက တိုင်းအစိုးရရဲ့ကတိကိုယုံကြည်တဲ့အတွက် သပိတ်စခန်းကို ပြန်ပီး ရလဒ်တစ်ခုကို စောင့်ဆိုင်းသွားမှာဖြစ်ပေမယ့် သပိတ်မှောက်ခြင်းကိုတော့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သပိတ်မှောက် အလုပ်သမားခေါင်းဆောင် မစုပုံချစ်ကပြောပါတယ်။ ကန်ကြီးထောင့်မြို့၊ ဟွာမူန်အထည်ချူပ်စက်ရုံက အလုပ်သမား၅၀၀ခန့်ဟာ တိုင်းခုံသမာဓိအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို…

Read More

ဘုရားဖူးယာဉ် တိမ်းမှောက်ပြီး နှစ်ဦးသေဆုံး၊(၃၀)ဦးဒဏ်ရာရ

ကြို့ပင်ကောက်၊ ဇန်နဝါရီ ၆-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ကြို့ပင်ကောက်မြို့နယ်၊ အောင်ပင်သာအုပ်စု၊ ကြံတောစုကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ်(၁၂၅/၆)နဲ့(၁၂၅/၇)ကြားမှာ ဇန်နဝါရီ၅ရက် ညနေ၆နာရီဝန်းကျင်က လှည်းကူးမြို့က ဘုရားဖူးဒိုင်နာယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး (၃၀)ဦးဒါဏ်ရာရခဲ့တယ်လို့ လှိုင်မြို့အနှိုင်းမဲ့မေတ္တာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ‟ယာဉ်တိုက်မှုဖြစ်စဉ်မှာ နှစ်ဦးသေဆုံးပြီး (၃၀)ဦးဒဏ်ရာ ရထားပါတယ်။ ဒဏ်ရာရသူတွေထဲက(၂၀)ဦး ပြင်းထန်ဒဏ်ရာရလို့ ရန်ကုန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားပါတယ်”လို့ လှိုင်မြို့အနှိုင်းမဲ့မေတ္တာ လူမှုကယ်ဆယ်ရေးအသင်း ဒု-ဥက္ကဋ္ဌ ဦးရှားသူကပြောပါတယ်။ အဆိုပါယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ကြို့ပင်ကောက်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ‟သေဆုံးတာကတော့ ရေတာရှည်မြို့နယ်၊ ကုမ္မာန်ကွင်းအုပ်စု၊ ကုမ္မာန်ကွင်းကျေးရွာနေ အသက် (၁၈)နှစ်ရှိတဲ့ မနှင်းနှင်းဦးပါ။ ဒဏ်ရာရတဲ့သူတွေကတော့များပါတယ်။ ကျနော်တို့ စီစစ်ဆဲမို့ဒီလောက်ဘဲပြောနိုင်ပါသေးတယ်”လို့ ကြို့ပင်ကောက်မြို့မရဲစခန်းမှ စခန်းမှုးဒုရဲမှူးကျော်သန်းနိုင်ကပြောပါတယ်။ လှည်းကူးမြို့နယ်ကနေ ပြည်မြို့ရှိ အကောက်တောင်ကို ဘုရားဖူးသွားပြီးပြန်လာတဲ့ TRUCKကားဟာ ဆိုင်ကယ်တစ်စီးကို ရှောင်လိုက်ရာကနေ လမ်းဘေးမြောင်းထဲကို ထိုးကျတိမ်းမှောက်ခဲ့တာဖြစ်တယ်လိူ့ ယာဉ်ပေါ်ပါလာတဲ့…

Read More

ပညာသင်ကာလသတ်မှတ်တာကို ပြင်ဆင်မူမရှိရင် ဆရာ၊ဆရာမတွေက မူလတာဝန်နဲ့ လုံးဝမသက်ဆိုင်တာတွေကို ဥပဒေနဲ့အညီ ငြင်းပယ်သွားမယ်

ရန်ကုန်၊ ဇန်နဝါရီ ၆-၂၀၂၀ စွဲ့ဝတီ(VOM) အခြေခံပညာကျောင်းတွေရဲ့ ပညာသင်ကာလကို မတ်လကုန်ထိ သတ်မှတ်တဲ့အပေါ် ပြင်ဆင်တာမလုပ်ရင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲရုံတာဝန်များကဲ့သို့ မိမိတို့ရဲ့ မူလတာဝန်များနဲ့ လုံးဝမသက်ဆိုင်တာတွေကို ဥပဒေနဲ့အညီ ငြင်းပယ်ပြီး ပညာရေးဝန်ကြီးဌာနကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်ကနေ သိရပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၂၂ရက် မှာကြေညာချက်အမှတ် ၆/၂၀၁၉ ကိုထုတ်ပြန်ခဲ့ပြီးတော့ မြေပြင်အခြေအနေ (၇)ချက်ကို ထောက်ပြကာ မတ်လကုန်အထိ ပညာသင်ကာလသတ်မှတ်တာကို ပြင်းထန်စွာကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ “ဆရာတို့က အချက်အလက်တွေနဲ့ ထောက်ပြတယ်။ ပညာရေးဝန်ကြီးဌာနကလည်း သူတို့လုပ်စရာရှိတာ လုပ်မယ်လို့ပြောထားတယ်။ ပထမတုန်းက ခုနှစ်ချက်ထောက်ပြထားတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာရေးဆိုင်ရာ သဘောတရားတွေ၊ မူဝါဒဆိုင်ရာတွေကို ထောက်ပြတာမဟုတ်ဘဲနဲ့ မိဘတွေရဲ့ စီးပွားရေးကို အာရုစူးစိုက်ပြီး အောင်မြင်အောင်လုပ်နိုင်စေရန်ဆိုပြီးတော့ပြောတော့ လက်ရှိသင်ရိုးရေးဆွဲထားတာလည်း ၃၆ပတ်စာ ဖေဖော်ဝါရီလကုန်အထိ ရေးဆွဲထားတယ်။ လေးတန်း၊…

Read More
VOM News

FREE
VIEW