မင်းပြားမြို့နယ်မှာ တပ်မတော်ကဖမ်းဆီးသွားတဲ့ ဖားပြိုရွာက ဒေသခံ ၂၀ ကျော်ပြန်လွှတ်လာ

စစ်တွေ၊ ဇန်နဝါရီ ၆၊-၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ဇန်နဝါရီလ ၅ ရက်နေ့က တပ်မတော်နဲ့ အေအေ တို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်ဖက်မှ အနီးအနားရှိ ဖားပြိုကျေးရွာက ရွာသူ၊ ရွာသား ၂ဝ ကျော်ကို ၁ နာရီကြာ ဖမ်းဆီးစစ်ဆေးဖို့ ခေါ်ဆောင်သွားပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားပြိုကျေးရွာက အမျိုးသား အမျိုးသမီး ၂၀ ကျော်ခန့်ကို မနေ့ကညနေ ၅ နာရီကျော်လောက်မှာ ဖမ်းဆီးသွားကာ ၆ နာရီ ခွဲလောက်မှာပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

” မနေ့ကတိုက်ပွဲဖြစ်ပြီး မင်းပြားဖက်က တပ်မတော်စစ်ကြောင်းတစ်ခုက ရွာထဲကိုဝင်လာတယ်။ ရွာသား ၂၀ ကျော်လောက်ကို ဖမ်းသွားတာ။ အိမ်မာနေတဲ့သူတွေ ဘုန်းကြီးကျောင်းမှာနေတဲ့ သူတွေ အကုန်လုံးခေါ်ပြီး ဘုန်းကြီးကျောင်းမှာစုထားတယ်။ ခင်ဗျားတို့ရွာမှာ သူပုန်ရှိတယ်။ စစ်ဆေးစရာရှိတယ်ဆိုပြီး စစ်ဆေးခဲ့တယ်။”လို့ အဲ့ဒီရွာသားကပြောပါတယ်။

အဲ့ဒီတပ်မတော်စစ်ကြောင်းဟာ လူ ၂ဝကျော်ကိုဖမ်းပြီး ရွာထဲမှာရှိတဲ့ကြက်တွေ၊ငှက်တွေ၊ ဝက်တွေနဲ့ ဖုန်းတွေကို သိမ်းဆည်းသွားသလို ဈေးဆိုင်တွေက ပစ္စည်းတွေကိုလည်း ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

” လူတွေကိုဖမ်းပြီးတော့ ရွာထဲမှာရှိတဲ့ ကြက်တွေ၊ ငှက်တွေ၊ ဝက်တွေပါမကျန် အကုန်၊ ဖုန်းတွေ၊ တီဗီတွေ၊ ရွာထဲမှာရှိတဲ့ဈေးဆိုင်တွေကိုပါ အကုန်ယူသွားတယ်။ ခင်ဗျားတို့ရွာကို သံသယရှိတယ်ဆိုပြီးတော့ အကုန်လုံး အဲ့လိုလုပ်တယ်။” လို့ အဲ့ဒီဒေသခံက ပြောပါတယ်။

ဖမ်းဆီးခံရသူ ရွာသားတွေကို သေနတ်တွေနဲ့ထောက်ပြီး ပြေးတဲ့လူတွေကိုလည်း မပြေးဖို့ ခြိမ်းခြောက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အနီးအနားရှိ အမ်းသားကျေးရွာမှ ဒေသခံတစ်ဦးကလည်း ” အဲ့ဒီရွာကလူတွေကို ဖမ်းခေါ်သွားတယ်။ စစ်ဆေးပြီး ၆ နာရီကျော်လောက်မှာ ပြန်လွှတ်ပေးလိုက်တယ်။ အဘိုးအိုတစ်ဦးကိုလည်း တစ်ချက်နှစ်ချက်လောက် ရိုက်ပစ်တယ်လို့ကြားတယ်။” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာ ဆနွင်းတောင်နဲ့ ဖားပြိုကျေးရွာတို့ဟာ ၂ ဖာလုံ လောက်ကွာဝေးတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ရာ စက်ပိတ်ထားတာကြောင့် အဆက်သွယ်မရခဲ့ပါဘူး။

တိုက်ပွဲကြောင့် ရွာသားများဟာ ပေါက်တောမြို့နယ်နဲ့ မင်းပြားမြို့နယ်က ရွာတွေကို ပြေးနေကြရတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #စစ်တွေ #မင်းပြား #တပ်မတော်ဖမ်းဆီးသူတွေ #ပြန်လွှတ်

Zawgyi

မင္းျပားၿမိဳ႕နယ္မွာ တပ္မေတာ္ကဖမ္းဆီးသြားတဲ့ ဖားၿပိဳ႐ြာက ေဒသခံ ၂၀ ေက်ာ္ျပန္လႊတ္လာ

စစ္ေတြ၊ ဇန္နဝါရီ ၆၊-၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ရာေမာင္တံတားအနီး ဇန္နဝါရီလ ၅ ရက္ေန႔က တပ္မေတာ္နဲ႔ ေအေအ တို႔တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ၿပီးေနာက္ တပ္မေတာ္ဖက္မွ အနီးအနားရွိ ဖားၿပိဳေက်း႐ြာက ႐ြာသူ၊ ႐ြာသား ၂ဝ ေက်ာ္ကို ၁ နာရီၾကာ ဖမ္းဆီးစစ္ေဆးဖို႔ ေခၚေဆာင္သြားၿပီး ျပန္လႊတ္ေပးခဲ့တယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

ဖားၿပိဳေက်း႐ြာက အမ်ိဳးသား အမ်ိဳးသမီး ၂၀ ေက်ာ္ခန္႔ကို မေန႔ကညေန ၅ နာရီေက်ာ္ေလာက္မွာ ဖမ္းဆီးသြားကာ ၆ နာရီ ခြဲေလာက္မွာျပန္လႊတ္ေပးခဲ့တယ္လို႔ ေဒသခံတစ္ဦးကေျပာပါတယ္။

” မေန႔ကတိုက္ပြဲျဖစ္ၿပီး မင္းျပားဖက္က တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ႐ြာထဲကိုဝင္လာတယ္။ ႐ြာသား ၂၀ ေက်ာ္ေလာက္ကို ဖမ္းသြားတာ။ အိမ္မာေနတဲ့သူေတြ ဘုန္းႀကီးေက်ာင္းမွာေနတဲ့ သူေတြ အကုန္လုံးေခၚၿပီး ဘုန္းႀကီးေက်ာင္းမွာစုထားတယ္။ ခင္ဗ်ားတို႔႐ြာမွာ သူပုန္ရွိတယ္။ စစ္ေဆးစရာရွိတယ္ဆိုၿပီး စစ္ေဆးခဲ့တယ္။”လို႔ အဲ့ဒီ႐ြာသားကေျပာပါတယ္။

အဲ့ဒီတပ္မေတာ္စစ္ေၾကာင္းဟာ လူ ၂ဝေက်ာ္ကိုဖမ္းၿပီး ႐ြာထဲမွာရွိတဲ့ၾကက္ေတြ၊ငွက္ေတြ၊ ဝက္ေတြနဲ႔ ဖုန္းေတြကို သိမ္းဆည္းသြားသလို ေစ်းဆိုင္ေတြက ပစၥည္းေတြကိုလည္း ယူေဆာင္သြားခဲ့တယ္လို႔ သိရပါတယ္။

” လူေတြကိုဖမ္းၿပီးေတာ့ ႐ြာထဲမွာရွိတဲ့ ၾကက္ေတြ၊ ငွက္ေတြ၊ ဝက္ေတြပါမက်န္ အကုန္၊ ဖုန္းေတြ၊ တီဗီေတြ၊ ႐ြာထဲမွာရွိတဲ့ေစ်းဆိုင္ေတြကိုပါ အကုန္ယူသြားတယ္။ ခင္ဗ်ားတို႔႐ြာကို သံသယရွိတယ္ဆိုၿပီးေတာ့ အကုန္လုံး အဲ့လိုလုပ္တယ္။” လို႔ အဲ့ဒီေဒသခံက ေျပာပါတယ္။

ဖမ္းဆီးခံရသူ ႐ြာသားေတြကို ေသနတ္ေတြနဲ႔ေထာက္ၿပီး ေျပးတဲ့လူေတြကိုလည္း မေျပးဖို႔ ၿခိမ္းေျခာက္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

အနီးအနားရွိ အမ္းသားေက်း႐ြာမွ ေဒသခံတစ္ဦးကလည္း ” အဲ့ဒီ႐ြာကလူေတြကို ဖမ္းေခၚသြားတယ္။ စစ္ေဆးၿပီး ၆ နာရီေက်ာ္ေလာက္မွာ ျပန္လႊတ္ေပးလိုက္တယ္။ အဘိုးအိုတစ္ဦးကိုလည္း တစ္ခ်က္ႏွစ္ခ်က္ေလာက္ ႐ိုက္ပစ္တယ္လို႔ၾကားတယ္။” လို႔ ေျပာပါတယ္။

တိုက္ပြဲျဖစ္တဲ့ေနရာ ဆႏြင္းေတာင္နဲ႔ ဖားၿပိဳေက်း႐ြာတို႔ဟာ ၂ ဖာလုံ ေလာက္ကြာေဝးတယ္လို႔ သိရပါတယ္။
ဒီကိစၥနဲ႔ ပတ္သတ္ၿပီး အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကို ဆက္သြယ္ခဲ့ရာ စက္ပိတ္ထားတာေၾကာင့္ အဆက္သြယ္မရခဲ့ပါဘူး။

တိုက္ပြဲေၾကာင့္ ႐ြာသားမ်ားဟာ ေပါက္ေတာၿမိဳ႕နယ္နဲ႔ မင္းျပားၿမိဳ႕နယ္က ႐ြာေတြကို ေျပးေနၾကရတယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #စစ္ေတြ #မင္းျပား #တပ္မေတာ္ဖမ္းဆီးသူေတြ #ျပန္လႊတ္

Related posts

Leave a Comment

VOM News

FREE
VIEW