ဘုရားဖူးယာဉ် တိမ်းမှောက်ပြီး နှစ်ဦးသေဆုံး၊(၃၀)ဦးဒဏ်ရာရ

ကြို့ပင်ကောက်၊ ဇန်နဝါရီ ၆-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ကြို့ပင်ကောက်မြို့နယ်၊ အောင်ပင်သာအုပ်စု၊ ကြံတောစုကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ်(၁၂၅/၆)နဲ့(၁၂၅/၇)ကြားမှာ ဇန်နဝါရီ၅ရက် ညနေ၆နာရီဝန်းကျင်က လှည်းကူးမြို့က ဘုရားဖူးဒိုင်နာယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး (၃၀)ဦးဒါဏ်ရာရခဲ့တယ်လို့ လှိုင်မြို့အနှိုင်းမဲ့မေတ္တာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

‟ယာဉ်တိုက်မှုဖြစ်စဉ်မှာ နှစ်ဦးသေဆုံးပြီး (၃၀)ဦးဒဏ်ရာ ရထားပါတယ်။ ဒဏ်ရာရသူတွေထဲက(၂၀)ဦး ပြင်းထန်ဒဏ်ရာရလို့ ရန်ကုန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားပါတယ်”လို့ လှိုင်မြို့အနှိုင်းမဲ့မေတ္တာ လူမှုကယ်ဆယ်ရေးအသင်း ဒု-ဥက္ကဋ္ဌ ဦးရှားသူကပြောပါတယ်။

အဆိုပါယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ကြို့ပင်ကောက်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ‟သေဆုံးတာကတော့ ရေတာရှည်မြို့နယ်၊ ကုမ္မာန်ကွင်းအုပ်စု၊ ကုမ္မာန်ကွင်းကျေးရွာနေ အသက် (၁၈)နှစ်ရှိတဲ့ မနှင်းနှင်းဦးပါ။ ဒဏ်ရာရတဲ့သူတွေကတော့များပါတယ်။ ကျနော်တို့ စီစစ်ဆဲမို့ဒီလောက်ဘဲပြောနိုင်ပါသေးတယ်”လို့ ကြို့ပင်ကောက်မြို့မရဲစခန်းမှ စခန်းမှုးဒုရဲမှူးကျော်သန်းနိုင်ကပြောပါတယ်။

လှည်းကူးမြို့နယ်ကနေ ပြည်မြို့ရှိ အကောက်တောင်ကို ဘုရားဖူးသွားပြီးပြန်လာတဲ့ TRUCKကားဟာ ဆိုင်ကယ်တစ်စီးကို ရှောင်လိုက်ရာကနေ လမ်းဘေးမြောင်းထဲကို ထိုးကျတိမ်းမှောက်ခဲ့တာဖြစ်တယ်လိူ့ ယာဉ်ပေါ်ပါလာတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

‟ကားနှစ်စီးကြားထဲကို ဆိုင်ကယ်ကဝင်လာတာ၊ ဆိုင်ကယ်ကိုရှောင်ရင်းနဲ့ ကျမတို့စီးလာတဲ့ ကားနောက်မြီးနဲ့ နောက်ကကားခေါင်းနဲ့ချိတ်မိပြီး အခုလိုတိမ်းမှောက်သွားတာပါ”လို့ ယာဉ်ပေါ်ပါလာတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

ယာဉ်တိုက်မှု ဖြစ်ပွားရာက ဒဏ်ရာရတဲ့လူနာတွေကို ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ပြင်းထန်ဒဏ်ရာရရှိသူတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်နေတယ်လို့ သိရပါတယ်။

‟ကြို့ပင်ကောက် မြို့နယ် ပြည်သူ့ဆေးရုံမှာ အမျိုးသမီးတစ်ယောက်သေဆုံးတယ်။ ဒဏ်ရာ ပြင်းထန်တဲ့လူနာ တွေကို ရန်ကုန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးနေတုန်း ဥက္ကံ မြို့မှာ တစ်ဦးသေဆုံးသွားပါတယ်။ အခုချိန်ထိ နှစ်ဦးသေဆုံးသွားပါတယ်။ ဒီတစ်ခါ ယာဉ်တိုက်မှုက ဒဏ်ရာရတဲ့သူတွေ တော်တော်များပါတယ်လို့”ကြို့ပင် ကောက်မြို့နယ် မြတ်မွန်ကလျာဏမိတ္တ နာ/ကူအသင်းမှ ဦးမောင်မောင်ဦးကပြောပါတယ်။

လူသေဆုံးပြီး လူအများထိခိုက်ဒဏ်ရာရအောင်မောင်းနှင်သူ ယာဉ်မောင်း လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ မေခဝတီလမ်းနေ အသက်(၄၀)နှစ်ရှိအညာသား(ခ)ဦးဇော်လင်းထွန်းကို အရေးယူပေးဖို့ ရဲအုပ်မြင့်မိုးက တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် ယာဉ်(ပ)၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၃၈/၃၀၄-(က)တို့နဲ့ အမှုဖွင့်ထားကာ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ကြို့ပင်ကောက်မြို့မရဲစခန်းကနေ သိရပါတယ်။

#VOM #voiceofmyanmar #ကြို့ပင်ကောက် #ယာဉ်တိမ်းမှောက် #လူသေဆုံး

Zawgyi

ဘုရားဖူးယာဥ္ တိမ္းေမွာက္ၿပီး ႏွစ္ဦးေသဆုံး၊(၃၀)ဦးဒဏ္ရာရ

ႀကိဳ႕ပင္ေကာက္၊ ဇန္နဝါရီ ၆-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင္း ၊ သာယာဝတီခ႐ိုင္ ၊ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္၊ ေအာင္ပင္သာအုပ္စု၊ ႀကံေတာစုေက်း႐ြာအနီး ရန္ကုန္-ျပည္ကားလမ္း မိုင္တိုင္အမွတ္(၁၂၅/၆)နဲ႔(၁၂၅/၇)ၾကားမွာ ဇန္နဝါရီ၅ရက္ ညေန၆နာရီဝန္းက်င္က လွည္းကူးၿမိဳ႕က ဘုရားဖူးဒိုင္နာယာဥ္တစ္စီး လမ္းေဘးထိုးက် တိမ္းေမွာက္ခဲ့ရာ ႏွစ္ဦးေသဆုံးၿပီး (၃၀)ဦးဒါဏ္ရာရခဲ့တယ္လို႔ လႈိင္ၿမိဳ႕အႏႈိင္းမဲ့ေမတၱာ လူမႈကယ္ဆယ္ေရးအသင္းကေန သိရပါတယ္။

‟ယာဥ္တိုက္မႈျဖစ္စဥ္မွာ ႏွစ္ဦးေသဆုံးၿပီး (၃၀)ဦးဒဏ္ရာ ရထားပါတယ္။ ဒဏ္ရာရသူေတြထဲက(၂၀)ဦး ျပင္းထန္ဒဏ္ရာရလို႔ ရန္ကုန္ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ကုသထားပါတယ္”လို႔ လႈိင္ၿမိဳ႕အႏႈိင္းမဲ့ေမတၱာ လူမႈကယ္ဆယ္ေရးအသင္း ဒု-ဥကၠ႒ ဦးရွားသူကေျပာပါတယ္။

အဆိုပါယာဥ္တိုက္မႈနဲ႔ပတ္သက္ၿပီး ႀကိဳ႕ပင္ေကာက္ၿမိဳ႕မရဲစခန္းကို ဆက္သြယ္ေမးျမန္းရာ ‟ေသဆုံးတာကေတာ့ ေရတာရွည္ၿမိဳ႕နယ္၊ ကုမၼာန္ကြင္းအုပ္စု၊ ကုမၼာန္ကြင္းေက်း႐ြာေန အသက္ (၁၈)ႏွစ္ရွိတဲ့ မႏွင္းႏွင္းဦးပါ။ ဒဏ္ရာရတဲ့သူေတြကေတာ့မ်ားပါတယ္။ က်ေနာ္တို႔ စီစစ္ဆဲမို႔ဒီေလာက္ဘဲေျပာႏိုင္ပါေသးတယ္”လို႔ ႀကိဳ႕ပင္ေကာက္ၿမိဳ႕မရဲစခန္းမွ စခန္းမႈးဒုရဲမႉးေက်ာ္သန္းႏိုင္ကေျပာပါတယ္။

လွည္းကူးၿမိဳ႕နယ္ကေန ျပည္ၿမိဳ႕ရွိ အေကာက္ေတာင္ကို ဘုရားဖူးသြားၿပီးျပန္လာတဲ့ TRUCKကားဟာ ဆိုင္ကယ္တစ္စီးကို ေရွာင္လိုက္ရာကေန လမ္းေဘးေျမာင္းထဲကို ထိုးက်တိမ္းေမွာက္ခဲ့တာျဖစ္တယ္လိူ႔ ယာဥ္ေပၚပါလာတဲ့ အမ်ိဳးသမီးတစ္ဦးကေျပာပါတယ္။

‟ကားႏွစ္စီးၾကားထဲကို ဆိုင္ကယ္ကဝင္လာတာ၊ ဆိုင္ကယ္ကိုေရွာင္ရင္းနဲ႔ က်မတို႔စီးလာတဲ့ ကားေနာက္ၿမီးနဲ႔ ေနာက္ကကားေခါင္းနဲ႔ခ်ိတ္မိၿပီး အခုလိုတိမ္းေမွာက္သြားတာပါ”လို႔ ယာဥ္ေပၚပါလာတဲ့ အမ်ိဳးသမီးတစ္ဦးကေျပာပါတယ္။

ယာဥ္တိုက္မႈ ျဖစ္ပြားရာက ဒဏ္ရာရတဲ့လူနာေတြကို ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ထားၿပီး ျပင္းထန္ဒဏ္ရာရရွိသူေတြကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးကို ပို႔ေဆာင္ေနတယ္လို႔ သိရပါတယ္။

‟ႀကိဳ႕ပင္ေကာက္ ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံမွာ အမ်ိဳးသမီးတစ္ေယာက္ေသဆုံးတယ္။ ဒဏ္ရာ ျပင္းထန္တဲ့လူနာ ေတြကို ရန္ကုန္ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ေပးေနတုန္း ဥကၠံ ၿမိဳ႕မွာ တစ္ဦးေသဆုံးသြားပါတယ္။ အခုခ်ိန္ထိ ႏွစ္ဦးေသဆုံးသြားပါတယ္။ ဒီတစ္ခါ ယာဥ္တိုက္မႈက ဒဏ္ရာရတဲ့သူေတြ ေတာ္ေတာ္မ်ားပါတယ္လို႔”ႀကိဳ႕ပင္ ေကာက္ၿမိဳ႕နယ္ ျမတ္မြန္ကလ်ာဏမိတၱ နာ/ကူအသင္းမွ ဦးေမာင္ေမာင္ဦးကေျပာပါတယ္။

လူေသဆုံးၿပီး လူအမ်ားထိခိုက္ဒဏ္ရာရေအာင္ေမာင္းႏွင္သူ ယာဥ္ေမာင္း လွည္းကူးၿမိဳ႕နယ္၊ ရိပ္သာရပ္ကြက္၊ ေမခဝတီလမ္းေန အသက္(၄၀)ႏွစ္ရွိအညာသား(ခ)ဦးေဇာ္လင္းထြန္းကို အေရးယူေပးဖို႔ ရဲအုပ္ျမင့္မိုးက တရားလုိျပဳလုပ္တိုင္တန္းတဲ့အတြက္ ယာဥ္(ပ)၂/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၃၃၇/၃၃၈/၃၀၄-(က)တို႔နဲ႔ အမႈဖြင့္ထားကာ ယာဥ္ေမာင္းမွာ ထြက္ေျပးတိမ္းေရွာင္ေနတယ္လို႔ ႀကိဳ႕ပင္ေကာက္ၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

#VOM #voiceofmyanmar #ႀကိဳ႕ပင္ေကာက္ #ယာဥ္တိမ္းေမွာက္ #လူေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW