ဟွာမူန်အလုပ်သမားသပိတ် အလုပ်ရှင်နဲ့တွေ့ဆုံညှိနိူင်းပေးမယ်လို့ တိုင်းအစိုးရ ကတိပေး

ဧရာဝတီ၊ ဇန်နဝါရီ ၆-၂၀၂၀
ကိုအောင် (VOM)

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်ရှိ ဟွာမှုန်အထည်ချုပ်စက်ရုံက သပိတ်မှောက်အလုပ်သမားတွေဟာ ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရရှိဖို့အတွက် တိုင်းအစိုးရရုံးရှေ့မှာ လာရောက်စုဝေးနေခဲ့ကြပြီးတဲ့ ညနေပိုင်းမှာတော့ အစိုးရအဖွဲ့ကဝန်ကြီး(၃)ဦးနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

အစိုးရအဖွဲ့အနေနဲ့ သပိတ်မှောက်သူတွေတောင်းဆိုချက်ဟာ အလုပ်ရှင်နဲ့ တိုက်ရိုက်ခေါ်ယူ ညှိနိူင်းရမှာဖြစ်တဲ့အတွက် လာ့မယ့် ဇန်နဝါရီ၈ရက်နေ့မှာ ရှန်ဟိုင်းမြို့မှာနေထိုင်တဲံ အထည်ချုပ်စက်ရုံ ပိုင်ရှင်နဲ့ခေါ်ယူတွေ့ဆုံသွားမယ်လို့ ကတိပေးခဲ့တယ်လို့သိရပါတယ်။

” အလုပ်ရှင်ဆိုတာ နိင်ငံခြားကပိုင်ရှင်အစစ်ကို ခေါ်ယူပြီး သုံးပွင့်ဆိုင်ဖြေရှင်းပေးသွားပါ့မယ်လို့ ပြောလိုက်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့က ပိုင်ရှင်နဲ့တွေ့ဆုံညှိနိူင်းပြီးရင် အဖြေထွက်လာမှာပါ ” လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းကပြောပါတယ်။

သပိတ်မှောက်အလုပ်သမားတွေက တိုင်းအစိုးရရဲ့ကတိကိုယုံကြည်တဲ့အတွက် သပိတ်စခန်းကို ပြန်ပီး ရလဒ်တစ်ခုကို စောင့်ဆိုင်းသွားမှာဖြစ်ပေမယ့် သပိတ်မှောက်ခြင်းကိုတော့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သပိတ်မှောက် အလုပ်သမားခေါင်းဆောင် မစုပုံချစ်ကပြောပါတယ်။

ကန်ကြီးထောင့်မြို့၊ ဟွာမူန်အထည်ချူပ်စက်ရုံက အလုပ်သမား၅၀၀ခန့်ဟာ တိုင်းခုံသမာဓိအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် သပိတ်မှောက်နေကြတာဖြစ်ပြီး အဲ့ဒီသပိတ်ဟာ (၂၈) ရက်ကြာမြင့်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ကန်ကြီးထောင့် #အထည်ချုပ်စက်ရုံ #သပိတ် #တိုင်းအစိုးးရ

Zawgyi

ဟြာမူန္အလုပ္သမားသပိတ္ အလုပ္ရွင္နဲ႕ေတြ႕ဆံုညွိနိူင္းေပးမယ္လို႔ တိုင္းအစိုးရ ကတိေပး

ဧရာဝတီ၊ ဇန္နဝါရီ ၆-၂၀၂၀
ကိုေအာင္ (VOM)

ဧရာဝတီတိုင္း၊ ကန္ႀကီးေထာင့္ရိွ ဟြာမွုန္အထည္ခ်ဳပ္စက္႐ုံက သပိတ္ေမွာက္အလုပ္သမားေတြဟာ ဇန္နဝါရီလ ၅ ရက္ေန႔ ေန႔လည္ပိုင္းက တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕ဆုံခြင့္ရရွိဖို႔အတြက္ တိုင္းအစိုးရ႐ုံးေရွ႕မွာ လာေရာက္စုေဝးေနခဲ့ၾကၿပီးတဲ့ ညေနပိုင္းမွာေတာ့ အစိုးရအဖြဲ႕ကဝန္ႀကီး(၃)ဦးနဲ႔ ေတြ႔ဆံုခြင့္ရခဲ့ပါတယ္။

အစိုးရအဖြဲ႔အေနနဲ႔ သပိတ္ေမွာက္သူေတြေတာင္းဆိုခ်က္ဟာ အလုပ္ရွင္နဲ႔ တိုက္ရုိက္ေခၚယူ ညွိနိူင္းရမွာျဖစ္တဲ့အတြက္ လာ့မယ့္ ဇန္နဝါရီ၈ရက္ေန႔မွာ ရွန္ဟိုင္းျမိဳ႕မွာေနထိုင္တဲံ အထည္ခ်ဳပ္စက္ရံု ပိုင္ရွင္နဲဲ႕ေခၚယူေတြ႕ဆံုသြားမယ္လို႔ ကတိေပးခဲ့တယ္လို႔သိရပါတယ္။

” အလုပ္ရွင္ဆိုတာ နိင္ငံျခားကပိုင္ရွင္အစစ္ကို ေခၚယူၿပီး သံုးပြင့္ဆိုင္ေျဖရွင္းေပးသြားပါ့မယ္လို႔ ေျပာလိုက္ပါတယ္။ ကြ်န္ေတာ္တို႕အစိုးရအဖြဲ႕က ပိုင္ရွင္နဲ႔ေတြ႕ဆံုညွိနိူင္းၿပိီးရင္ အေျဖထြက္လာမွာပါ ” လို႔ ဧရာဝတီတိုင္းအစိုးရအဖြဲဲ႕ လူဝင္မူႀကီးႀကပ္ေရးနွင့္လူ႕စြမ္းအားအရင္းျမစ္ဝန္ႀကီး ေဒါက္တာစိုးဝင္းကေျပာပါတယ္။

သပိတ္ေမွာက္အလုပ္သမားေတြက တိုင္းအစိုးရရဲဲ႕ကတိကိုယံုၾကည္တဲ့အတြက္ သပိတ္စခန္းကို ျပန္ပီး ရလဒ္တစ္ခုကို ေစာင့္ဆိုင္းသြားမွာျဖစ္ေပမယ့္ သပိတ္ေမွာက္ျခင္းကိုေတာ့ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ သပိတ္ေမွာက္ အလုပ္သမားေခါင္းေဆာင္ မစုပံုခ်စ္ကေျပာပါတယ္။

ကန္ႀကီးေထာင့္ျမိဳ႕၊ ဟြာမူန္အထည္ခ်ဴပ္စက္ရုံက အလုပ္သမား၅၀၀ခန္႔ဟာ တိုင္းခုံသမာဓိအဖြဲ႕ရဲ့ဆုံးျဖတ္ခ်က္ကို မေက်နပ္တဲ့အတြက္ သပိတ္ေမွာက္ေနၾကတာျဖစ္ၿပီး အဲ့ဒီသပိတ္ဟာ (၂၈) ရက္ၾကာျမင့္ေနၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ကန္ႀကီးေထာင့္ #အထည္ခ်ဳပ္စက္ရံု #သပိတ္ #တိုင္းအစိုးးရ

Related posts

Leave a Comment

VOM News

FREE
VIEW