ပညာသင်ကာလသတ်မှတ်တာကို ပြင်ဆင်မူမရှိရင် ဆရာ၊ဆရာမတွေက မူလတာဝန်နဲ့ လုံးဝမသက်ဆိုင်တာတွေကို ဥပဒေနဲ့အညီ ငြင်းပယ်သွားမယ်

ရန်ကုန်၊ ဇန်နဝါရီ ၆-၂၀၂၀
စွဲ့ဝတီ(VOM)

အခြေခံပညာကျောင်းတွေရဲ့ ပညာသင်ကာလကို မတ်လကုန်ထိ သတ်မှတ်တဲ့အပေါ် ပြင်ဆင်တာမလုပ်ရင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲရုံတာဝန်များကဲ့သို့ မိမိတို့ရဲ့ မူလတာဝန်များနဲ့ လုံးဝမသက်ဆိုင်တာတွေကို ဥပဒေနဲ့အညီ ငြင်းပယ်ပြီး ပညာရေးဝန်ကြီးဌာနကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်ကနေ သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၂၂ရက် မှာကြေညာချက်အမှတ် ၆/၂၀၁၉ ကိုထုတ်ပြန်ခဲ့ပြီးတော့ မြေပြင်အခြေအနေ (၇)ချက်ကို ထောက်ပြကာ မတ်လကုန်အထိ ပညာသင်ကာလသတ်မှတ်တာကို ပြင်းထန်စွာကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

“ဆရာတို့က အချက်အလက်တွေနဲ့ ထောက်ပြတယ်။ ပညာရေးဝန်ကြီးဌာနကလည်း သူတို့လုပ်စရာရှိတာ လုပ်မယ်လို့ပြောထားတယ်။ ပထမတုန်းက ခုနှစ်ချက်ထောက်ပြထားတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာရေးဆိုင်ရာ သဘောတရားတွေ၊ မူဝါဒဆိုင်ရာတွေကို ထောက်ပြတာမဟုတ်ဘဲနဲ့ မိဘတွေရဲ့ စီးပွားရေးကို အာရုစူးစိုက်ပြီး အောင်မြင်အောင်လုပ်နိုင်စေရန်ဆိုပြီးတော့ပြောတော့ လက်ရှိသင်ရိုးရေးဆွဲထားတာလည်း ၃၆ပတ်စာ ဖေဖော်ဝါရီလကုန်အထိ ရေးဆွဲထားတယ်။ လေးတန်း၊ ရှစ်တန်းစာမေးပွဲတွေ၊ တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါမှာ တစ်ကယ်တမ်း စာသင်ရက်က ၅ရက်ပဲ တိုးလာတယ်။ အဲဒါကြောင့် စာမေးပွဲရွေ့ဆိုင်းတဲ့သဘောသာ သက်ရောက်နေတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ သဘောထားက အောက်ခြေကဆရာ၊ဆရာမတွေရဲ့ သဘောထားဆန္ဒမပါဘဲနဲ့ အောက်ခြေက ဆရာ၊ဆရာမတွေရဲ့ အခက်အခဲကို မသုံးသပ်ဘဲနဲ့ ဆက်ပြီးလုပ်နေတယ်”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်က အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

၂၀၂၀ ၊ ဇန်နဝါရီလ ၂ရက်နေ့က ၊အထက ၂ ပျဉ်းမနားမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန၊ ကြီးကြပ်ရေးမှူးများ၊ တွဲဖက် /လက်ထောက်ကြီးကြပ်ရေးမှူးများနဲ့ စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ/ သင်တန်းအပြီး သတင်း၊ မီဒီယာတွေက ပညာရေးဝန်ကြီးရဲ့ သဘောထားကို မေးမြန်းရာမှာ မည်သည့်အတွက်ကြောင့် ပညာသင်ကာလတိုးမြှင့်ကြောင်းနဲ့သက်ဆိုင်တဲ့ တိကျခိုင်မာသော ပညာရေးသဘောတရား/ မူဝါဒဆိုင်ရာ အဖြေတွေကို ဖြေကြားတာမပြုဘဲ “မိဘများအနေနဲ့ စီးပွားရေးကိုအာရုံစူးစိုက်ပြီး အောင်မြင်အောင်လုပ်နိုင်စေဖို့ကျောင်းများကို မတ်လထိ ဆက်ဖွင့်ထားရတယ်”လို့ အဓိပ္ပါယ်ရတဲ့ အဖြေတွေသာ ဖြေကြားသွားတာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ကနေ သိရပါတယ်။

“ဆရာတို့က အဲဒီ့အလုပ်တွေကို တမင်ငြင်းပယ်တာ မဟုတ်ဘူး ။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြန်လည် သုံးသပ်စေချင်တဲ့ရည်ရွယ်ချက်ပါ။ ဆွေးနွေး အဖြေရှာစေချင်တာပါ။ ဆရာတို့က တိုင်းပြည်အတွက်ဆိုပြီးတော့ စကားလုံးလေးနဲ့ မိမိနဲ့မသက်ဆိုင်တဲ့ အပိုတာဝန်တွေကို လုပ်နေရတာ။ မူလတာဝန်မဟုတ်ရင် လုပ်စရာမလိုဘူး။ စနေ၊ တနင်္ဂနွေခိုင်းတယ်။ ဥပဒေနဲ့အညီမလာဘဲ နေပိုင်ခွင့်ရှိတယ်။ အဲဒါမျိုးပေါ့။ မူလတာဝန်မဟုတ်ဘဲနဲ့ တိုင်းပြည်အကျိုးကို ရှေးရှုပြီးတော့ အလုပ်လုပ်ကြရတာ”လို့ ဒေါက်တာဇော်မျိုးလှိုင်က ဆက်ပြီးတော့ပြောပါတယ်။

လက်ရှိမှာရေးဆွဲထားတဲ့ သင်ရိုးသစ်၊ သင်ခန်းစားတွေဟာ သီတင်းပတ် (၃၆)ပတ်စာ ဖေဖော်ဝါရီလကုန်အထိသာ ရေးဆွဲထားတာဖြစ်ပြီး မတ်လကုန်ထိ စာသင်ကာလတိုးမြှင့်တာဟာ ကျောင်းသားကျောင်းသူတွေရဲ့ ပညာရည်ကို ထူးခြားစွာ တိုးတက်မြင့်မားစေမှာမဟုတ်ဘဲ အမှန်တကယ် မတ်လအတွင်းမှာ စာသင်ရက်က ငါးရက်သာရှိပြီးတော့ စာသင်ချိန် တိုးမြှင့်တယ်ဆိုတာထက် စာမေးပွဲ ရက်ရွေ့ဆိုင်းတဲ့သဘောသာ သက်ရောက်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်ရဲ့ အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနဟာ ဆရာ၊ဆရာမ ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူတွေရဲ့အခက်အခဲတွေကို လျစ်လျုရှုပြီး အောက်ခြေရဲ့သဘောထားဆန္ဒတွေမပါဝင်ဘဲနဲ့ အတင်းအဓမ္မပြု စာသင်ကာလတိုးမြှင့်မူပြုလုပ်တာဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ရာ ရောက်ပြီးတော့ ရွေးကောက်ခံ အစိုးရရဲ့ ပုံရိပ်ကိုလည်း ကျဆင်းစေတဲ့အတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ အောက်ခြေရဲ့ဆန္ဒကို အလေးထားကာ ပညာသင်ကာလကို ပြင်ဆင်သတ်မှတ်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်အနေနဲ့ အလေးအနက် တောင်းဆိုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ပညာရေးကာလ #ပြင်ဆင်သက်မှတ်

Zawgyi

ပညာသင္ကာလသတ္မွတ္တာကို ျပင္ဆင္မူမရွိရင္ ဆရာ၊ဆရာမေတြက မူလတာဝန္နဲ႔ လုံး၀မသက္ဆိုင္တာေတြကို ဥပေဒနဲ႔အညီ ျငင္းပယ္သြားမယ္

ရန္ကုန္္၊ ဇန္နဝါရီ ၆-၂၀၂၀
စြဲ႔ဝတီ(VOM)

အေျခခံပညာေက်ာင္းေတြရဲ႕ ပညာသင္ကာလကုိ မတ္လကုန္ထိ သတ္မွတ္တဲ့အေပၚ ျပင္ဆင္တာမလုပ္ရင္ ၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲ မဲ႐ုံတာဝန္မ်ားကဲ့သို႔ မိမိတို႔ရဲ႕ မူလတာဝန္မ်ားနဲ႔ လုံး၀မသက္ဆိုင္တာေတြကို ဥပေဒနဲ႔အညီ ျငင္းပယ္ၿပီး ပညာေရးဝန္ႀကီးဌာနကို ျပင္းျပင္းထန္ထန္ တုံ႔ျပန္သြားမယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ဆရာမ်ားအဖြဲ႕ခ်ဳပ္ကေန သိရပါတယ္။

ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ဆရာမမ်ားအဖြဲ႕ခ်ဳပ္ဟာ ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလ ၂၂ရက္ မွာေၾကညာခ်က္အမွတ္ ၆/၂၀၁၉ ကိုထုတ္ျပန္ခဲ့ၿပီးေတာ့ ေျမျပင္အေျခအေန (၇)ခ်က္ကို ေထာက္ျပကာ မတ္လကုန္အထိ ပညာသင္ကာလသတ္မွတ္တာကို ျပင္းထန္စြာကန႔္ကြက္ခဲ့တာျဖစ္ပါတယ္။

“ဆရာတို႔က အခ်က္အလက္ေတြနဲ႔ ေထာက္ျပတယ္။ ပညာေရးဝန္ႀကီးဌာနကလည္း သူတို႔လုပ္စရာရွိတာ လုပ္မယ္လို႔ေျပာထားတယ္။ ပထမတုန္းက ခုႏွစ္ခ်က္ေထာက္ျပထားတယ္။ ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ပညာေရးဆိုင္ရာ သေဘာတရားေတြ၊ မူဝါဒဆိုင္ရာေတြကို ေထာက္ျပတာမဟုတ္ဘဲနဲ႔ မိဘေတြရဲ႕ စီးပြားေရးကို အာ႐ုစူးစိုက္ၿပီး ေအာင္ျမင္ေအာင္လုပ္ႏိုင္ေစရန္ဆိုၿပီးေတာ့ေျပာေတာ့ လက္ရွိသင္႐ိုးေရးဆြဲထားတာလည္း ၃၆ပတ္စာ ေဖေဖာ္ဝါရီလကုန္အထိ ေရးဆြဲထားတယ္။ ေလးတန္း၊ ရွစ္တန္းစာေမးပြဲေတြ၊ တကၠသိုလ္ဝင္စာေမးပြဲ အခ်ိန္စာရင္းေတြနဲ႔ ႏႈိင္းယွဥ္ၾကည့္လိုက္တဲ့အခါမွာ တစ္ကယ္တမ္း စာသင္ရက္က ၅ရက္ပဲ တိုးလာတယ္။ အဲဒါေၾကာင့္ စာေမးပြဲေ႐ြ႕ဆိုင္းတဲ့သေဘာသာ သက္ေရာက္ေနတယ္။ ပညာေရးဝန္ႀကီးဌာနရဲ႕ သေဘာထားက ေအာက္ေျခကဆရာ၊ဆရာမေတြရဲ႕ သေဘာထားဆႏၵမပါဘဲနဲ႔ ေအာက္ေျခက ဆရာ၊ဆရာမေတြရဲ႕ အခက္အခဲကို မသုံးသပ္ဘဲနဲ႔ ဆက္ၿပီးလုပ္ေနတယ္”လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ဆရာမ်ားအဖြဲ႕ခ်ဳပ္က အတြင္းေရးမႉး ေဒါက္တာေဇာ္မ်ိဳးလႈိင္က ေျပာပါတယ္။

၂၀၂၀ ၊ ဇန္နဝါရီလ ၂ရက္ေန႔က ၊အထက ၂ ပ်ဥ္းမနားမွာ က်င္းပခဲ့တဲ့ တကၠသိုလ္ဝင္စာေမးပြဲ စာစစ္ဌာန၊ ႀကီးၾကပ္ေရးမႉးမ်ား၊ တြဲဖက္ /လက္ေထာက္ႀကီးၾကပ္ေရးမႉးမ်ားနဲ႔ စာေျဖသူမ်ားလိုက္နာရန္ စည္းကမ္းခ်က္မ်ားဆိုင္ရာ ေဆြးေႏြးပြဲ/ သင္တန္းအၿပီး သတင္း၊ မီဒီယာေတြက ပညာေရးဝန္ႀကီးရဲ႕ သေဘာထားကို ေမးျမန္းရာမွာ မည္သည့္အတြက္ေၾကာင့္ ပညာသင္ကာလတိုးျမႇင့္ေၾကာင္းနဲ႔သက္ဆိုင္တဲ့ တိက်ခိုင္မာေသာ ပညာေရးသေဘာတရား/ မူဝါဒဆိုင္ရာ အေျဖေတြကို ေျဖၾကားတာမျပဳဘဲ “မိဘမ်ားအေနနဲ႔ စီးပြားေရးကိုအာ႐ုံစူးစိုက္ၿပီး ေအာင္ျမင္ေအာင္လုပ္ႏိုင္ေစဖို႔ေက်ာင္းမ်ားကို မတ္လထိ ဆက္ဖြင့္ထားရတယ္”လို႔ အဓိပၸါယ္ရတဲ့ အေျဖေတြသာ ေျဖၾကားသြားတာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ဆရာမမ်ားအဖြဲ႕ခ်ဳပ္ကေန သိရပါတယ္။

“ဆရာတို႔က အဲဒီ့အလုပ္ေတြကို တမင္ျငင္းပယ္တာ မဟုတ္ဘူး ။ ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ျပန္လည္ သုံးသပ္ေစခ်င္တဲ့ရည္႐ြယ္ခ်က္ပါ။ ေဆြးေႏြး အေျဖရွာေစခ်င္တာပါ။ ဆရာတို႔က တိုင္းျပည္အတြက္ဆိုၿပီးေတာ့ စကားလုံးေလးနဲ႔ မိမိနဲ႔မသက္ဆိုင္တဲ့ အပိုတာဝန္ေတြကို လုပ္ေနရတာ။ မူလတာဝန္မဟုတ္ရင္ လုပ္စရာမလိုဘူး။ စေန၊ တနဂၤေႏြခိုင္းတယ္။ ဥပေဒနဲ႔အညီမလာဘဲ ေနပိုင္ခြင့္ရွိတယ္။ အဲဒါမ်ိဳးေပါ့။ မူလတာဝန္မဟုတ္ဘဲနဲ႔ တိုင္းျပည္အက်ိဳးကို ေရွးရႈၿပီးေတာ့ အလုပ္လုပ္ၾကရတာ”လို႔ ေဒါက္တာေဇာ္မ်ိဳးလႈိင္က ဆက္ၿပီးေတာ့ေျပာပါတယ္။

လက္ရွိမွာေရးဆြဲထားတဲ့ သင္႐ိုးသစ္၊ သင္ခန္းစားေတြဟာ သီတင္းပတ္ (၃၆)ပတ္စာ ေဖေဖာ္ဝါရီလကုန္အထိသာ ေရးဆြဲထားတာျဖစ္ၿပီး မတ္လကုန္ထိ စာသင္ကာလတိုးျမႇင့္တာဟာ ေက်ာင္းသားေက်ာင္းသူေတြရဲ႕ ပညာရည္ကို ထူးျခားစြာ တိုးတက္ျမင့္မားေစမွာမဟုတ္ဘဲ အမွန္တကယ္ မတ္လအတြင္းမွာ စာသင္ရက္က ငါးရက္သာရွိၿပီးေတာ့ စာသင္ခ်ိန္ တိုးျမႇင့္တယ္ဆိုတာထက္ စာေမးပြဲ ရက္ေ႐ြ႕ဆိုင္းတဲ့သေဘာသာ သက္ေရာက္ေနတယ္လို႔ ျမန္မာနိိုင္ငံလံုးဆိုင္ရာ ဆရာ၊ဆရာမမ်ား အဖြဲ႔ခ်ဳပ္ရဲ႕ အဲ့ဒီကိစၥနဲ႔ပက္သက္ၿပီး ထုတ္ျပန္ထားတဲ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

ပညာေရးဝန္ႀကီးဌာနဟာ ဆရာ၊ဆရာမ ၊ မိဘ၊ ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕အခက္အခဲေတြကို လ်စ္လ်ဳရႈၿပီး ေအာက္ေျခရဲ႕သေဘာထားဆႏၵေတြမပါဝင္ဘဲနဲ႔ အတင္းအဓမၼျပဳ စာသင္ကာလတိုးျမႇင့္မူျပဳလုပ္တာဟာ ဒီမိုကေရစီစနစ္ကို ဆန႔္က်င္ရာ ေရာက္ၿပီးေတာ့ ေ႐ြးေကာက္ခံ အစိုးရရဲ႕ ပုံရိပ္ကိုလည္း က်ဆင္းေစတဲ့အတြက္ ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ေအာက္ေျခရဲ႕ဆႏၵကို အေလးထားကာ ပညာသင္ကာလကို ျပင္ဆင္သတ္မွတ္ေပးဖို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ဆရာမမ်ား အဖြဲ႕ခ်ဳပ္အေနနဲ႔ အေလးအနက္ ေတာင္းဆိုလိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ပညာေရးကာလ #ျပင္ဆင္သက္မွတ္

Related posts

Leave a Comment

VOM News

FREE
VIEW