ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့အတွက် ရလဒ်ကောင်းရရှိအောင်ဆွေးနွေးဖို့ ဗိုလ်ချုပ်ကြီး ယွက်စစ် တိုက်တွန်း

နေပြည်တော်၊ ဇန်နဝါရီ ၇ -၂၀၂၀
အောင်ထူးနိုင်(VOM)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း (NCA-SEAO) ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၀၇/ ၂၀၂၀) ကို ဒီကနေ့မနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View Hotel မှာ ကျင်းပနေပါတယ်။

ဒီအစည်းအဝေးကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့အတွက် ရလဒ်ကောင်းရရှိအောင် ဆွေးနွေးကြဖို့ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

မနက်ဖြန်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ကို ပြုလုပ်ဖို့ ရှိနေတဲ့အတွက် မိမိတို့ဘက်က ထောင့်စေ့အောင် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။

လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး အခြေအနေအရ JICM အစည်းအဝေးရဲ့ရလဒ်ကို တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက စိတ်ဝင်တစား စောင့်မျှော်နားစွင့်နေပါတယ်။ ဒါကြောင့် ဒီနေ့အစည်းအဝေးကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် ကောင်းမွန်တဲ့ ရလဒ်ရရှိအောင် ကြိုးပမ်းဆွေးနွေးကြဖို့ တိုက်တွန်းလိုပါတယ်လို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။

“JICM အစည်းအဝေးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့် တရားဝင်ပြန်လည်စတင်နိုင်ဖို့ အရေးပါတဲ့ အစည်းအဝေးဖြစ်လို့ နှစ်ဖက်လက်ခံနိုင်တဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်အောင် မိမိတို့အားလုံးမှာ တာဝန်ရှိကြပါတယ်။ တာဝန်ရှိတဲ့အတိုင်း အောင်မြင်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။

ဒါ့အပြင် ရှေ့လုပ်ငန်းစဉ်တွေချမှတ်ရာမှာ လက်ရှိအခင်းအကျင်း၊ အခြေအနေအရပ်ရပ်နဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် လုပ်ငန်းစဉ်တွေဖြစ်ဖို့ လိုအပ်တယ်။ လက်တွေ့ကျတဲ့၊ ပကတိဖြစ်ရပ်တွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ရမယ်။ ဒါမှသာ အကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါ အောင်မြင်မှာ ဖြစ်တယ်လို့ သူက ဆက်လက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #ဗိုလ်ချုပ်ကြီးယွက်စစ် #PPST

Zawgyi

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေရွ႕ဆက္ႏိုင္ဖို႔အတြက္ ရလဒ္ေကာင္းရရွိေအာင္ေဆြးေႏြးဖို႔ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ တိုက္တြန္း

ေနျပည္ေတာ္၊ ဇန္နဝါရီ ၇ -၂၀၂၀
ေအာင္ထူးႏိုင္(VOM)

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕အစည္း (NCA-SEAO) ရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST) အစည္းအေဝး (၀၇/ ၂၀၂၀) ကို ဒီကေန႔မနက္ပိုင္းက ေနျပည္ေတာ္ရွိ Horizon Lake View Hotel မွာ က်င္းပေနပါတယ္။

ဒီအစည္းအေဝးကေန ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေရွ႕ဆက္ႏိုင္ဖို႔အတြက္ ရလဒ္ေကာင္းရရွိေအာင္ ေဆြးေႏြးၾကဖို႔ PPST ယာယီအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က တိုက္တြန္းေျပာဆိုလိုက္တာျဖစ္ပါတယ္။

မနက္ျဖန္မွာ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး(JICM) ကို ျပဳလုပ္ဖို႔ ရွိေနတဲ့အတြက္ မိမိတို႔ဘက္က ေထာင့္ေစ့ေအာင္ ျပင္ဆင္ထားဖို႔ လိုအပ္တယ္လို႔ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာပါတယ္။

လက္ရွိႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရး၊ စစ္ေရး အေျခအေနအရ JICM အစည္းအေဝးရဲ႕ရလဒ္ကို တိုင္းရင္းသား ျပည္သူလူထုတစ္ရပ္လုံးက စိတ္ဝင္တစား ေစာင့္ေမွ်ာ္နားစြင့္ေနပါတယ္။ ဒါေၾကာင့္ ဒီေန႔အစည္းအေဝးကေန ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေရွ႕ဆက္ႏိုင္ေရးအတြက္ ေကာင္းမြန္တဲ့ ရလဒ္ရရွိေအာင္ ႀကိဳးပမ္းေဆြးေႏြးၾကဖို႔ တိုက္တြန္းလိုပါတယ္လို႔ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာပါတယ္။

“JICM အစည္းအေဝးဟာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အဆင့္ဆင့္ တရားဝင္ျပန္လည္စတင္ႏိုင္ဖို႔ အေရးပါတဲ့ အစည္းအေဝးျဖစ္လို႔ ႏွစ္ဖက္လက္ခံႏိုင္တဲ့ ဆုံးျဖတ္ခ်က္ေတြ၊ လုပ္ငန္းစဥ္ေတြ ခ်မွတ္ႏိုင္ေအာင္ မိမိတို႔အားလုံးမွာ တာဝန္ရွိၾကပါတယ္။ တာဝန္ရွိတဲ့အတိုင္း ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္” လို႔ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာပါတယ္။

ဒါ့အျပင္ ေရွ႕လုပ္ငန္းစဥ္ေတြခ်မွတ္ရာမွာ လက္ရွိအခင္းအက်င္း၊ အေျခအေနအရပ္ရပ္နဲ႔ လိုက္ေလ်ာညီေထြ ျဖစ္ေစမယ့္ လုပ္ငန္းစဥ္ေတြျဖစ္ဖို႔ လိုအပ္တယ္။ လက္ေတြ႕က်တဲ့၊ ပကတိျဖစ္ရပ္ေတြနဲ႔ ကိုက္ညီတဲ့ လုပ္ငန္းစဥ္ေတြ ျဖစ္ရမယ္။ ဒါမွသာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္တဲ့အခါ ေအာင္ျမင္မွာ ျဖစ္တယ္လို႔ သူက ဆက္လက္ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ေနျပည္ေတာ္ #ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ #PPST

Related posts

Leave a Comment

VOM News

FREE
VIEW