စာသင်ကာလတိုးမြှင့်တာကို ကန့်ကွက်တဲ့အနေနဲ့ ကျောင်းသားကျောင်းသူတွေကို ဖဲကြိုးစိမ်း ၂၀၀၀ကျော် ဝေငှ

ရန်ကုန်၊ဇန်နဝါရီ ၈-၂၀၂၀
စွဲ့ဝတီ(VOM)

အခြေခံပညာရေး စာသင်ကာလကို အရင်က ဖေဖော်ဝါရီ လကုန်အထိသာ သတ်မှတ်ထားသော်လည်း ဒီပညာသင်နှစ်ကစပြီးတော့ မတ်လကုန်အထိ တိုးမြှင့်တာကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ဖဲကြိုးစိမ်းလှုပ်ရှားမူကို ဒီကနေ့မနက်ပိုင်းမှာပြုလုပ်ခဲ့တယ်လို့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။

ဒီလှုပ်ရှားမူကို ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားကျောင်းသူတွေ ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ကျောင်းသားကျောင်းသူ ၃၀၀၀အထက် ရှိတဲ့အထဲက ကျောင်းသားကျောင်းသူ ၂၀၀၀ကျော်ကို ဖဲကြိုးစိမ်း ဝေငှခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့လှုပ်ရှားမူအနေနဲ့ ဖဲကြိုးစိမ်း ၂၀၀၀ကျော် ဝေပြီးသွားပြီ။ အခု ၅၀၀ထပ်လုပ်တယ်ဆိုတော့ အားလုံးပေါင်း ၂၅၀၀လောက် ဝေထားပါတယ်။ ကျောင်းသားကျောင်းသူတွေရဲ့ ပါဝင်မူကတော့ ကျွန်တော်တို့ကလည်း ဒီလှုပ်ရှားမူနဲ့ပတ်သက်ပြီး ရှင်းပြပြောပြပါတယ်။ တကယ်လို့ လှုပ်ရှားမူကိုသဘောတူရင် ရင်ထိုးထိုး မဘောမတူရင် မထိုးနဲ့ဆိုပြီးတော့ ပြောပြီးတော့ဝေတာပါ။ သဘောတူလက်ခံတဲ့ ကျောင်းသားကျောင်းသူကပဲ အယောက် ၂၀၀၀ကျော်တာပေါ့။ မထိုးတဲ့ ကျောင်းသားကျောင်းသူလည်း အနည်းငယ်တော့ရှိတယ်။ ကျွန်တော်တို့အနေနဲ့လည်း စာသင်ကြားမူကိုထိခိုက်နိုင်အောင် ဆူပူလှုပ်ရှားမူမဟုတ်တဲ့အတွက် ကျောင်းဘက်ကလည်း ဘာမှမပြောပါဘူး။ နောက်ရက်တွေမှာလည်း ဒီလှုပ်ရှားမူကို ဆက်ပြီးတော့ ပြုလုပ်သွားမှာပါ ”လို့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုအောင်ပြည့်စုံဖြိုးက ပြောပါတယ်။

ကျောင်းသားကျောင်းသူတွေကို ဖဲကြိုးစိမ်းဝေတဲ့အခါမှာ ကျောင်းဝင်ပေါက်တွေနဲ့ ကျောင်းကန်တင်းစတဲ့ ကျောင်းသားကျောင်းသူတွေ အများစုရှိနိုင်တဲ့ နေရာမျိုးကနေစောင့်ပြီးတော့ ဝေတာဖြစ်တယ်လို့ သိရပါတယ်။

အခြေခံပညာရေး စာသင်ကာလတိုးမြှင့်တာကိုကန့်ကွက်တဲ့ စတစ်ကာကမ်ပိန်းလှုပ်ရှားမူကို ဇန်နဝါရီ ၇ရက်နေ့က မကွေးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂဦးဆောင်ပြီးတော့ မကွေးပညာရေးကောလိပ်မှာ စတင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွင်းစစ်စာမေးပွဲတွေကို တက္ကသိုလ်ဝင်စာမေးပွဲနဲ့ တိုင်းဒေသကြီးနှင့်ခရိုင်စစ်တွေဖြစ်တဲ့ စတုတ္ထတန်းနဲ့ အဋ္ဌမတန်းစာမေးပွဲပြီးမှသာ မတ် ၂၃ရက်ကနေ မတ်လ ၃၁ရက်အတွင်း ပြုလုပ်ဖို့အတွက် ပညာရေးဝန်ကြီးဌာနက ကြေညာထားတာဖြစ်ပါတယ်။

Photo – ရန်ကုန်ပညာရေးတက္ကသိုလ် ဗကသများအဖွဲ့ချုပ်
#VOM #voiceofmyanmar #ရန်ကုန် #ပညာရေးကောလိပ် #ဖဲကြိုးစိမ်း

Zawgyi

စာသင္ကာလတိုးျမႇင့္တာကို ကန႔္ကြက္တဲ့အေနနဲ႔ ေက်ာင္းသားေက်ာင္းသူေတြကို ဖဲႀကိဳးစိမ္း ၂၀၀၀ေက်ာ္ ေဝငွ

ရန္ကုန္၊ဇန္နဝါရီ ၈-၂၀၂၀
စြဲ႕ဝတီ(VOM)

အေျခခံပညာေရး စာသင္ကာလကို အရင္က ေဖေဖာ္ဝါရီ လကုန္အထိသာ သတ္မွတ္ထားေသာ္လည္း ဒီပညာသင္ႏွစ္ကစၿပီးေတာ့ မတ္လကုန္အထိ တိုးျမႇင့္တာကို ကန႔္ကြက္တဲ့အေနနဲ႔ ရန္ကုန္ပညာေရးတကၠသိုလ္မွာ ဖဲႀကိဳးစိမ္းလႈပ္ရွားမူကို ဒီကေန႔မနက္ပိုင္းမွာျပဳလုပ္ခဲ့တယ္လို႔ ရန္ကုန္ပညာေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢကေန သိရပါတယ္။

ဒီလႈပ္ရွားမူကို ရန္ကုန္ပညာေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက ေက်ာင္းသားေက်ာင္းသူေတြ ဦးေဆာင္ျပဳလုပ္ခဲ့တာျဖစ္ၿပီး ရန္ကုန္ပညာေရးတကၠသိုလ္မွာ ေက်ာင္းသားေက်ာင္းသူ ၃၀၀၀အထက္ ရွိတဲ့အထဲက ေက်ာင္းသားေက်ာင္းသူ ၂၀၀၀ေက်ာ္ကို ဖဲႀကိဳးစိမ္း ေဝငွခဲ့တယ္လို႔ သိရပါတယ္။

“ဒီေန႔လႈပ္ရွားမူအေနနဲ႔ ဖဲႀကိဳးစိမ္း ၂၀၀၀ေက်ာ္ ေဝၿပီးသြားၿပီ။ အခု ၅၀၀ထပ္လုပ္တယ္ဆိုေတာ့ အားလုံးေပါင္း ၂၅၀၀ေလာက္ ေဝထားပါတယ္။ ေက်ာင္းသားေက်ာင္းသူေတြရဲ႕ ပါဝင္မူကေတာ့ ကြၽန္ေတာ္တို႔ကလည္း ဒီလႈပ္ရွားမူနဲ႔ပတ္သက္ၿပီး ရွင္းျပေျပာျပပါတယ္။ တကယ္လို႔ လႈပ္ရွားမူကိုသေဘာတူရင္ ရင္ထိုးထိုး မေဘာမတူရင္ မထိုးနဲ႔ဆိုၿပီးေတာ့ ေျပာၿပီးေတာ့ေဝတာပါ။ သေဘာတူလက္ခံတဲ့ ေက်ာင္းသားေက်ာင္းသူကပဲ အေယာက္ ၂၀၀၀ေက်ာ္တာေပါ့။ မထိုးတဲ့ ေက်ာင္းသားေက်ာင္းသူလည္း အနည္းငယ္ေတာ့ရွိတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔လည္း စာသင္ၾကားမူကိုထိခိုက္ႏိုင္ေအာင္ ဆူပူလႈပ္ရွားမူမဟုတ္တဲ့အတြက္ ေက်ာင္းဘက္ကလည္း ဘာမွမေျပာပါဘူး။ ေနာက္ရက္ေတြမွာလည္း ဒီလႈပ္ရွားမူကို ဆက္ၿပီးေတာ့ ျပဳလုပ္သြားမွာပါ ”လို႔ ရန္ကုန္ပညာေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ အတြင္းေရးမႉး ကိုေအာင္ျပည့္စုံၿဖိဳးက ေျပာပါတယ္။

ေက်ာင္းသားေက်ာင္းသူေတြကို ဖဲႀကိဳးစိမ္းေဝတဲ့အခါမွာ ေက်ာင္းဝင္ေပါက္ေတြနဲ႔ ေက်ာင္းကန္တင္းစတဲ့ ေက်ာင္းသားေက်ာင္းသူေတြ အမ်ားစုရွိႏိုင္တဲ့ ေနရာမ်ိဳးကေနေစာင့္ၿပီးေတာ့ ေဝတာျဖစ္တယ္လို႔ သိရပါတယ္။

အေျခခံပညာေရး စာသင္ကာလတိုးျမႇင့္တာကိုကန႔္ကြက္တဲ့ စတစ္ကာကမ္ပိန္းလႈပ္ရွားမူကို ဇန္နဝါရီ ၇ရက္ေန႔က မေကြးပညာေရးေကာလိပ္ ေက်ာင္းသားမ်ားသမဂၢဦးေဆာင္ၿပီးေတာ့ မေကြးပညာေရးေကာလိပ္မွာ စတင္ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္အတြက္ အေျခခံပညာေက်ာင္းတြင္းစစ္စာေမးပြဲေတြကို တကၠသိုလ္ဝင္စာေမးပြဲနဲ႔ တိုင္းေဒသႀကီးႏွင့္ခ႐ိုင္စစ္ေတြျဖစ္တဲ့ စတုတၳတန္းနဲ႔ အ႒မတန္းစာေမးပြဲၿပီးမွသာ မတ္ ၂၃ရက္ကေန မတ္လ ၃၁ရက္အတြင္း ျပဳလုပ္ဖို႔အတြက္ ပညာေရးဝန္ႀကီးဌာနက ေၾကညာထားတာျဖစ္ပါတယ္။

Photo – ရန္ကုန္ပညာေရးတကၠသိုလ္ ဗကသမ်ားအဖြဲ႕ခ်ဳပ္
#VOM #voiceofmyanmar #ရန္ကုန္ #ပညာေရးေကာလိပ္ #ဖဲႀကိဳးစိမ္း

Related posts

Leave a Comment

VOM News

FREE
VIEW