အမေရိကန်စစ်အခြေစိုက်စခန်းနှစ်ခုကို အီရန်က ပဲ့ထိန်းဒုံးပျံတွေနဲ့တိုက်ခိုက်

ဝါရှင်တန်၊ ဇန်နဝါရီ-၈-၂၀၂၀
မျိုးဆက် (VOM)

အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေတပ်စွဲထားရာ စစ်အခြေစိုက်စခန်းနှစ်ခုကို အီရန်က ပဲ့ထိန်းဒုံးပျံတစ်ဒါဇင်ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီလိုတိုက်ခိုက်မှုဟာ အမေရိကန် သမ္မတဒေါ်နယ်ထရန့်ရဲ့အမိန့်နဲ့ ဘဂ္ဂဒက်လေကြောင်းတိုက်ခိုက်မှုမှာ အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလိုင်မာနီသေဆုံးမှုအတွက် လက်တုံ့ပြန်တိုက်ခိုက်တာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ဆိုပါတယ်။

အီရတ်နိုင်ငံ အိုင်ဘီနဲ့ အယ်လ်အဆတ်ရှိ စစ်အခြေစိုက်စခန်းနှစ်ခုထက်မနည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ထားပြီး ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဒီလိုတိုက်ခိုက်မှုရတာနဲ့ပတ်သက်ပြီး သိရှိထားကြောင်း၊ သမ္မတဒေါ်နယ်ထရန့်ကိုလည်း တင်ပြထားပြီးဖြစ်ကာ သမ္မတအနေဖြင့်လည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒါ့အပြင် သမ္မတထရန့်အနေနဲ့ သူရဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားလုံခြုံရေးအဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ စတီဖန်နီဂရစ်ရှန်းက ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

တိုက်ခိုက်မှုဟာ ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားရတဲ့ ဗိုလ်ချုပ်ကြီး ဆိုလိုင်မာနီအတွက် လက်စားချေခြင်းဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က အခိုင်အမာပြောဆိုပါတယ်။

Ref : BBC Photo:AP
#VOM #voiceofmyanmar #အမေရိကန် #စစ်အခြေစိုက်စခန်း #အီရန်တိုက်ခိုက်

Zawgyi

အေမရိကန္စစ္အေျခစိုက္စခန္းနွစ္ခုကို အီရန္က ပဲ႔ထိန္းဒံုးပ်ံေတြနဲ႔တိုက္ခိုက္

၀ါရွင္တန္၊ ဇန္န၀ါရီ-၈-၂၀၂၀
မ်ိဳးဆက္ (VOM)

အီရတ္နိုင္ငံအတြင္းရိွ အေမရိကန္တပ္ဖြဲ႔၀င္ေတြတပ္စြဲထားရာ စစ္အေျခစိုက္စခန္းနွစ္ခုကို အီရန္က ပဲ့ထိန္းဒံုးပ်ံတစ္ဒါဇင္ေက်ာ္နဲ႔ တိုက္ခိုက္ခဲ႔တယ္လို႔ အေမရိကန္ကာကြယ္ေရး၀န္ၾကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

အဲ့ဒီလိုတိုက္ခို္က္မႈဟာ အေမရိကန္ သမၼတေဒၚနယ္ထရန္႔ရဲ႕အမိန္႔နဲ႔ ဘဂၢဒက္ေလေၾကာင္းတိုက္ခိုက္မႈမွာ အီရန္ထိပ္တန္းဗိုလ္ခ်ဳပ္ၾကီး ကာဆမ္ဆိုလိုင္မာနီေသဆံုးမႈအတြက္ လက္တံု႕ျပန္တုိက္ခိုက္တာျဖစ္တယ္လို႔ အီရန္နိုင္ငံပိုင္ ရုပ္ျမင္သံၾကားဌာနက ဆိုပါတယ္။

အိီရတ္နိုင္ငံ အိုင္ဘီနဲ႔ အယ္လ္အဆတ္ရိွ စစ္အေျခစိုက္စခန္းနွစ္ခုထက္မနည္း တိုက္ခိုက္ခံခဲ႔ရတယ္လို႔ အေမရိကန္ပင္တဂြန္စစ္ဌာနခ်ဳပ္က ထုတ္ျပန္ထားျပီး ထိခိုက္ေသဆံုးမႈေတြနဲ႔ ပတ္သက္ျပီး ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။

ဒီလိုတိုက္ခိုက္မႈရတာနဲ႔ပတ္သက္ျပီး သိရိွထားေၾကာင္း၊ သမၼတေဒၚနယ္ထရန္႔ကုိလည္း တင္ျပထားျပီးျဖစ္ကာ သမၼတအေနျဖင္႔လည္း အေျခအေနကို အနီးကပ္ေစာင္႔ၾကည္႔ေနတယ္လို႔ အိမ္ျဖဴေတာ္ေျပာေရးဆိုခြင္႔ရိွသူက ေျပာပါတယ္။

ဒါ႔အျပင္ သမၼတထရန္႔အေနနဲ႔ သူရဲ႕ ဒီကိစၥန႔ဲပတ္သက္ျပီး အမ်ိဳးသားလံုျခံဳေရးအဖြဲ႔နဲ႔ တိုင္ပင္ေဆြးေႏြးေနတယ္လို႔ အိမ္ျဖဴေတာ္ေျပာေရးဆိုခြင္႔ရိွသူ စတိီဖန္နီဂရစ္ရွန္းက ထုတ္ျပန္ခ်က္မွာ ေျပာဆိုထားပါတယ္။

တိုက္ခိုက္မႈဟာ ဇန္န၀ါရီ ၃ ရက္တြင္ အေမရိကန္ရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေၾကာင္႔ ေသဆံုးသြားရတဲ႔ ဗိုလ္ခ်ဳပ္ၾကီး ဆိုလို္င္မာနီအတြက္ လက္စားေခ်ျခင္းျဖစ္ေၾကာင္း အီရန္ေတာ္လွန္ေရးအေစာင္႔တပ္က အခိုင္အမာေျပာဆိုပါတယ္။

Ref : BBC Photo:AP
#VOM #voiceofmyanmar #အေမရိကန္ #စစ္အေျခစိုက္စခန္း #အီရန္တိုက္ခိုက္

Related posts

Leave a Comment

VOM News

FREE
VIEW