အိန္ဒိယနိုင်ငံအစိုးရက အခွန်နှုန်းထားတွေတိုးမြှင့်လိုက်တဲ့ကအပြင် တင်းကြပ်မှုတွေများတဲ့အတွက် တမူးနယ်စပ်ကုန်သွယ်ရေးကျဆင်း

တမူး၊ ဇန်နဝါရီ ၈-၂၀၂၀
ဂေါင်ဂေါင်(VOM)

တမူးမြို့ အိန္ဒိယနယ်စပ်မှာ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို တင်သွင်းတဲ့ပို့ကုန်တွေအပေါ် အခွန်တိုးမြင့်ထားတဲ့အတွက် အိန္ဒိယကုန်သည်တွေက မြန်မာကုန်ပစ္စည်းတွေကို မှောင်ခိုပစ္စည်းအနေနဲ့သာ ဝယ်ယူနေရတယ်လို့ တမူးမြို့ကုန်သည်ကြီးများအသင်းကနေ သိရပါတယ်။

အိန္ဒိယအစိုးရဘက်ကလဲ အခွန်ပေးဆောင်တာမရှိတဲ့ ပစ္စည်းတွေကို တားမြစ်ဖမ်းဆီးမှုတွေပြုလုပ်နေတဲ့အတွက် တမူးနယ်စပ်က ပစ္စည်းတွေတစ်ဖက်နိုင်ငံကို အရောင်းအဝယ်မရှိ ဖြစ်နေတာဟာ၂၀၁၉ ဧပြီလကနေ ယခု၂၀၂၀ဇန်နဝါရီလအထိရှိပြီလို့လည်း သိရပါတယ်။

“ မြန်မာနိုင်ငံပို့ကုန်တိုင်း အခွန်ဆောင်းပြီး တစ်ဖက်နိုင်ငံကိုပို့ပြီး အိန္ဒိယနိုင်ငံမှကုန်သည်များမှာ သူတို့အစိုးရကို အခွန်မဆောင်နိုင်ဘူး။ ၎င်းအစိုးရဘက်မှ ပစ္စည်းတန်းဖိုးရဲ့ ၄၀% အထိအခွန်နှုန်းထားသက်မှတ်ထားတယ် ။၂၀%နှုမ်းအထိလျှော့ပေးလာမယ်ဆိုရင် နှစ်နိုင်ငံကုန်သွယ်မှုအကျိုးစီးပွားပိုမိုကောင်းမွန်လာမှာပါ”လို့ တမူးမြို့ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဦးလှမောင်ကပြောပါတယ်။

တဖက်နိုင်ငံက ကုန်သွယ်ခွန်တိုးမြင့်တာကြာပါနေပြီး ညှိနှိုင်းမှုတွေ အကြိမ်ကြိမ်ပြုလုပ်ပေမယ့် အိန္ဒိယအစိုးရအနေနဲ့ အခွန်လျှော့ချပေးမှုမရှိတဲ့အတွက် မြန်မာဘက်က တရားဝင်ကုန်ပစ္စည်းတွေ ကို တဖက်နိုင်ငံမှာ မှောင်ခိုပစ္စည်းဖြစ်နေတာလို့ သိရပါတယ်။

“ တမူးကနေအိန္ဒိယကို ကုန်သွယ်မှုတွေနားနေရတာ ၇ လ ၈ လ ရှိပြီ။ ကိုယ့်ဘက်က တရားဝင်ကုန်ဖြစ်ပေမဲ့ အိန္ဒိယဘက်ရောက်ရင် အိန္ဒိယအစိုးရကို အခွန်ပေးဆောင်ခြင်းမရှိလို့ ကုန်ပစ္စည်းတွေကိုဖမ်းဆီးတာတွေရှိ သဖြင့် တမူးနယ်စပ်ကုန်သွယ် အခက်အခဲတွေနဲ့ကြုံနေရတယ်”လို့ တမူးမြို့ကုန်သည်ကြီးများအသင်းရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးတင့်ကပြောပါတယ်။

အိန္ဒိယနိုင်ငံဘက်ကို မြန်မာနိုင်ငံဘက်က အများဆုံးတင်သွင်းတဲ့ပို့ကုန်တွေဟာ ကွမ်းသီး -အဆို/အခြောက်၊ လေးညှင်း၊ ဘီးလပ်မြေ၊ ပဲအမျိုးမျိုး ၊ အဝတ်အထည် ၊ စောင် ၊ တရုတ်ပစ္စည်းအမျိုးမျိုး၊ ထိုင်းပစ္စည်းအမျိုးမျိုး တို့အပါအဝင် တမူးမြို့ကထွက်တဲ့ မျောက်ငိုသီးတို့ဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #တမူး #အိန္ဒိယနယ်စပ် #ကုန်သွယ်ရေးကျဆင်း

Zawgyi

အိႏၵိယႏိုင္ငံအစိုးရက အခြန္ႏႈန္းထားေတြတိုးျမွင့္လိုက္တဲ့ကအျပင္ တင္းၾကပ္မႈေတြမ်ားတဲ့အတြက္ တမူးနယ္စပ္ကုန္သြယ္ေရးက်ဆင္း

တမူး၊ ဇန္နဝါရီ ၈-၂၀၂၀
ေဂါင္ေဂါင္(VOM)

တမူးၿမိဳ႕ အိႏၵိယနယ္စပ္မွာ အိႏၵိယႏိုင္ငံက ျမန္မာႏိုင္ငံကို တင္သြင္းတဲ့ပို႔ကုန္ေတြအေပၚ အခြန္တိုးျမင့္ထားတဲ့အတြက္ အိႏၵိယကုန္သည္ေတြက ျမန္မာကုန္ပစၥည္းေတြကို ေမွာင္ခိုပစၥည္းအေနနဲ႔သာ ဝယ္ယူေနရတယ္လို႔ တမူးၿမိဳ႕ကုန္သည္ႀကီးမ်ားအသင္းကေန သိရပါတယ္။

အိႏၵိယအစိုးရဘက္ကလဲ အခြန္ေပးေဆာင္တာမရွိတဲ့ ပစၥည္းေတြကို တားျမစ္ဖမ္းဆီးမႈေတြျပဳလုပ္ေနတဲ့အတြက္ တမူးနယ္စပ္က ပစၥည္းေတြတစ္ဖက္ႏိုင္ငံကို အေရာင္းအဝယ္မရွိ ျဖစ္ေနတာဟာ၂၀၁၉ ဧၿပီလကေန ယခု၂၀၂၀ဇန္နဝါရီလအထိရွိၿပီလို႔လည္း သိရပါတယ္။

“ ျမန္မာႏိုင္ငံပို႔ကုန္တိုင္း အခြန္ေဆာင္းၿပီး တစ္ဖက္ႏိုင္ငံကိုပို႔ၿပီး အိႏၵိယႏိုင္ငံမွကုန္သည္မ်ားမွာ သူတို႔အစိုးရကို အခြန္မေဆာင္ႏိုင္ဘူး။ ၎အစိုးရဘက္မွ ပစၥည္းတန္းဖိုးရဲ႕ ၄၀% အထိအခြန္ႏႈန္းထားသက္မွတ္ထားတယ္ ။၂၀%ႏႈမ္းအထိေလွ်ာ့ေပးလာမယ္ဆိုရင္ ႏွစ္ႏိုင္ငံကုန္သြယ္မႈအက်ိဳးစီးပြားပိုမိုေကာင္းမြန္လာမွာပါ”လို႔ တမူးၿမိဳ႕ကုန္သည္ႀကီးမ်ားအသင္း ဥကၠ႒ဦးလွေမာင္ကေျပာပါတယ္။

တဖက္ႏိုင္ငံက ကုန္သြယ္ခြန္တိုးျမင့္တာၾကာပါေနၿပီး ညႇိႏႈိင္းမႈေတြ အႀကိမ္ႀကိမ္ျပဳလုပ္ေပမယ့္ အိႏၵိယအစိုးရအေနနဲ႔ အခြန္ေလွ်ာ့ခ်ေပးမႈမရိွတဲ့အတြက္ ျမန္မာဘက္က တရားဝင္ကုန္ပစၥည္းေတြ ကုိ တဖက္ႏိုင္ငံမွာ ေမွာင္ခိုပစၥည္းျဖစ္ေနတာလုိ႔ သိရပါတယ္။

“ တမူးကေနအိႏၵိယကို ကုန္သြယ္မႈေတြနားေနရတာ ၇ လ ၈ လ ရွိၿပီ။ ကိုယ့္ဘက္က တရားဝင္ကုန္ျဖစ္ေပမဲ့ အိႏၵိယဘက္ေရာက္ရင္ အိႏၵိယအစိုးရကို အခြန္ေပးေဆာင္ျခင္းမရွိလို႔ ကုန္ပစၥည္းေတြကိုဖမ္းဆီးတာေတြရွိ သျဖင့္ တမူးနယ္စပ္ကုန္သြယ္ အခက္အခဲေတြနဲ႔ႀကဳံေနရတယ္”လို႔ တမူးၿမိဳ႕ကုန္သည္ႀကီးမ်ားအသင္းရဲ႕ အတြင္းေရးမႉးျဖစ္သူ ဦးတင့္ကေျပာပါတယ္။

အိႏၵိယႏိုင္ငံဘက္ကုိ ျမန္မာနိုင္ငံဘက္က အမ်ားဆုံးတင္သြင္းတဲ့ပို႔ကုန္ေတြဟာ ကြမ္းသီး -အဆို/အေျခာက္၊ ေလးညႇင္း၊ ဘီးလပ္ေျမ၊ ပဲအမ်ိဳးမိ်ဳး ၊ အဝတ္အထည္ ၊ ေစာင္ ၊ တ႐ုတ္ပစၥည္းအမ်ိဳးမ်ိဳး၊ ထိုင္းပစၥည္းအမ်ိဳးမ်ိဳး တို႔အပါအဝင္ တမူးၿမိဳ႕ကထြက္တဲ့ ေမ်ာက္ငိုသီးတို႔ျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #တမူး #အိႏၵိယနယ္စပ္ #ကုန္သြယ္ေရးက်ဆင္း

Related posts

Leave a Comment

VOM News

FREE
VIEW