အီရန်ဘက်က လျှော့သွားပုံရတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပြော

ဝါရှင်တန်၊ ဇန်န်ဝါရီ-၉-၂၀၁၉
မျိုးဆက် (VOM)

အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းတွေကို ဒုံးပျံတွေနဲ့ တိုက်ခိုက်ခံရပြီၤးနောက် အီရန်ဘက်က လျှော့သွားပုံရတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။

အမေရိကန် ဒါမှမဟုတ် အီရတ်တို့ရဲ့အသက်တွေဆုံးရှုံးမှုမရှိခဲ့ကြောင်းနဲ့ စစ်အခြေစိုက်စခန်းတွေမှာလည်း အနည်းအကျဉ်းသာ ထိခိုက်ပျက်စီးခဲ့တယ်လို့ အိမ်ဖြူတော်ကရုပ်မြင်သံကြားမိန့်ခွန်းကနေ သူကပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ စစ်အခြေစိုက်စခန်းတွေကို အီရန်ကပစ်မှတ်ထားတိုက်ခိုက်လာပါက စစ်ရေးအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဒေါ်နယ်ထရန့်က ယခင်ကပြောဆိုထားခဲ့ပေမယ့် ယမန်နေ့ကပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ အီရန်အပေါ် စစ်ရေးအရအရေးယူမယ်လို့ ကြေညာခဲ့တာမရှိပါဘူး။

အမေရိကန်မှာ စစ်ရေးနဲ့ စီးပွားရေးအင်အားနှစ်ရပ်စလုံး ခိုင်မာအားကောင်းပြီး ကြီးမားတဲ့စစ်အင်အားနဲ့ လက်နက်ကိရိယာတွေရှိနေပေမယ့်လည်း အဲဒါတွေကို အသုံးပြုဖို့ ရည်ရွယ်မထားဘူးလို့ ဒေါ်နယ်ထရန့်ကပြောပါတယ်။

အီရန်ရဲ့အပြုအမူတွေ ပြောင်းလဲသွားတဲ့အထိ နောက်ထပ်ဘဏ္ဍာရေးနဲ့ စီးပွားရေးအရေးယူပိတ်ဆို့မှုတွေကို အမေရိကန်က အလျှင်အမြန်ချမှတ်သွားမှာဖြစ်ပြီး အီရန်အနေနဲ့ နျူကလီးယားရည်မှန်းချက်တွေကို မဖြစ်မနေစွန့်လွှတ်ပြီး အကြမ်းဖက်ဝါဒ ထောက်ခံတာတွေကို အဆုံးသတ်ရမယ်လို့ ထရန့်ကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Ref : BBC Photo:AFP
#VOM #voiceofmyanmar #အမေရိကန် #ဒေါ်နယ်ထရန့် #အီရန်

Zawgyi

အီရန္ဘက္က ေလွ်ာ႔သြားပံုရတယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရန္႔ေျပာ

၀ါရွင္တန္၊ ဇန္န္၀ါရီ-၉-၂၀၁၉
မ်ိဳးဆက္ (VOM)

အီရတ္ရိွ အေမရိကန္ေလတပ္အေျခစိုက္စခန္းေတြကို ဒံုးပ်ံေတြနဲ႔ တိုက္ခိုက္ခံရျပီၤးေနာက္ အီရန္ဘက္က ေလွ်ာ႔သြားပံုရတယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရန္႔က ေျပာၾကားလိုက္ပါတယ္။

အေမရိကန္ ဒါမွမဟုတ္ အီရတ္တို႔ရဲ႕အသက္ေတြဆံုးရံႈးမႈမရိွခဲ႔ေၾကာင္းနဲ႔ စစ္အေျခစိုက္စခန္းေတြမွာလည္း အနည္းအက်ဥ္းသာ ထိခိုက္ပ်က္စီးခဲ႔တယ္လို႔ အိမ္ျဖဴေတာ္ကရုပ္ျမင္သံၾကားမိန္႔ခြန္းကေန သူကေျပာခဲ့တာျဖစ္ပါတယ္။

အေမရိကန္တပ္ဖြဲ႔၀င္ေတြနဲ႔ စစ္အေျခစိုက္စခန္းေတြကို အီရန္ကပစ္မွတ္ထားတိုက္ခိုက္လာပါက စစ္ေရးအရ အေရးယူေဆာင္ရြက္သြားမယ္လို႔ ေဒၚနယ္ထရန္႔က ယခင္ကေျပာဆိုထားခဲ႔ေပမယ္႔ ယမန္ေန႔ကေျပာၾကားခဲ႔တဲ႔ မိန္႔ခြန္းမွာေတာ႔ အီရန္အေပၚ စစ္ေရးအရအေရးယူမယ္လို႔ ေၾကညာခဲ႔တာမရိွပါဘူး။

အေမရိကန္မွာ စစ္ေရးနဲ႔ စီးပြားေရးအင္အားနွစ္ရပ္စလံုး ခိုင္မာအားေကာင္းျပီး ၾကီးမားတဲ႔စစ္အင္အားနဲ႔ လက္နက္ကိရိယာေတြရိွေနေပမယ္႔လည္း အဲဒါေတြကို အသံုးျပဳဖို႔ ရည္ရြယ္မထားဘူးလို႔ ေဒၚနယ္ထရန္႔ကေျပာပါတယ္။

အီရန္ရဲ႕အျပဳအမူေတြ ေျပာင္းလဲသြားတဲ႔အထိ ေနာက္ထပ္ဘ႑ာေရးနဲ႔ စီးပြားေရးအေရးယူပိတ္ဆို႔မႈေတြကို အေမရိကန္က အလွ်င္အျမန္ခ်မွတ္သြားမွာျဖစ္ျပီး အီရန္အေနနဲ႔ န်ဴကလီးယားရည္မွန္းခ်က္ေတြကို မျဖစ္မေနစြန္႔လႊတ္ျပီး အၾကမ္းဖက္၀ါဒ ေထာက္ခံတာေတြကို အဆံုးသတ္ရမယ္လို႔ ထရန္႔ကေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

Ref : BBC Photo:AFP
#VOM #voiceofmyanmar #အေမရိကန္ #ေဒၚနယ္ထရန္႔ #အီရန္

Related posts

Leave a Comment

VOM News

FREE
VIEW