အောင်မြေသာစံမြို့နယ်တရားရုံးက ကိုရဲရင့်ကျော်ကို ထောင်(၃)လချ

မန္တလေး ၊ ဇန်နဝါရီ ၉-၂၀၂၀
Voice Of Myanmar

ဗကသအဖွဲ့၀င်ဟောင်း ကိုရဲရင့်ကျော်ကို ဒီကနေ့မနက်ပိုင်းမှာ အောင်မြေသာစံမြို့နယ်တရားရုံးကနေ ထောင်ဒဏ်(၃)လချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့၂၀၁၈ ခုနှစ် မေလက မန္တလေးမြို့ကျုံးတောင်ဘက်ခြမ်းမှာ တိုင်းရင်းသားဒေသများမှာ ထိုးစစ်များရပ်ဆိုင်းရေးနဲ့ စစ်နယ်မြေအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေ လွှတ်ပေးရေးအတွက် ဖယောင်းတိုင်မီးထွန်းပြီး ဆုတောင်းဆန္ဒပြမှုနဲ့ ပတ်သက်လို့ ဗကသကော်မတီဝင်ဟောင်းတွေ ဖြစ်တဲ့ ကိုသန်းထိုက် ကိုရဲရင့်ကျော်နဲ့ ကိုနှင်းေအာင္တို့ကို ငြိမ်းစုစီ ၁၉ နဲ့ အမှတ် ၅ မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ကိုသန်းထိုက်နဲ့ ကိုနှင်းမောင်တို့ကို ဖမ်းဆီးခဲ့ပြီး ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ နဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းမှာပဲ အောင်မြေသာစံမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၃ လဆီကျခံဖို့ အမိန့်ချခဲ့ပါတယ်။

ဒီအမှုကနေလွတ်မြောက်နေတဲ့ ကိုရဲရင့်ကျော်ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁၉ ရက်က မဟာအောင်မြေမြို့နယ်အတွင်းက လက်ဖက်ရည်ဆိုင်တစ်ခုမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီကနေ့ရုံချိန်းမှာ ထောင်ဒဏ်(၃)လ ချမှတ်ခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ကိုရဲရင့်ကျော် #ထောင်၃လကျ

Zawgyi

ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးက ကိုရဲရင့္ေက်ာ္ကို ေထာင္(၃)လခ်

မႏၲေလး ၊ ဇန္နဝါရီ ၉-၂၀၂၀
Voice Of Myanmar

ဗကသအဖြဲ႕၀င္ေဟာင္း ကိုရဲရင့္ေက်ာ္ကို ဒီကေန႔မနက္ပိုင္းမွာ ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးကေန ေထာင္ဒဏ္(၃)လခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့၂၀၁၈ ခုႏွစ္ ေမလက မႏၲေလးၿမိဳ႕က်ဳံးေတာင္ဘက္ျခမ္းမွာ တိုင္းရင္းသားေဒသမ်ားမွာ ထိုးစစ္မ်ားရပ္ဆိုင္းေရးနဲ႔ စစ္နယ္ေျမအတြင္း ပိတ္မိေနတဲ့ ျပည္သူေတြ လႊတ္ေပးေရးအတြက္ ဖေယာင္းတိုင္မီးထြန္းၿပီး ဆုေတာင္းဆႏၵျပမႈနဲ႔ ပတ္သက္လို႔ ဗကသေကာ္မတီဝင္ေဟာင္းေတြ ျဖစ္တဲ့ ကိုသန္းထိုက္ ကိုရဲရင့္ေက်ာ္နဲ႔ ကိုႏွင္းေအာင္တို႔ကို ၿငိမ္းစုစီ ၁၉ နဲ႔ အမွတ္ ၅ ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ ကိုသန္းထိုက္နဲ႔ ကိုႏွင္းေမာင္တို႔ကို ဖမ္းဆီးခဲ့ၿပီး ၿငိမ္းခ်မ္းစြာစုေဝးလွည့္လည္ခြင့္ ဥပေဒပုဒ္မ ၁၉ နဲ႔ ၂၀၁၈ ခုႏွစ္ ဇူလိုင္လအတြင္းမွာပဲ ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးကေန ေထာင္ဒဏ္ ၃ လဆီက်ခံဖို႔ အမိန္႔ခ်ခဲ့ပါတယ္။

ဒီအမႈကေနလြတ္ေျမာက္ေနတဲ့ ကိုရဲရင့္ေက်ာ္ကိုေတာ့ ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္ ႏိုဝင္ဘာ ၁၉ ရက္က မဟာေအာင္ေျမၿမိဳ႕နယ္အတြင္းက လက္ဖက္ရည္ဆိုင္တစ္ခုမွာ ဖမ္းဆီးခဲ့တာျဖစ္ၿပီး ဒီကေန႔႐ုံခ်ိန္းမွာ ေထာင္ဒဏ္(၃)လ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #ကိုရဲရင့္ေက်ာ္ #ေထာင္၃လက်

Related posts

Leave a Comment

VOM News

FREE
VIEW