မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာမှာ လက်နက်ကြီးကျည်စထိမှန်တဲ့အတွက် အသက် ၂ နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် လေးဦးဒဏ်ရာရ

မြောက်ဦး၊ ဇန်နဝါရီ ၁၀- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာမှာ ဇန်နဝါရီလ ၉ ရက် နေ့လည်ပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခုက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စ ထိမှန်တဲ့အတွက် အသက် ၂ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် လေးဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီဒဏ်ရာရရှိသွားသူ ၄ ယောက်မှာ ဦးအောင်သိန်းထွန်း(၄၃) နှစ်၊ မောင်ညီညီလင်း (၁၃) နှစ်၊ မောင်သန်းဇော်ဦး (၉) နှစ်နဲ့ မဝိုင်းဆိုတဲ့ (၂) နှစ် ကလေးတစ်ဦးတို့ဖြစ်ပြီး မောင်ညီညီလင်းနဲ့ မောင်သန်းဇော်ဦးတို့ဟာ ကျောင်းသားတွေဖြစ်တယ်လို့ သိရပါတယ်။

“ အမြောက်ဆံလား ကျည်ဆံလား မပြောတတ်ဘူး။ အုတ်ဖိုကန်ရွာမှာတော့ အခုည ၃ နာရီမှာ လေးယောက်ဒဏ်ရာ ရနေတယ်။ ကလေးတစ်ယောက်ပါတယ်။ လူကြီး ၄၃ နှစ်တစ်ယောက်ပါတယ်။ ”လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

အခုလို အုတ်ဖိုကန်ကျေးရွာက လူလေးယောက်ဒဏ်ရာရရှိတာဟာ တပ်မတော်စစ်ကြောင်းတစ်ခုက ရွာသားတွေမှာ ဘာအပြစ်မှမရှိဘဲ တမင်ရည်ရွယ်ပြီးလက်နက်ကြီးနဲ့ ပစ်သွားတာဖြစ်တယ်လို့ အုတ်ဖိုကန်ကျေးရွာသားတစ်ဦးကပြောပါတယ်။

“ သူတို့က စစ်ကြောင်းလာတာ၊ သီးသန့် ကျနော်တို့ရွာထဲကို ပစ်ခဲ့တာပါ။ ဘာတစ်ခုမှ အပြစ်အနာအဆာမရှိဘဲ ရွာထဲကိုလက်နက်ကြီးနဲ့ ပစ်သွားတယ်။ ဒီမှာ ဘာတိုက်ပွဲမှမရှိဘူး။ ကျနော်တို့ အုတ်ဖိုကန်အနီးမှာ တိုက်ပွဲတစ်ခါမှမဖြစ်ဘူး၊ တိုက်ပွဲဖြစ်ရင်လည်း ပေါက်တောပြင်ရွာ အနီးမှာဘဲဖြစ်တာရှိပါတယ်။” လို့ အုတ်ဖိုကန်ကျေးရွာသား တစ်ဦးကပြောပါတယ်။

အဲ့ဒီ ဒဏ်ရာရရှိသွားသူတွေကို မြောက်ဦးမြို့ဆေးရုံသို့ ပို့ဆောင်ထားပြီး စိုးရိမ်စရာမရှိဘူးလို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

“ ကျွန်မမှာ သမီးလေးတစ်ယောက်၊ တူလေးနှစ်ယောက်နဲ့ ဦးလေးတစ်ယောက် အားလုံးလေးယောက်ပါသွားတယ်။ တပ်မတော်က လက်နက်ကြီးနဲ့ပစ်တယ်။ အိမ်ရှေ့မှာ သရက်ပင်တောင် ပြတ်သွားတယ်။ အိမ်ခေါင်မိုးတွေ ဖောက်သွားတယ်။ ကျွန်မအိမ်ကိုလည်း လာဖောက်တယ်။ ကျွန်မကတော့ အိမ်ပေါ်မှာ တူလေးနဲ့ သမီးလေးက အိမ်အောက်မှာကစားနေတယ်။ ကျွန်မဆီမှာ ခါးကိုလာမှန်တယ်။ ဒါပေမယ့် မနာလိုက်ဘူး။ သမီးလေးမှာ ခြေကိုထိသွားတယ်။ တူလေးမှာက ရင်ဘတ်မှာ ဒဏ်ရာရသွားတယ်။ အခုရင်ဘတ်အောင့်နေတယ် လို့ပြောတယ်။ ဦးလေးမှာတော့ တင်ပါးနဲ့ ပခုံးမှာထိသွားတယ်။ ဆရာဝန်နဲ့ ဆရာမက စိုးရိမ်စရာမလိုဘူးလို့ ပြောတယ်။ ”လို့ ဒဏ်ရာရသွားတဲ့သူတွေရဲ့ မိသားစုဝင်ဖြစ်သူ ဒေါ်ဦးဝင်းရွှေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ပြောရေးဆိုခွင့်ရှိသူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ဇန်နဝါရီ ၉ရက် မနက် ၉ နာရီဝန်းကျင်ကလည်း မြောက်ဦးမြို့နယ် ဝေသာလီဆင်းလမ်းအနီးမှာ တပ်မတော်စစ်ကြောင်းတစ်ခုလာတဲ့အချိန် မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

#VOM #voiceofmyanmar #မြောက်ဦး #လက်နက်ကြီးကျည်ထိ #လေးဦးဒဏ်ရာရ

Zawgyi

ေျမာက္ဦးၿမိဳ႕နယ္ အုတ္ဖိုကန္ေက်းရြာမွာ လက္နက္ႀကီးက်ည္စထိမွန္တဲ့အတြက္ အသက္ ၂ ႏွစ္အရြယ္ကေလးတစ္ဦး အပါအဝင္ ေလးဦးဒဏ္ရာရ

ေျမာက္ဦး၊ ဇန္နဝါရီ ၁၀- ၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္၊ အုတ္ဖိုကန္ေက်းရြာမွာ ဇန္နဝါရီလ ၉ ရက္ ေန႔လည္ပိုင္းက တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ပစ္ခတ္လိုက္တဲ႔ လက္နက္ႀကီးက်ည္စ ထိမွန္တဲ့အတြက္ အသက္ ၂ ႏွစ္အရြယ္ကေလးတစ္ဦးအပါအဝင္ ေလးဦးဒဏ္ရာရရွိသြားတယ္လို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

အဲ႔ဒီဒဏ္ရာရရွိသြားသူ ၄ ေယာက္မွာ ဦးေအာင္သိန္းထြန္း(၄၃) ႏွစ္၊ ေမာင္ညီညီလင္း (၁၃) ႏွစ္၊ ေမာင္သန္းေဇာ္ဦး (၉) ႏွစ္နဲ႔ မဝိုင္းဆိုတဲ႔ (၂) ႏွစ္ ကေလးတစ္ဦးတို႔ျဖစ္ၿပီး ေမာင္ညီညီလင္းနဲ႔ ေမာင္သန္းေဇာ္ဦးတို႔ဟာ ေက်ာင္းသားေတြျဖစ္တယ္လို႔ သိရပါတယ္။

“ အေျမာက္ဆံလား က်ည္ဆံလား မေျပာတတ္ဘူး။ အုတ္ဖိုကန္ရြာမွာေတာ႔ အခုည ၃ နာရီမွာ ေလးေယာက္ဒဏ္ရာ ရေနတယ္။ ကေလးတစ္ေယာက္ပါတယ္။ လူႀကီး ၄၃ ႏွစ္တစ္ေယာက္ပါတယ္။ ”လို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က ေျပာပါတယ္။

အခုလို အုတ္ဖိုကန္ေက်းရြာက လူေလးေယာက္ဒဏ္ရာရရွိတာဟာ တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ရြာသားေတြမွာ ဘာအျပစ္မွမရွိဘဲ တမင္ရည္ရြယ္ၿပီးလက္နက္ႀကီးနဲ႔ ပစ္သြားတာျဖစ္တယ္လို႔ အုတ္ဖိုကန္ေက်းရြာသားတစ္ဦးကေျပာပါတယ္။

“ သူတို႔က စစ္ေၾကာင္းလာတာ၊ သီးသန္႔ က်ေနာ္တို႔ရြာထဲကို ပစ္ခဲ႔တာပါ။ ဘာတစ္ခုမွ အျပစ္အနာအဆာမရွိဘဲ ရြာထဲကိုလက္နက္ႀကီးနဲ႔ ပစ္သြားတယ္။ ဒီမွာ ဘာတိုက္ပြဲမွမရွိဘူး။ က်ေနာ္တို႔ အုတ္ဖိုကန္အနီးမွာ တိုက္ပြဲတစ္ခါမွမျဖစ္ဘူး၊ တိုက္ပြဲျဖစ္ရင္လည္း ေပါက္ေတာျပင္ရြာ အနီးမွာဘဲျဖစ္တာရွိပါတယ္။” လို႔ အုတ္ဖိုကန္ေက်းရြာသား တစ္ဦးကေျပာပါတယ္။

အဲ႔ဒီ ဒဏ္ရာရရွိသြားသူေတြကို ေျမာက္ဦးၿမိဳ႕ေဆးရံုသို႔ ပို႔ေဆာင္ထားၿပီး စိုးရိမ္စရာမရွိဘူးလို႔ မိသားစုဝင္တစ္ဦးကေျပာပါတယ္။

“ ကၽြန္မမွာ သမီးေလးတစ္ေယာက္၊ တူေလးႏွစ္ေယာက္နဲ႔ ဦးေလးတစ္ေယာက္ အားလံုးေလးေယာက္ပါသြားတယ္။ တပ္မေတာ္က လက္နက္ႀကီးနဲ႔ပစ္တယ္။ အိမ္ေရွ႕မွာ သရက္ပင္ေတာင္ ျပတ္သြားတယ္။ အိမ္ေခါင္မိုးေတြ ေဖာက္သြားတယ္။ ကၽြန္မအိမ္ကိုလည္း လာေဖာက္တယ္။ ကၽြန္မကေတာ႔ အိမ္ေပၚမွာ တူေလးနဲ႔ သမီးေလးက အိမ္ေအာက္မွာကစားေနတယ္။ ကၽြန္မဆီမွာ ခါးကိုလာမွန္တယ္။ ဒါေပမယ့္ မနာလိုက္ဘူး။ သမီးေလးမွာ ေျခကိုထိသြားတယ္။ တူေလးမွာက ရင္ဘတ္မွာ ဒဏ္ရာရသြားတယ္။ အခုရင္ဘတ္ေအာင့္ေနတယ္ လို႔ေျပာတယ္။ ဦးေလးမွာေတာ့ တင္ပါးနဲ႔ ပခံုးမွာထိသြားတယ္။ ဆရာဝန္နဲ႔ ဆရာမက စိုးရိမ္စရာမလိုဘူးလို႔ ေျပာတယ္။ ”လို႔ ဒဏ္ရာရသြားတဲ႔သူေတြရဲ႕ မိသားစုဝင္ျဖစ္သူ ေဒၚဦးဝင္းေရႊက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တပ္မေတာ္ေျပာေရးဆိုခြင့္ရွိသူ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးကို ဆက္သြယ္ခဲ႔ေပမယ့္ အဆက္အသြယ္မရရိွခဲ႔ပါဘူး။

ဇန္နဝါရီ ၉ရက္ မနက္ ၉ နာရီဝန္းက်င္ကလည္း ေျမာက္ဦးၿမိဳ႕နယ္ ေဝသာလီဆင္းလမ္းအနီးမွာ တပ္မေတာ္စစ္ေၾကာင္းတစ္ခုလာတဲ့အခ်ိန္ မိုင္းေပါက္ကြဲမႈတစ္ခုျဖစ္ခဲ႔တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

#VOM #voiceofmyanmar #ေျမာက္ဦး #လက္နက္ႀကီးက်ည္ထိ #ေလးဦးဒဏ္ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW