ဒီကနေ့ပြုလုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေးကို တပ်မတော်ကိုယ်စားလှယ်များ တက်ရောက်ခြင်းမရှိ

နေပြည်တော်၊ ဇန်နဝါရီ ၁၃-၂၀၂၀
ကိုထွန်း(VOM)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး(၁/၂၀၂၀)ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၃ ရက် ၁၀၀၀ နာရီချိန်တွင် ပြည်ထောင်စုလွှတ်တော်၊ ဒုတိယထပ်အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပြီး အဲ့ဒီအစည်းအဝေးကို တပ်မတော်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

“လက်ရှိအာဏာရပါတီ ကိုယ်စားလှယ်များမှလွဲပြီး ကျန်ကိုယ်စားလှယ်အားလုံးနီးပါး အယုံအကြည်မရှိလို့ ကန့်ကွက်ကြ၊ နှုတ်ထွက်ကြဖြင့် အငြင်းပွားဖွယ်ရာအများစုနဲ့ ဆောင်ရွက်နေတဲ့ ကော်မတီရဲ့ပြင်ဆင်ရေးအစည်းအဝေးကို ဒီနေ့မှာကျင်းပခဲ့တယ်။ အဲ့လိုကျင်းပရာမှာ အစည်းအဝေးကို တကယ်တက်ရောက်တာက ကော်မတီ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ NLDကိုယ်စားလှယ် ၁၈ဦးနဲ့ အခြား ၂ဦး စုစုပေါင်း ၂၂ဦးသာ တက်ရောက်တယ်လို့ သိရပေမယ့် ၊ တရားဝင်သတင်းထုတ်ပြန်ရာမှာတော့ တပ်မတော်သားတွေအပါအဝင် ကော်မတီဝင်အားလုံးတက်ရောက်ခဲ့သယောင်ယောင်၊ ပုံမှာမြင်ရတဲ့အတိုင်း ထုတ်ပြန်ခဲ့တယ်။ ကော်မတီဝင် ၅၀ရာခိုင်နူန်း မရှိတရှိလောက်သာ တက်ရောက်တော့တာကို ဒီလိုသတင်းထုတ်ပြန်တယ်ဆိုတော့ ရိုးသားမှုကောရှိရဲ့လားလို့ မေးခွန်းထုတ်ရမလိုဖြစ်နေတယ်။”လို့ ပြည်သူအချို့ကထောက်ပြဝေဖန်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

အဲ့ဒီအစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်းဟိန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချို၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ထားတဲ့အတွက် အခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ ုသိရပါတယ်။

ပူးပေါင်းကော်မတီအနေနဲ့ကလည်း ပြင်ဆင်ရေးပူးပေါင်းကော်မတီမှာပါဝင်တဲ့ နိုင်ငံရေးပါတီ၊ အစုအဖွဲ့အသီးသီးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တို့ကနေ တင်ပြခဲ့တဲ့ အခန်းလိုက် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန်အကြံပြုချက်များအပေါ် ပြင်ဆင်သည့်ဥပဒေမူကြမ်းရေးဆွဲဖို့ ဆန္ဒပြုမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ရဲ့နိဒါန်းအပါအဝင် အခန်း (၁) နိုင်ငံတော်အခြေခံမူများ အခန်းမှစ၍ အခန်း (၁၅) အထွေထွေပြဋ္ဌာန်းချက်များ၊ ဇယား ၁ မှ ဇယား ၅ ထိ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်လုံးကို ပြီးစီးအောင်ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြင်ဆင်သည့်ဥပဒေမူကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #ဖွဲ့စည်းပုံပြင်ဆင်ရေး #အစည်းအဝေး #တပ်မတော်ကိုယ်စားလှယ်များမတက်

Zawgyi

ဒီကေန႔ျပဳလုပ္တဲ့ ဖြဲ႕စည္းပံုျပင္ဆင္ေရးပူးေပါင္းေကာ္မတီ အစည္းအေဝးကို တပ္မေတာ္ကိုယ္စားလွယ္မ်ား တက္ေရာက္ျခင္းမရိွ

ေနျပည္ေတာ္၊ ဇန္နဝါရီ ၁၃-၂၀၂၀
ကို္ထြန္း(VOM)

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ အစည္းအေဝး(၁/၂၀၂၀)ကို ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ ၁၃ ရက္ ၁၀၀၀ နာရီခ်ိန္တြင္ ျပည္ေထာင္စုလႊတ္ေတာ္၊ ဒုတိယထပ္အစည္းအေဝးခန္းမမွာ က်င္းပခဲ့ၿပီး အဲ့ဒီအစည္းအေဝးကို တပ္မေတာ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ျခင္းမရိွဘူးလို႔ သိရပါတယ္။

“လက္ရိွအာဏာရပါတီ ကိုယ္စားလွယ္မ်ားမွလြဲၿပီး က်န္ကိုယ္စားလွယ္အားလံုးနီးပါး အယံုအၾကည္မရိွလို႔ ကန္႔ကြက္ၾက၊ ႏွဳတ္ထြက္ၾကျဖင့္ အျငင္းပြားဖြယ္ရာအမ်ားစုနဲ႔ ေဆာင္ရြက္ေနတဲ့ ေကာ္မတီရဲ႕ျပင္ဆင္ေရးအစည္းအေဝးကို ဒီေန႔မွာက်င္းပခဲ့တယ္။ အဲ့လိုက်င္းပရာမွာ အစည္းအေဝးကို တကယ္တက္ေရာက္တာက ေကာ္မတီ ဥကၠဌ၊ ဒု-ဥကၠဌ၊ NLDကိုယ္စားလွယ္ ၁၈ဦးနဲ႔ အျခား ၂ဦး စုစုေပါင္း ၂၂ဦးသာ တက္ေရာက္တယ္လို႔ သိရေပမယ့္ ၊ တရားဝင္သတင္းထုတ္ျပန္ရာမွာေတာ့ တပ္မေတာ္သားေတြအပါအဝင္ ေကာ္မတီဝင္အားလံုးတက္ေရာက္ခဲ့သေယာင္ေယာင္၊ ပံုမွာျမင္ရတဲ့အတိုင္း ထုတ္ျပန္ခဲ့တယ္။ ေကာ္မတီဝင္ ၅၀ရာခုိင္နူန္း မရိွတရိွေလာက္သာ တက္ေရာက္ေတာ့တာကို ဒီလိုသတင္းထုတ္ျပန္တယ္ဆိုေတာ့ ရိုးသားမွဳေကာရိွရဲ႕လားလို႔ ေမးခြန္းထုတ္ရမလိုျဖစ္ေနတယ္။”လို႔ ျပည္သူအခ်ိဳ႕ကေထာက္ျပေဝဖန္မွဳေတြျပဳလုပ္ေနတာလည္းျဖစ္ပါတယ္။

အဲ့ဒီအစည္းအေဝးကုိ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ျပင္ဆင္ေရးပူးေပါင္းေကာ္မတီ ဥကၠ႒၊ ျပည္ေထာင္စုလႊတ္ေတာ္ ဒုတိယနာယက၊ ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးထြန္းေအာင္ (ခ)ဦးထြန္းထြန္းဟိန္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ျပင္ဆင္ေရးပူးေပါင္းေကာ္မတီ ဒုတိယဥကၠ႒၊ အမ်ိဳးသားလႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးေအးသာေအာင္၊ ပူးေပါင္းေကာ္မတီ အတြင္းေရးမႉး ေဒါက္တာျမတ္ဉာဏစိုး၊ တြဲဖက္အတြင္းေရးမႉး ဦးေဌးဝင္းေအာင္(ခ) ဦးၿပဳံးခ်ိဳ၊ အဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ႏိုင္ငံေရးပါတီမ်ားမွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ျပည္ေထာင္စုလႊတ္ေတာ္႐ုံးမွ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကတယ္လို႔ သတင္းထုတ္ထားတဲ့အတြက္ အခုလိုေျပာၾကားခဲ့တာျဖစ္တယ္လို႔ ုသိရပါတယ္။

ပူးေပါင္းေကာ္မတီအေနနဲ႔ကလည္း ျပင္ဆင္ေရးပူးေပါင္းေကာ္မတီမွာပါဝင္တဲ့ ႏိုင္ငံေရးပါတီ၊ အစုအဖြဲ႕အသီးသီးႏွင့္ တစ္သီးပုဂၢလကိုယ္စားလွယ္တို႔ကေန တင္ျပခဲ့တဲ့ အခန္းလိုက္ ျပင္ဆင္၊ ျဖည့္စြက္၊ ပယ္ဖ်က္ရန္အႀကံျပဳခ်က္မ်ားအေပၚ ျပင္ဆင္သည့္ဥပေဒမူၾကမ္းေရးဆြဲဖို႔ ဆႏၵျပဳမႈကို ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)ရဲ႕နိဒါန္းအပါအဝင္ အခန္း (၁) ႏိုင္ငံေတာ္အေျခခံမူမ်ား အခန္းမွစ၍ အခန္း (၁၅) အေထြေထြျပ႒ာန္းခ်က္မ်ား၊ ဇယား ၁ မွ ဇယား ၅ ထိ ဖြဲ႕စည္းပုံ အေျခခံဥပေဒတစ္ရပ္လုံးကို ၿပီးစီးေအာင္ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္းႏွင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)ကို ျပင္ဆင္သည့္ဥပေဒမူၾကမ္းေရးဆြဲေရးလုပ္ငန္းစဥ္မ်ားကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေနျပည္ေတာ္ #ဖြဲ႔စည္းပံုျပင္ဆင္ေရး #အစည္းအေဝး #တပ္မေတာ္ကိုယ္စားလွယ္မ်ားမတက္

Related posts

Leave a Comment

VOM News

FREE
VIEW