စတုတ္ထတန်းကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ပြီး လျှာကိုက်ဖြတ်သူကို ပဲခူးထောင်ပို့

စတုတ္ထတန်းကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ပြီး လျှာကိုက်ဖြတ်သူကို ပဲခူးထောင်ပို့

ပဲခူး ဇန်နဝါရီ ၁၄-၂၀၂၀
မိုးယံ(VOM)

ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအုပ်စု၊ ကံဘဲ့ကျေးရွာမှာ
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ရက်နေ့ည ၉နာရီဝန်းကျင်က စတုတ္ထတန်းကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့် လည်ပင်းညှစ်ပြီး လျှာကိုက်ဖြတ်ခဲ့တယ်ဆိုသူကို ပဲခူးထောင်ကိုပို့ဆောင်လိုက်ပြီလို့ ဘုရားကြီးနယ်မြေရဲစခန်းကဒီနေ့ ဇန်နဝါရီ ၁၄ရက်နေ့နံက် ၈နာရီကသိရပါတယ်။

‟တရားခံကဖြောင့်ချက်ပေးတယ်ခင်ဗျ မနေ့ကရမန်ထုတ်ပြီး ပဲခူးထောင်ကို ပို့လိုက်ပါပြီ ကလေးမလေးကတော့ ဆေးရုံမှာ သက်သာပါတယ်လို့” ဘုရားကြီးနယ် မြေရဲစခန်းစခန်းမှူးတင်ဌေးက ပြောပါတယ်။

သိမ်ဇရပ်မြို့နေ အသက်(၁၉)နှစ်ရှိ ခေါ်တော ဆိုသူဟာ ဇန်နဝါရီလ ၁၀ ရက်၊ ည ၉ နာရီအချိန် အကတိုက်နေတဲ့စတုတ္ထတန်းကျောင်းသူညီမဖြစ်သူနှင့်အတူ တစ်ရွာတည်းနေအသက်၁၃နှစ် ရှိ စတုတ္ထတန်းကျောင်းသူမ——— ကိုလည်း လမ်းကြုံတစ်ခါတည်းတင်ဆောင်လာခဲ့ပါတယ်။ အဲဒီနောက် သူ့နေအိမ်မှာ ညီမဖြစ်သူကိုထားခဲ့ပြီး မ——— ကို သံလမ်းဘေးလယ်ကွက်အတွင်း ခေါ်ဆောင်ကာအဓမ္မပြုကျင့်ခဲ့ပြီးနောက် လည်ပင်းညှစ်ပြီးမိန်းကလေးရဲ့လျှာကို ကိုက်ဖြတ်လိုက်ခြင်းဖြစ်တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

အဆိုပါ အဓမ္မပြုကျင့်ခြင်းခံရတဲ့စတုတ္ထတန်းကျောင်းသူရဲ့ ကျန်းမာရေး နဲ့ပတ်သက်ပြီး
ပဲခူးမြို့ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာရန်နိုင်မောင်က အခုလိုရှင်းပြပါတယ်

‟အခုဆေးရုံတင်ထားပါတယ်မှုခင်းဌာနကလည်း လိုအပ်တဲ့
စစ်ဆေးချက်တွေလည်း လုပ်ထားပါတယ် ဒဏ်ရာရထားတဲ့အတွက်ကြောင့် အထူးကုဆရာဝန်ကြီးတွေက ကုသပေးနေပါတယ် လျှာမှာဒဏ်ရာရထားတယ်ဆိုတာလည်း မှန်ပါတယ်လို့”ပြောဆိုပါတယ်။

ဒီအမှုမှာ မိန်းကလေးငယ်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်လေးရီက တရားလိုပြုလုပ်တိုင်တန်းထားပြီး
ပြစ်မှုကျူးလွန်သူတင်ထွန်းအောင်(ခ)ခေါ်တော ကို (ပ)၁/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ – ၃၇၆/၃၀၇ ဖြင့်ဘုရားကြီးနယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ပြီး မနေ့ဇန်နဝါရီလ ၁၃ရက်ပဲခူးထောင်ပို့ဆောင်ထားပါတယ်။

#voiceofmyanmar #VOM #ပဲခူး #စတုတ္ထတန်းကျောင်းသူကိုအဓမ္မကျင့်လျှာကိုက်ဖြတ်

 

စတုတၳတန္းေက်ာင္းသူတစ္ဦးကို အဓမၼျပဳက်င့့္ျပီး လွ်ာကိုုက္ျဖတ္သူကိုု ပဲခူးေထာင္ပိုု႕

ပဲခူး ဇန္နဝါရီ ၁၄-၂၀၂၀
မိုးယံ(VOM)

ပဲခူးၿမိဳ႕နယ္၊ ၀မ္းဘဲအင္းေက်း႐ြာအုပ္စု၊ ကံဘဲ့ေက်း႐ြာမွာ
ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၀ရက္ေန႔ည ၉နာရီဝန္းက်င္က စတုတၳတန္းေက်ာင္းသူတစ္ဦးကို အဓမၼျပဳက်င့္ လည္ပင္းညႇစ္ၿပီး လွ်ာကိုက္ျဖတ္ခဲ့တယ္ဆိုသူကို ပဲခူးေထာင္ကိုပို႔ေဆာင္လိုက္ၿပီလို႔ ဘုရားႀကီးနယ္ေျမရဲစခန္းကဒီေန႔ ဇန္နဝါရီ ၁၄ရက္ေန႔နံက္ ၈နာရီကသိရပါတယ္။

‟တရားခံကေျဖာင့္ခ်က္ေပးတယ္ခင္ဗ် မေန႔ကရမန္ထုတ္ၿပီး ပဲခူးေထာင္ကို ပို႔လိုက္ပါၿပီ ကေလးမေလးကေတာ့ ေဆး႐ုံမွာ သက္သာပါတယ္လို႔” ဘုရားႀကီးနယ္ ေျမရဲစခန္းစခန္းမႉးတင္ေဌးက ေျပာပါတယ္။

သိမ္ဇရပ္ၿမိဳ႕ေန အသက္(၁၉)ႏွစ္ရွိ ေခၚေတာ ဆိုသူဟာ ဇန္နဝါရီလ ၁၀ ရက္၊ ည ၉ နာရီအခ်ိန္ အကတိုက္ေနတဲ့စတုတၳတန္းေက်ာင္းသူညီမျဖစ္သူႏွင့္အတူ တစ္႐ြာတည္းေနအသက္၁၃ႏွစ္ ရွိ စတုတၳတန္းေက်ာင္းသူမ——— ကိုလည္း လမ္းႀကဳံတစ္ခါတည္းတင္ေဆာင္လာခဲ့ပါတယ္။ အဲဒီေနာက္ သူ႕ေနအိမ္မွာ ညီမျဖစ္သူကိုထားခဲ့ျပီး မ——— ကို သံလမ္းေဘးလယ္ကြက္အတြင္း ေခၚေဆာင္ကာအဓမၼျပဳက်င့္ခဲ့ၿပီးေနာက္ လည္ပင္းညႇစ္ၿပီးမိန္းကေလးရဲ႕လွ်ာကို ကိုက္ျဖတ္လိုက္ျခင္းျဖစ္တယ္လို႔ ရဲမွတ္တမ္းမွာေဖာ္ျပထားပါတယ္။

အဆိုပါ အဓမၼျပဳက်င့္ျခင္းခံရတဲ့စတုတၳတန္းေက်ာင္းသူရဲ႕ က်န္းမာေရး နဲ႔ပတ္သက္ၿပီး
ပဲခူးၿမိဳ႕ျပည္သူ႔ေဆး႐ုံမွ ေဆး႐ုံအုပ္ဆရာဝန္ႀကီး ေဒါက္တာရန္ႏိုင္ေမာင္က အခုလိုရွင္းျပပါတယ္

‟အခုေဆး႐ုံတင္ထားပါတယ္မႈခင္းဌာနကလည္း လိုအပ္တဲ့
စစ္ေဆးခ်က္ေတြလည္း လုပ္ထားပါတယ္ ဒဏ္ရာရထားတဲ့အတြက္ေၾကာင့္ အထူးကုဆရာဝန္ႀကီးေတြက ကုသေပးေနပါတယ္ လွ်ာမွာဒဏ္ရာရထားတယ္ဆိုတာလည္း မွန္ပါတယ္လို႔”ေျပာဆိုပါတယ္။

ဒီအမွဳမွာ မိန္းကေလးငယ္ရဲ႕ အေဒၚျဖစ္သူ ေဒၚေလးရီက တရားလိုျပဳလုပ္တိုင္တန္းထားျပီး
ျပစ္မႈက်ဴးလြန္သူတင္ထြန္းေအာင္(ခ)ေခၚေတာ ကိုု (ပ)၁/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ – ၃၇၆/၃၀၇ ျဖင့္ဘုရားႀကီးနယ္ေျမရဲစခန္း၌ အမႈဖြင့္လွစ္ၿပီး မေန႔ဇန္နဝါရီလ ၁၃ရက္ပဲခူးေထာင္ပို႔ေဆာင္ထားပါတယ္။

#voiceofmyanmar #VOM #ပဲခူး #စတုုတၳတန္းေက်ာင္းသူကိုုအဓမၼက်င့္လွ်ာကိုုက္ျဖတ္

Related posts

Leave a Comment

VOM News

FREE
VIEW