လေတပ်စခန်းမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုအပြီး ဆော်ဒီတပ်ဖွဲ့ဝင် ၂၁ ဦးကိုအမေရိကန်နှင်ထုတ်

လေတပ်စခန်းမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုအပြီး ဆော်ဒီတပ်ဖွဲ့ဝင် ၂၁ ဦးကိုအမေရိကန်နှင်ထုတ်

ဝါရှင်တန်၊ ဇန်နဝါရီ-၁၄-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်လေတပ်စခန်းတစ်ခုမှာ ပြီးခဲ့တဲ့လကဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုပြီးနောက် ဆော်ဒီတပ်ဖွဲ့ဝင် ၂၁ ဦးကို အမေရိကန်ကနေ နှင်ထုတ်လိုက်ပါတယ်။

အဲဒီတပ်ဖွဲ့ဝင် ၂၁ ဦးဟာ ပစ်ခတ်တိုက်ခိုက်မှုကိုကျူးလွန်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ဆော်ဒီလေတပ်က ဒုဗိုလ်မှူးကို ကူညီပေးခဲ့တယ်လို့တော့ စွပ်စွဲခြင်းမခံရပါဘူး။

ဒါပေမယ့် သူတို့ရဲ့ပိုင်ဆိုင်မှုပစ္စည်းတွေထဲမှာ ဂျီဟတ်ဆိုင်ရာ ပစ္စည်းတွေနဲ့ ကလေးငယ်တွေရဲ့ မဖွယ်မရာဓါတ်ပုံတွေ တွေ့ရှိခဲ့တယ်လို့ အမေရိကန်ရှေ့နေချုပ် ဝီလီယံဘားလ်က ပြောပါတယ်။

ဒီဇင်ဘာ ၆ ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုမှာ သင်္ဘောသားသုံးဦးသေဆုံးပြီး ရှစ်ဦးဒါဏ်ရာရရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအပြီးမှာတော့ အမေရိကန်မှာ ဆော်ဒီတပ်ဖွဲ့ဝင်တွေအတွက် လေ့ကျင့်သင်တန်းပေးတာတွေကို ဆိုင်းငံ့ထားခဲ့ပါတယ်။

နာဗယ်လေတပ်အခြေစိုက်စခန်းမှာဖြစ်ပွားခဲ့တဲ့ ဆော်ဒီတပ်ဖွဲ့ဝင်ရဲ့ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ ဇန်နဝါရီ ၁၃ ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဘားလ်က ပြောပါတယ်။

Ref : BBC
Photo: Getty Images

Zawgyi

ေလတပ္စခန္းမွာ အစုလိုက္အျပံဳလိုက္ပစ္ခတ္မႈအျပီး ေဆာ္ဒီတပ္ဖြဲ႔၀င္ ၂၁ ဦးကိုအေမရိကန္နွင္ထုတ္

၀ါရွင္တန္၊ ဇန္န၀ါရီ-၁၄-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္ေလတပ္စခန္းတစ္ခုမွာ ျပီးခဲ႔တဲ႔လကျဖစ္ပြားခဲ႔တဲ႔ အစုလိုက္အျပံဳလိုက္ပစ္ခတ္မႈျပီးေနာက္ ေဆာ္ဒီတပ္ဖြဲ႔၀င္ ၂၁ ဦးကို အေမရိကန္ကေန နွင္ထုတ္လိုက္ပါတယ္။

အဲဒီတပ္ဖြဲ႔၀င္ ၂၁ ဦးဟာ ပစ္ခတ္တိုက္ခိုက္မႈကိုက်ဴးလြန္ခဲ႔တဲ႔ အသက္ ၂၁ နွစ္အရြယ္ ေဆာ္ဒီေလတပ္က ဒုဗိုလ္မွဴးကို ကူညီေပးခဲ႔တယ္လို႔ေတာ႕ စြပ္စြဲျခင္းမခံရပါဘူး။

ဒါေပမယ္႔ သူတို႔ရဲ႕ပိုင္ဆုိင္မႈပစၥည္းေတြထဲမွာ ဂ်ီဟတ္ဆိုင္ရာ ပစၥည္းေတြနဲ႔ ကေလးငယ္ေတြရဲ႕ မဖြယ္မရာဓါတ္ပံုေတြ ေတြ႔ရိွခဲ႔တယ္လို႔ အေမရိကန္ေရွ႕ေနခ်ဳပ္ ၀ီလီယံဘားလ္က ေျပာပါတယ္။

ဒီဇင္ဘာ ၆ ရက္ကျဖစ္ပြားခဲ႔တဲ႔တိုက္ခိုက္မႈမွာ သေဘၤာသားသံုးဦးေသဆံုးျပီး ရွစ္ဦးဒါဏ္ရာရရိွခဲ႔ပါတယ္။ ဒီတိုက္ခို္က္မႈအျပီးမွာေတာ႔ အေမရိကန္မွာ ေဆာ္ဒီတပ္ဖြဲ႔၀င္ေတြအတြက္ ေလ႔က်င္႔သင္တန္းေပးတာေတြကို ဆိုင္းငံ႕ထားခဲ႔ပါတယ္။

နာဗယ္ေလတပ္အေျခစိုက္စခန္းမွာျဖစ္ပြားခဲ႔တဲ႔ ေဆာ္ဒီတပ္ဖြဲ႔၀င္ရဲ႕ အစုလိုက္အျပံဳလုိက္ပစ္ခတ္မႈဟာ အၾကမ္းဖက္လုပ္ရပ္ျဖစ္တယ္လို႔ ဇန္န၀ါရီ ၁၃ ရက္ကျပဳလုပ္တဲ႔သတင္းစာရွင္းလင္းပြဲမွာ မစၥတာဘားလ္က ေျပာပါတယ္။

Ref : BBC
Photo: Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW