ရုရှားအစိုးရတစ်ဖွဲ့လုံး ရာထူးမှနှုတ်ထွက်

ရုရှားအစိုးရတစ်ဖွဲ့လုံး ရာထူးမှနှုတ်ထွက်

မော်စကို၊ ဇန်နဝါရီ-၁၆-၂၀၂၀
မျိုးဆက် (VOM)

ရုရှားနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး သမ္မတပူတင်က အဆိုပြုပြီးနောက် ရုရှားအစိုးရအဖွဲ့ရဲ့နှုတ်ထွက်မှုကို ဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒဗ်က ဇန်နဝါရီ ၁၅ ရက်မှာကြေညာလိုက်ပါတယ်။

ပူတင်ရဲ့အဆိုပြုချက်တွေဟာ ၂၀၂၄ ခုနှစ်မှာသူ့ရဲ့သမ္မတသက်တမ်းကုန်ဆုံးသွားပြီးနောက် နိုင်ငံရဲ့အာဏာကို ထပ်မံရယူလိုတဲ့သဘောဖြစ်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။

ပူတင်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ဖို့နဲ့ ဝန်ကြီးချုပ်နဲ့ အခြားအစိုးရအဖွဲ့ဝန်ကြီးတွေခန့်အပ်ရာမှာ အောက်လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ပိုမိုတိုးမြှင့်ပေးဖို့တွေ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အဆိုပြုချက်တွေမှာ သမ္မတပူတင်ဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ အကြံပေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတော်ကောင်စီရဲ့ အခန်းကဏ္ဍတွေကိုလည်း မြှင့်တင်ဖို့ပါဝင်နေပါတယ်။

ဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒဗ်ကိုတော့သူ့ရဲ့ လုပ်ငန်းတာဝန်ကျေပွန်မှုတွေအတွက် သမ္မတပူတင်က ချီးကျူးစကားဆိုခဲ့ပြီး သူ့ရဲ့နေရာမှာတော့ အကောက်ခွန်ဌာနအကြီးအကဲ ကို ဝန်ကြီးချုပ်အဖြစ် ပူတင်က ခန့်အပ်ခဲ့ပါတယ်။

Ref : NHK
Photo: Getty Images

#voiceofmyanmar #VOM

ရုရွားအစိုးရတစ္ဖြဲ႔လံုး ရာထူးမွနႈတ္ထြက္

ေမာ္စကို၊ ဇန္န၀ါရီ-၁၆-၂၀၂၀
မ်ိဳးဆက္ (VOM)

ရုရွားနုိင္ငံမွာ နိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈနဲ႔ပတ္သက္ျပီး သမၼတပူတင္က အဆိုျပဳျပီးေနာက္ ရုရွားအစိုးရအဖြဲ႔ရဲ႕နႈတ္ထြက္မႈကို ၀န္ၾကီးခ်ဳပ္ ဒီမီထရီမက္ဗီဒဗ္က ဇန္န၀ါရီ ၁၅ ရက္မွာေၾကညာလိုက္ပါတယ္။

ပူတင္ရ႕ဲအဆိုျပဳခ်က္ေတြဟာ ၂၀၂၄ ခုနွစ္မွာသူ႔ရဲ႕သမၼတသက္တမ္းကုန္ဆံုးသြားျပီးေနာက္ နုိင္ငံရဲ႕အာဏာကို ထပ္မံရယူလိုတဲ႔သေဘာျဖစ္တယ္လို႔ ေလ႔လာသူေတြကဆိုပါတယ္။

ပူတင္ရဲ႕ နုိင္ငံေတာ္အေျချပမိန္႔ခြန္းမွာ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး ျပည္လံုးကြ်တ္ဆႏၵခံယူပြဲျပဳလုပ္ဖို႔နဲ႔ ၀န္ၾကီးခ်ဳပ္နဲ႔ အျခားအစိုးရအဖြဲ႔၀န္ၾကီးေတြခန္႔အပ္ရာမွာ ေအာက္လႊတ္ေတာ္ရဲ႕ လုပ္ပိုင္ခြင္႔ကို ပိုမိုတိုးျမွင္႔ေပးဖို႔ေတြ ထည္႔သြင္းေျပာဆိုခဲ႔ပါတယ္။

အဆိုျပဳခ်က္ေတြမွာ သမၼတပူတင္ဥကၠဌအျဖစ္ေဆာင္ရြက္ေနတဲ႔ အၾကံေပးအဖြဲ႔ျဖစ္တဲ႔ နုိင္ငံေတာ္ေကာင္စီရဲ႕ အခန္းက႑ေတြကိုလည္း ျမွင္႔တင္ဖို႔ပါ၀င္ေနပါတယ္။

၀န္ၾကီးခ်ဳပ္ ဒီမီထရီမက္ဗီဒဗ္ကိုေတာ႔သူ႔ရဲ႕ လုပ္ငန္းတာ၀န္ေက်ပြန္မႈေတြအတြက္ သမၼတပူတင္က ခီ်းက်ဴးစကားဆိုခဲ႔ျပီး သူ႔ရဲ႕ေနရာမွာေတာ႔ အေကာက္ခြန္ဌာနအၾကီးအကဲ ကို ၀န္ၾကီးခ်ဳပ္အျဖစ္ ပူတင္က ခန္႔အပ္ခဲ႔ပါတယ္။

Ref : NHK
Photo: Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW