နေအိမ်မီးလောင်ရာကနေ ကလေးနှစ်ဦး မီးလောင်သေဆုံး
ဝေါ၊ ဇန်နဝါရီ ၁၆-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ နောင်ပတ္တရားကျေးရွာအရှေ့ဘက်လယ်ကွင်းမှာ ဒီကနေ့မနက်ပိုင်းက နေအိမ်တစ်လုံးမီးလောင်ရာကနေ ကလေးနှစ်ဦးမီးလောင်သေဆုံးခဲ့တယ်လို့ ဝေါမြို့မရဲစခန်းကသိရပါတယ်။ နောင်ပတ္တရားကျေးရွာအရှေ့ဘက် ကွင်းအမှတ်(၆၇၄-က) လယ်ကွင်းအတွင်းက နေအိမ်(၁)လုံးမှာ မီးလောင်မှုဖြစ်ပွားတဲ့အတွက် ဝေါမြို့နယ်ရဲမှူးနဲ့အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာမှာ ခုလိုတွေ့ရှိတာ ဖြစ်တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားတာ ဖြစ်ပါတယ်။ ‟မိဘတွေကမရှိဘူး၊ ပဲခူးမြို့ကိုဈေးဝယ်သွားကြတယ်၊ အကိုက မီးဖိုသုံးရင်းမီးလောင်သွားတာပါ၊ အကိုက ထိုင်ရက်သွားနိုင်တယ်၊ အငယ်ကောင်လေးက မထနိုင်ဘူး နှစ်ယောက်လုံးမီးထဲပါသွားတာပါ”လို့ ဝေါမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးရဲစိုးကVOMအတည်ပြုပြောပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့နေအိမ်မှာ အသက်(၅၁)နှစ်ရှိ ဦးနိုင်လင်းပိုင်တဲ့ ၃ပေ၅ပေသွပ်မိုး၊ ထရံကာ၊ ပျဉ်းခင်း နေအိမ်ကိုမီးလောင်ခဲ့တာဖြစ်ပါတယ်။ မိဘနှစ်ဦးအပြင်သွားနေချိန် အိမ်အနောက်ဖေးမီးဖိုဆောင်မီးဖိုမှာ သားအငယ်ဆုံးက ရေနွေးအိုးတည်နေရာကနေ မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး ညီအစ်ကို (၂)ဦးလုံးမှာ မီးလောင်ကျွမ်းဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။ မီးလောင်သေဆုံးတာနဲ့ပတ်သက်ပြီး ဝေါမြို့မရဲစခန်းက တရားလိုပြုလုပ်ပြီး သေဆုံးသွားတဲ့ မောင်ဖြိုးခိုင်ဟန်ကို (ပ)၁၃/၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄-(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။…
Read More
ရန်ကုန်တိုင်းအစိုးရမှာ မြေကွက်လျှောက်ထားသူ ၁၀၀၀၀ ကျော်ရှိခဲ့ပေမယ့် ဝယ်ယူခွင့်ရရှိသူ ၁၉ သာရှိ ၊သိန်းပေါင်း ၂၁၀၀၀ တန်ဖိုးရှိမြေကွက်ပါဝင်
ရန်ကုန် ဇန်နဝါရီလ ၁၆-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်တိုင်းအစိုးရမှာ မြေကွက်လျှောက်ထားသူ ၁၀၀၀၀ ကျော်ရှိခဲ့ပေမယ့် ဝယ်ယူခွင့်ရရှိသူ ၁၉ သာရှိတယ်လို့ ဒီကနေ့ညနေပိုင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မြေစီမံခန့်ခွဲမှုကော်မတီကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မြေယာလျှောက်ထားခဲ့တာက ဒဂုံဆိပ်ကမ်း ၊ဒဂုံအရှေ့ မှာ ၂ ခု၊ ရွှေပြည်သာမှာ ၂ နေရာ ၊ လိူင်သာယာမှာ ၅ နေရာ ၊ ဒဂုံတောင်မှာ ၃ နေရာ ၊ဒဂုံမြောက်မှာ ၃ နေရာ ၊ဒဂုံဆိပ်ကမ်းမှာ ၃ နေရာဖြစ်ပါတယ်။ စည်းကမ်းသတ်မှတ်ချက်နဲ့ကိုက်ညီသူ ၁၃၂ ဦးရှိခဲ့ပြီး တင်ဒါအောင်မြင်သူကတော့ ၁၉ ဦးသာရှိခဲ့တာဖြစ်ပါတယ်။ မြေကွက်ဈေးနူန်းတွေက အနိမ့်ဆုံး သိန်း ၁၀၀၀ ကျပ်ကစပြီး သိန်းပေါင်း ၂၁၀၀၀ တန်ဖိုးရှိတဲ့မြေကွက်လည်းပါဝင်တာကိုလည်း တွေ့ရပါတယ်။ ” ဒုတိယအသုတ်နဲ့ တတိယအသုတ် ရောင်းချပေးမယ့် မြေကွက်က များပါတယ်၊ ဒါကြောင့်…
Read More
အောင်သပြေကျေးရွာက ဘိလပ်မြေစီမံကိန်းကြောင့် နစ်နာသူတွေ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်
Read More
ကျောင်းကုန်းမြို့မှာ ဓါးကိုင်ရမ်းကားနေသူကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ဖမ်းဆီး
ကျောင်းကုန်း၊ ဇန်နဝါရီ ၁၆-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့မှာ မနေ့ဇန်နဝါရီ(၁၅)ရက် နေ့လယ်ပိုင်းက ဓါးကိုင်ရမ်းကားနေတဲ့တရားခံကိုသွားရောက်ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဓါးနဲ့ပြန်ခုတ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက သေနတ် ၁ ချက်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရတယ်လို့ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှုုး ရုံးကနေသိရပါတယ်။ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရတဲ့ တရားခံဟာ ကျော်မြင့်ဆိုသူဖြစ်ပြီး ယခင်ကလည်း လက်နက်ကိုင်ဆောင်တဲ့ အမှုနဲ့ ထောင်ကျဘူးတာမျိုးရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းကမှ ပြန်လည်လွတ်မြောက်ခဲ့ကာ ကျေးရွာအတွင်း ကောင်မွန်းစွာနေထိုင်ခြင်းမရှိသူတစ်ဦးလည်းဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ “သွားဖမ်းတဲ့တရားခံက အရင်ကလည်း ဒီလိုဖြစ်စဉ်ကြောင့် ထောင်ကျဘူးတယ်၊ ခုလည်း သွားဖမ်းတော့ အေးဆေးအဖမ်းမခံဘူး၊ လက်နက်ချပြီး အေးဆေးအဖမ်းခံဖို့ပြောတယ်၊ ပထမ အကြိမ်ဓါးနဲ့ခုတ်တော့ ရှောင်လိုက်ပြီး မိုးပေါ်ကို ၁ ချက်ပစ်ပြီးလက်နက်ချဖို့ ပြောတယ်၊ နောက်တစ်ခါထပ်ခုတ်တော့ ပေါင်ကိုပစ်ပြီး ဖမ်းလိုက်ရတာပါ”လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေကပြောပါတယ်။ ကျေးရွာအတွင်းဓါးကိုင်ကာ ဆဲဆိုရမ်းနေတဲ့အတွက် ကျောင်းကုန်းမြို့မစခန်းရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးချိန် အသာတကြည်အဖမ်းမခံဘဲ…
Read More
မောင်တော၊ အလယ်သံကျော်ကမ်းခြေမှာ ဝေလငါးတစ်ကောင် ကမ်းကပ်သေဆုံလျှက်တွေ့ရှိ
မောင်တော၊ ဇန်နဝါရီ ၁၆- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ကမ်းခြေအနီးမှာ မနေ့က ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းက ဝေလငါးတစ်ကောင်ကို သောင်တင်လျက်သေဆုံးနေတာကို တွေရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဝေလငါးသေသောင်တင်နေတဲ့ အလယ်သံကျော်ကမ်းခြေကို ငါးလုပ်ငန်းဦးစီးဌာနကနေ သွားရောက်စစ်ဆေးမှုတွေပြုလုပ်နေပြီး ဘာကြောင့်သေဆုံရသလဲဆိုတာ အတိအကျမသိသေးဘူးလို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ “မောင်တောမြို့နယ် အလယ်သံကျော်မှာပါ။ အဲ့ဒီငါးက အလျား ၄၅ ပေ၊ လုံးပတ်က ၃၅ ပေရှိတယ်။ မနေ့ကညနေက သောင်လာတင်နေတာတွေ့လို့သိရတာ။ ငါးလုပ်ငန်းဦးစီးက သွားနေတယ်ခင်ဗျား။ ဘာကြောင့်သေဆုံးတယ်ဆိုတာကို တိတိကျကျမသိရသေးဘူး။”လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။ ယခင်ကလည်း ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ အခုလိုမျိုး ဝေလငါးကြီးတွေ ကမ်းကပ်သေဆုံးတာ အများအပြားရှိခဲ့ပြီး အဲ့ဒီသေဆုံးခဲ့တဲ့ ငါးတွေနဲ့ပတ်သက်လို့ ဘယ်လိုဆောင်ရွက်မလဲဆိုတာကို လောလောဆယ်မှာ မသိရသေးတာဖြစ်ပါတယ်။ “အဲ့ဒီဝေလငါးကို ဘယ်လိုလုပ်မလဲ။ သူတို့ဘာလုပ်မလဲမသိဘူး။ ငါးလုပ်ငန်းဦးစီးက ဆက်လုပ်လိမ့်မယ်။ ဌာနဆိုင်ရာတွေက သွားလုပ်တာပေါ့။”…
Read More
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပထမအဆင့်သဘောတူညီချက် လက်မှတ်ထိုး
Unicode အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပထမအဆင့်သဘောတူညီချက် လက်မှတ်ထိုး ဝါရှင်တန်၊ ဇန်နဝါရီ-၁၆-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်နဲ့တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲနဲ့ပတ်သက်ပြီး ပထမအဆင့်သဘောတူညီချက်ကို ဝါရှင်တန်မှာ ဒေါ်နယ်ထရန့်နဲ့ တရုတ်ဒုတိယဝန်ကြီးချုပ် လျှူဟီတို့ နှစ်ဘက်လက်မှတ်ရေးထိုးလိုက်ပါတယ်။ သဘောတူညီချက်အရ အမေရိကန်ရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေနဲ့ အခြားပစ္စည်းတွေကို ယခုနှစ်နဲ့ လာမယ့်နှစ်မှာ ဒေါ်လာ ၂၀၀ ဘီလီယံအထိတိုးမြင့်ဝယ်ယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ ဉာဏဆိုင်ရာ မူပိုင်ခွင့်ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ငွေကြေးလဲလှယ်မှုနှုန်းကို အသုံးချတာတွေမလုပ်ဖို့ ပါဝင်လာပါတယ်။ အမေရိကန်အနေနဲ့လည်း ပြီးခဲ့တဲ့နှစ်စက်တင်ဘာမှာ ဒေါ်လာ ၁၂၀ တန်ဖိုးရှိတရုတ်သွင်းကုန်တွေအပေါ် ထပ်ဆောင်းအခွန်ကောက်ခံတာကို တစ်ဝက်လျှော့ချပေးရမှာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ တရုတ်နိုင်ငံနဲ့ ဘယ်တုန်းကမှမလုပ်ခဲ့ဖူးတဲ့ ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ဒေါ်နယ်ထရန့်ကပြောပါတယ်။ ဒါဟာ အမေရိကန်အလုပ်သမားတွေနဲ့ လယ်သမားတွေအတွက် စီးပွားရေးတရားမျှတမှု ရရှိစေမယ့်နည်းလမ်းဖြစ်တယ်လို့ သူကဆိုပါတယ်။ နှစ်နိုင်ငံအကြား ကွဲပြားခြားနာမှုများကို ကျယ်ပြန့်တဲ့ရှုထောင့်ကနေ ဖြေရှင်းသင့်ပြီး ပထမအဆင့်သဘောတူညီချက်ဟာ တရုတ်၊ အမေရိကန်နဲ့ ကမ္ဘာကြီးကောင်းကျိုးအတွက်ဖြစ်ကြောင်း…
Read More
သိမ်ကြီးဈေး ဆိုင်ခန်းငှါးရမ်းခ တိုးမြှင့်ကောက်ခံပြီး ခေတ်နဲ့ညီတဲ့စီးပွားလုပ်ငန်းတွေသာ ခွင့်ပြုတော့မယ်
သိမ်ကြီးဈေး ဆိုင်ခန်းငှါးရမ်းခ တိုးမြှင့်ကောက်ခံပြီး ခေတ်နဲ့ညီတဲ့စီးပွားလုပ်ငန်းတွေသာ ခွင့်ပြုတော့မယ် ရန်ကုန် ၊ ဇန်နဝါရီ ၁၆ -၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန် မြို့လယ်က သိမ်ကြီးဈေး ဈေးဆိုင်ခန်းငှါးရမ်းခ တိုးမြှင့်ကောက်ခံပြီး ခေတ်နဲ့ညီတဲ့စီးပွားလုပ်ငန်းတွေသာ ခွင့်ပြုသွားတော့မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောဆိုလိုက်ပါတယ်။ ကနဦးအနေနဲ့ သိမ်ကြီးဈေး (ဃ) ရုံကို ပုဂ္ဂလိကနဲ့ပူးပေါင်းပြီး Market Operator စနစ် အဆင့်မြှင့်တင်မှာဖြစ်ပါတယ်။ အဆင့်မြှင့်တင်မှုနဲ့အတူ ဆိုင်ခန်း ငှားရမ်းခတွေကို တိုးမြင့်ကောက်ခံမှာဖြစ်ပြီး နူန်းထားအတိကျကိုတော့ ပြောဆိုခြင်းမရှိပါဘူး။ လက်ရှိသိမ်ကြီးဈေး (ဃ) ရုံမှာတော့ လူသုံးကုန်ပစ္စည်းတွေအပြင် စားသောက်ဆိုင်၊ KTV တွေ ၊ ရုပ်ရှင်ရုံတွေလည်း ဖွင့်လှစ်ထားပါတယ်။ “မြို့နယ်တစ်မြို့နယ်က ဆောင်ရွက်မယ့်စာရင်းမှာ သိမ်ကြီးဈေး (ဃ)ရုံ ပမာဏရွေးချယ်ထားတယ်၊ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သူက ခေတ်မီဈေးအဖြစ် အဆင့်မြင့် တင်မှာဖြစ်တယ် ဈေးနဲ့လျော်ညီတဲ့ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မယ်၊ ခေတ်နှင့်လျော်ညီတဲ့ ဆိုင်ခန်း…
Read More
ရုရှားအစိုးရတစ်ဖွဲ့လုံး ရာထူးမှနှုတ်ထွက်
ရုရှားအစိုးရတစ်ဖွဲ့လုံး ရာထူးမှနှုတ်ထွက် မော်စကို၊ ဇန်နဝါရီ-၁၆-၂၀၂၀ မျိုးဆက် (VOM) ရုရှားနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး သမ္မတပူတင်က အဆိုပြုပြီးနောက် ရုရှားအစိုးရအဖွဲ့ရဲ့နှုတ်ထွက်မှုကို ဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒဗ်က ဇန်နဝါရီ ၁၅ ရက်မှာကြေညာလိုက်ပါတယ်။ ပူတင်ရဲ့အဆိုပြုချက်တွေဟာ ၂၀၂၄ ခုနှစ်မှာသူ့ရဲ့သမ္မတသက်တမ်းကုန်ဆုံးသွားပြီးနောက် နိုင်ငံရဲ့အာဏာကို ထပ်မံရယူလိုတဲ့သဘောဖြစ်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ပူတင်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ဖို့နဲ့ ဝန်ကြီးချုပ်နဲ့ အခြားအစိုးရအဖွဲ့ဝန်ကြီးတွေခန့်အပ်ရာမှာ အောက်လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ပိုမိုတိုးမြှင့်ပေးဖို့တွေ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အဆိုပြုချက်တွေမှာ သမ္မတပူတင်ဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ အကြံပေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတော်ကောင်စီရဲ့ အခန်းကဏ္ဍတွေကိုလည်း မြှင့်တင်ဖို့ပါဝင်နေပါတယ်။ ဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒဗ်ကိုတော့သူ့ရဲ့ လုပ်ငန်းတာဝန်ကျေပွန်မှုတွေအတွက် သမ္မတပူတင်က ချီးကျူးစကားဆိုခဲ့ပြီး သူ့ရဲ့နေရာမှာတော့ အကောက်ခွန်ဌာနအကြီးအကဲ ကို ဝန်ကြီးချုပ်အဖြစ် ပူတင်က ခန့်အပ်ခဲ့ပါတယ်။ Ref : NHK Photo: Getty Images #voiceofmyanmar #VOM ရုရှားအစိုးရတစ်ဖွဲ့လုံး ရာထူးမှနှုတ်ထွက် မော်စကို၊…
Read More
YRTA (၃)နှစ်ပြည့်တဲ့အချိန်ထိ YBS ကဒ်စနစ် မစနိုင်သေး
ရန်ကုန်၊ ဇန်နဝါရီ ၁၆ -၂၀၂၀ သိဂီ ၤ(VOM) ပြီးခဲ့တဲ့ YRTA (၂)နှစ်ပြည့်အခမ်းအနားမတိုင်ခင်ထဲက စတင်ဖို့ ဆောင်ရွက်နေတဲ့ YBS ကဒ်စနစ်ဟာ ဒီကနေ့ YRTA (၃)နှစ်ပြည့်အခမ်းအနားမှာလည်း မစတင်နိုင်သေးဘူးလို့ သိရပြီး ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့Sky Star Hotel မှာ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ရဲ့ ၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ” ပိုင်းလော့ပရောဂျက်အနေနဲ့ ကဒ်စနစ်စတင်ဖို့ စက်တွေကတော့ သတ်မှတ်အရေအတွက်တပ်ပြီးပြီ။ အစိုးရအနေနဲ့ အလုပ်လုပ်တဲ့အခါမှာ အစကောင်းမှအနှောင်းသေချာမယ်ဆိုတဲ့အတိုင်း မျက်စိတစ်ဆုံးကြည့်လုပ်ရတာဖြစ်တာကြောင့်၊ သေသေချာချာလုပ်ပြီးမှ ဒါကိုပြည်သူတွေဆီချပြမယ်။ အစိုးရအနေနဲ့ တကယ်အလုပ်လုပ်ရင် မျက်စိတဆုံးကြည့်ရတယ်၊ မျက်တောင်မွှေတဆုံးတင်ကြည့်လို့ မရပါဘူး။ နောက်ဒီကဒ်စနစ်က တစ်သက်လုံးသွားမှာဖြစ်တယ်။ မကြာခင်ထွက်ပေါ်လာမှာပါ။” လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မူလက်မူနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။ အစိုးရအနေနဲ့ အမြဲတမ်းပွင့်လင်းမြင်သာစွာ အလုပ်လုပ်နေတဲ့အတွက် ပြည်သူတွေ…
Read More
VOM News
FREE
VIEW