မောင်တော၊ အလယ်သံကျော်ကမ်းခြေမှာ ဝေလငါးတစ်ကောင် ကမ်းကပ်သေဆုံလျှက်တွေ့ရှိ

မောင်တော၊ ဇန်နဝါရီ ၁၆- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ကမ်းခြေအနီးမှာ မနေ့က ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းက ဝေလငါးတစ်ကောင်ကို သောင်တင်လျက်သေဆုံးနေတာကို တွေရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဝေလငါးသေသောင်တင်နေတဲ့ အလယ်သံကျော်ကမ်းခြေကို ငါးလုပ်ငန်းဦးစီးဌာနကနေ သွားရောက်စစ်ဆေးမှုတွေပြုလုပ်နေပြီး ဘာကြောင့်သေဆုံရသလဲဆိုတာ အတိအကျမသိသေးဘူးလို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

“မောင်တောမြို့နယ် အလယ်သံကျော်မှာပါ။ အဲ့ဒီငါးက အလျား ၄၅ ပေ၊ လုံးပတ်က ၃၅ ပေရှိတယ်။ မနေ့ကညနေက သောင်လာတင်နေတာတွေ့လို့သိရတာ။ ငါးလုပ်ငန်းဦးစီးက သွားနေတယ်ခင်ဗျား။ ဘာကြောင့်သေဆုံးတယ်ဆိုတာကို တိတိကျကျမသိရသေးဘူး။”လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

ယခင်ကလည်း ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ အခုလိုမျိုး ဝေလငါးကြီးတွေ ကမ်းကပ်သေဆုံးတာ အများအပြားရှိခဲ့ပြီး အဲ့ဒီသေဆုံးခဲ့တဲ့ ငါးတွေနဲ့ပတ်သက်လို့ ဘယ်လိုဆောင်ရွက်မလဲဆိုတာကို လောလောဆယ်မှာ မသိရသေးတာဖြစ်ပါတယ်။

“အဲ့ဒီဝေလငါးကို ဘယ်လိုလုပ်မလဲ။ သူတို့ဘာလုပ်မလဲမသိဘူး။ ငါးလုပ်ငန်းဦးစီးက ဆက်လုပ်လိမ့်မယ်။ ဌာနဆိုင်ရာတွေက သွားလုပ်တာပေါ့။” လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလိုမျိုးဝေလငါးတွေ အသက်မရှိတော့ဘဲ ပင်လယ်ကမ်းစပ်တွေမှာ သောင်တင်ပြီးတွေ့ရှိတာဟာ မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းမြောင်ဒေသနဲ့ တနင်္သာရီကမ်းမြောင်ဒေသတွေမှာ တွေ့ရှိတတ်ပြီး ရခိုင်ပြည်နယ်၊ ဘင်္ဂလားပင်လယ်အော်တစ်လျှောက် မကြာခဏတွေ့ရှိရတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မောင်တော #ဝေလငါးတစ်ကောင် #သေဆုံးလျက်တွေ့

Zawgyi

ေမာင္ေတာ၊ အလယ္သံေက်ာ္ကမ္းေျခမွာ ေဝလငါးတစ္ေကာင္ ကမ္းကပ္ေသဆံုလ်ွက္ေတြ႔႐ွိ

ေမာင္ေတာ၊ ဇန္နဝါရီ ၁၆- ၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေမာင္ေတာၿမိဳ႕နယ္၊ အလယ္သံေက်ာ္ကမ္းေျခအနီးမွာ မေန႔က ဇန္နဝါရီလ ၁၅ ရက္ေန႔ ညေနပိုင္းက ေဝလငါးတစ္ေကာင္ကို ေသာင္တင္လ်က္ေသဆံုးေနတာကို ေတြ႐ွိခဲ့တာျဖစ္ပါတယ္။

အဲ့ဒီေဝလငါးေသေသာင္တင္ေနတဲ့ အလယ္သံေက်ာ္ကမ္းေျခကို ငါးလုပ္ငန္းဦးစီးဌာနကေန သြားေရာက္စစ္ေဆးမႈေတြျပဳလုပ္ေနၿပီး ဘာေၾကာင့္ေသဆံုရသလဲဆိုတာ အတိအက်မသိေသးဘူးလို႔ ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးရံုးကေန သိရပါတယ္။

“ေမာင္ေတာၿမိဳ႕နယ္ အလယ္သံေက်ာ္မွာပါ။ အဲ့ဒီငါးက အလ်ား ၄၅ ေပ၊ လံုးပတ္က ၃၅ ေပ႐ွိတယ္။ မေန႔ကညေနက ေသာင္လာတင္ေနတာေတြ႔လို႔သိရတာ။ ငါးလုပ္ငန္းဦးစီးက သြားေနတယ္ခင္ဗ်ား။ ဘာေၾကာင့္ေသဆံုးတယ္ဆိုတာကို တိတိက်က်မသိရေသးဘူး။”လို႔ ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးေအာင္က ေျပာပါတယ္။

ယခင္ကလည္း ရခုိင္ကမ္းရိုးတန္းေဒသေတြမွာ အခုလိုမ်ိဳး ေဝလငါးႀကီးေတြ ကမ္းကပ္ေသဆံုးတာ အမ်ားအျပားရွိခဲ့ၿပီး အဲ့ဒီေသဆံုးခဲ့တဲ့ ငါးေတြနဲ႔ပတ္သက္လို႔ ဘယ္လိုေဆာင္ရြက္မလဲဆိုတာကို ေလာေလာဆယ္မွာ မသိရေသးတာျဖစ္ပါတယ္။

“အဲ့ဒီေဝလငါးကို ဘယ္လိုလုပ္မလဲ။ သူတို႔ဘာလုပ္မလဲမသိဘူး။ ငါးလုပ္ငန္းဦးစီးက ဆက္လုပ္လိမ့္မယ္။ ဌာနဆိုင္ရာေတြက သြားလုပ္တာေပါ့။” လို႔ ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အခုလိုမ်ိဳးေဝလငါးေတြ အသက္မရွိေတာ့ဘဲ ပင္လယ္ကမ္းစပ္ေတြမွာ ေသာင္တင္ၿပီးေတြ႔႐ွိတာဟာ ျမစ္ဝကြၽန္းေပၚေဒသ၊ ရခိုင္ကမ္းေျမာင္ေဒသနဲ႔ တနသၤာရီကမ္းေျမာင္ေဒသေတြမွာ ေတြ႔႐ွိတတ္ၿပီး ရခိုင္ျပည္နယ္၊ ဘဂၤလားပင္လယ္ေအာ္တစ္ေလ်ွာက္ မၾကာခဏေတြ႔႐ွိရတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေမာင္ေတာ #ေဝလငါးတစ္ေကာင္ #ေသဆံုးလ်က္ေတြ႔

Related posts

Leave a Comment

VOM News

FREE
VIEW